တာချီလိတ်မြို့နယ်တွင် နေအိမ်တစ်ခုအတွင်းမှ မူးယစ်ဆေးဝါးနှင့် ပစ္စတိုသေနတ်တို့ ဖမ်းဆီးရမိ

 557

Pearl (NP News) - ဇွန် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်တွင် နေအိမ်တစ်ခုအတွင်းမှ မူးယစ်ဆေးဝါး နှင့် ပစ္စတိုသေ နတ်(၁)လက် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်းနှင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြီးခဲ့သည့် မေလ (၃၁)ရက်၊ ည (၉)နာရီ (၄၅)မိနစ် အချိန်ခန့်တွင် တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါရပ်ကွက်ရှိ မနန်းအွေရှဲန်၏နေအိမ်အား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်ဝင်ရောက်ရှာဖွေမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ထုံချိုင်ဘွတ်ချို့ (၃၉)နှစ်၊ ကျလိန်ခွန်လတ်(၄၃)နှစ်၊ အိုက်လောက် (၂၂)နှစ် နှင့် စိုင်းရီရှဲန် (၄၁)နှစ်တို့အား တွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၆ဝဝ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၆၂ ဒသမ ၄ သိန်း)၊ အိုက်စ်(မက်သ်အဖက်တမင်း)အလေးချိန် ၆ဝဝ ဂရမ်(ဒေသကာလပေါက် ဈေး တန်ဖိုးငွေကျပ်သိန်း ၆ဝ)၊ အက်တက်စီဆေးပြား ၃၅ဝ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ်သိန်း ၁၄ဝ)၊ Frimin–5 ၇၈ဝ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၉ သိန်း)၊ Erimin–5 ၂၅ဝဝ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၅ သိန်း) နှင့် ထိန်းချုပ်ဓာတုပစ္စည်း ကဖင်းအလေးချိန် ၁ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၈ဝဝဝဝ)တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ပြင် BERETTA အမျိုးအစား ၉ မမ ပစ္စတိုသေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ မူးယစ် ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် စတီးမွှေစက် ၂ လုံးနှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

လက်ရှိတွင် ၎င်းတို့ (၄)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် ဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေနအိမ္တစ္ခုအတြင္းမွ မူးယစ္ေဆးဝါးႏွင့္ ပစၥတိုေသနတ္တို႔ ဖမ္းဆီးရမိ
Pearl (NP News) - ဇြန္ ၃

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ေနအိမ္တစ္ခုအတြင္းမွ မူးယစ္ေဆးဝါး ႏွင့္ ပစၥတိုေသ နတ္(၁)လက္ ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္းႏွင္းေရး ရဲတပ္ဖြဲ႕ထံမွ သိရသည္။

ၿပီးခဲ့သည့္ ေမလ (၃၁)ရက္၊ ည (၉)နာရီ (၄၅)မိနစ္ အခ်ိန္ခန႔္တြင္ တာခ်ီလိတ္ၿမိဳ႕၊ ဝိန္းေက်ာက္ရပ္ကြက္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါရပ္ကြက္ရွိ မနန္းေအြရွဲန္၏ေနအိမ္အား ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕သည္ဝင္ေရာက္ရွာေဖြမႈမ်ားျပဳလုပ္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ရွာေဖြရာ ၎အားမေတြ႕ရွိဘဲ ထုံခ်ိဳင္ဘြတ္ခ်ိဳ႕ (၃၉)ႏွစ္၊ က်လိန္ခြန္လတ္(၄၃)ႏွစ္၊ အိုက္ေလာက္ (၂၂)ႏွစ္ ႏွင့္ စိုင္းရီရွဲန္ (၄၁)ႏွစ္တို႔အား ေတြ႕ရွိခဲ့ေၾကာင္း သိရသည္။

၎တို႔ႏွင့္အတူ ေနအိမ္အတြင္းမွ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၁၅၆ဝဝ ျပား(ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္ ၆၂ ဒသမ ၄ သိန္း)၊ အိုက္စ္(မက္သ္အဖက္တမင္း)အေလးခ်ိန္ ၆ဝဝ ဂရမ္(ေဒသကာလေပါက္ ေဈး တန္ဖိုးေငြက်ပ္သိန္း ၆ဝ)၊ အက္တက္စီေဆးျပား ၃၅ဝ ျပား(ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္သိန္း ၁၄ဝ)၊ Frimin–5 ၇၈ဝ ျပား(ေဒသကာလေပါက္ေဈးတန္ဖိုးေငြက်ပ္ ၃၉ သိန္း)၊ Erimin–5 ၂၅ဝဝ ျပား(ေဒသကာလ ေပါက္ေဈးတန္ဖိုးေငြက်ပ္ ၁၂၅ သိန္း) ႏွင့္ ထိန္းခ်ဳပ္ဓာတုပစၥည္း ကဖင္းအေလးခ်ိန္ ၁ ကီလို(ေဒသကာလေပါက္ေဈး တန္ဖိုးေငြက်ပ္ ၈ဝဝဝဝ)တို႔အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ BERETTA အမ်ိဳးအစား ၉ မမ ပစၥတိုေသနတ္ ၁ လက္၊ ၎က်ည္အိမ္ ၁ ခု၊ မူးယစ္ ေဆးဝါးခ်က္လုပ္ရာတြင္အသုံးျပဳသည့္ စတီးေမႊစက္ ၂ လုံးႏွင့္ လက္ကိုင္ဖုန္း ၃ လုံးတို႔အား ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

လက္ရွိတြင္ ၎တို႔ (၄)ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ဥပေဒအရ အမႈဖြင့္ အေရးယူထားရွိၿပီး ကြင္းဆက္မ်ား ေဖာ္ထုတ္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.