နိုင်ဂျီးရီးယားတွင် မင်္ဂလာဆောင်မှပြန်လာသောသူများ လိုက်ပါလာသည့် လှေတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ(၁ဝဝ) ကျော် သေဆုံး

596

Pika (NP News) - ဇွန် ၁၄
နိုင်ဂျီးရီးယားနိုင်ငံ အလယ်ပိုင်းတွင် မင်္ဂလာပွဲမှပြန်လာသော မိသားစုများကိုတင်ဆောင်လာသော လှေတစ်စင်း မြစ်ထဲတွင် တိမ်းမှောက်နစ်မြုပ်ခဲ့ပြီးနောက် လူ(၁ဝဝ)ကျော် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အာဏာပိုင်များက ဇွန်လ(၁၃)ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါလှေသည် နိုင်ဂျာပြည်နယ်မှ လူများကို Kwara ပြည်နယ်သို့ ကူးတို့ပို့ပေးသည့် လှေတစ်စင်းဖြစ်ကြောင်း ဒေသဆိုင်ရာပြည်နယ်ရဲတပ်ဖွဲ့နှင့် ပြည်နယ်အုပ်ချုပ်ရေးရုံး က ပြောကြားခဲ့သည်။ သို့သော်လည်း အာဏာပိုင်များ သည် လှေတိမ်းမှောက်ရသည့်အကြောင်းအရင်းများကို အသေးစိတ်ထုတ်ဖော်ပြောကြားခြင်းမျိုး မရှိသေးကြောင်း သိရသည်။
Kwara ပြည်နယ် ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Okasanmi Ajayi က"ဒီအချိန်အထိ လူ(၁ဝ၃)ဦး သေဆုံးပြီလို့ အတည်ပြုထားပါတယ်။ ဒီမတော်တဆမှုကနေ လူပေါင်း(၁ဝဝ)ကျော် ကိုလည်း ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတဲ့အတွက် သေဆုံးသူဦးရေမှာ တိုးလာနိုင်ဖွယ်ရှိပါတယ်" ဟု ပြောဆိုခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံတွင် မြစ်အတွင်း လှေတိမ်းမှောက်မှုများသည် မကြာခဏဖြစ်ပွားလေ့ရှိပြီး ဝန်ပိုတင်ဆောင်ခြင်း၊ ပြုပြင်ထိန်းသိမ်းမှုညံ့ဖျင်းခြင်း၊ ဘေးကင်းရေးစည်းမျဉ်းများကို လျစ်လျူရှုခြင်း နှင့် ရေကြီးမှုများကြောင့် ဖြစ်ပွားလေ့ရှိခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ႏိုင္ဂ်ီးရီးယားတြင္ မဂၤလာေဆာင္မွျပန္လာေသာသူမ်ား လိုက္ပါလာသည့္ ေလွတိမ္းေမွာက္မႈေၾကာင့္ အနည္းဆုံး လူ(၁ဝဝ) ေက်ာ္ ေသဆုံး
Pika (NP News) - ဇြန္ ၁၄
ႏိုင္ဂ်ီးရီးယားႏိုင္ငံ အလယ္ပိုင္းတြင္ မဂၤလာပြဲမွျပန္လာေသာ မိသားစုမ်ားကိုတင္ေဆာင္လာေသာ ေလွတစ္စင္း ျမစ္ထဲတြင္ တိမ္းေမွာက္နစ္ျမဳပ္ခဲ့ၿပီးေနာက္ လူ(၁ဝဝ)ေက်ာ္ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ႏွင့္ ေဒသဆိုင္ရာ အာဏာပိုင္မ်ားက ဇြန္လ(၁၃)ရက္တြင္ ေျပာၾကားခဲ့သည္။
အဆိုပါေလွသည္ ႏိုင္ဂ်ာျပည္နယ္မွ လူမ်ားကို Kwara ျပည္နယ္သို႔ ကူးတို႔ပို႔ေပးသည့္ ေလွတစ္စင္းျဖစ္ေၾကာင္း ေဒသဆိုင္ရာျပည္နယ္ရဲတပ္ဖြဲ႕ႏွင့္ ျပည္နယ္အုပ္ခ်ဳပ္ေရး႐ုံး က ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း အာဏာပိုင္မ်ား သည္ ေလွတိမ္းေမွာက္ရသည့္အေၾကာင္းအရင္းမ်ားကို အေသးစိတ္ထုတ္ေဖာ္ေျပာၾကားျခင္းမ်ိဳး မရွိေသးေၾကာင္း သိရသည္။
Kwara ျပည္နယ္ ရဲတပ္ဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ Okasanmi Ajayi က"ဒီအခ်ိန္အထိ လူ(၁ဝ၃)ဦး ေသဆုံးၿပီလို႔ အတည္ျပဳထားပါတယ္။ ဒီမေတာ္တဆမႈကေန လူေပါင္း(၁ဝဝ)ေက်ာ္ ကိုလည္း ကယ္ဆယ္ႏိုင္ခဲ့ပါတယ္။ ရွာေဖြ ကယ္ဆယ္ေရးလုပ္ငန္းေတြ ဆက္လက္လုပ္ေဆာင္ေနတဲ့အတြက္ ေသဆုံးသူဦးေရမွာ တိုးလာႏိုင္ဖြယ္ရွိပါတယ္" ဟု ေျပာဆိုခဲ့သည္။
ႏိုင္ဂ်ီးရီးယားႏိုင္ငံတြင္ ျမစ္အတြင္း ေလွတိမ္းေမွာက္မႈမ်ားသည္ မၾကာခဏျဖစ္ပြားေလ့ရွိၿပီး ဝန္ပိုတင္ေဆာင္ျခင္း၊ ျပဳျပင္ထိန္းသိမ္းမႈညံ့ဖ်င္းျခင္း၊ ေဘးကင္းေရးစည္းမ်ဥ္းမ်ားကို လ်စ္လ်ဴရႈျခင္း ႏွင့္ ေရႀကီးမႈမ်ားေၾကာင့္ ျဖစ္ပြားေလ့ရွိျခင္းျဖစ္ေၾကာင္း သိရသည္။