နစက ၏ ဝင်ငွေရရှိမှုများကိုကန့်သတ်နိုင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံပိုင်ဘဏ်နှစ်ခုကို အမေရိကန်အစိုးရ ပိတ်ဆို့မှု ထပ်မံချမှတ်

 6390

ဂျန်ဇက် (NP News) - ဇွန် ၂ဝ

အမေရိကန်အစိုးရသည် မြန်မာနိုင်ငံပိုင် ဘဏ်နှစ်ခုကို ဇွန်လ ၁၉ ရက်တွင် ပိတ်ဆို့မှုထပ်မံချမှတ်လိုက်ကြောင်း၊ သံတမန်ရေးအရင်းအမြစ်တွေက ထုတ်ဖော်ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံပိုင်ဘဏ်နှစ်ခုဖြစ်သော နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံ့မှု နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) သည် ဇွန်လ ၂ဝ ရက်တွင် အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုဒဏ်ကို စတင်သက်ရောက်မည်ဖြစ်ကြောင်း၊ သံတမန်ရေး အရင်းအမြစ်များက ပြောသည်။

အမေရိကန်အစိုးရသည် နစက၏ ဝင်ငွေရရှိမှုများကိုလျော့ချကန့်သတ်နိုင်ရန် ရည်ရွယ်ပြီး မြန်မာ နိုင်ငံပိုင်ဘဏ် နှစ်ခုကို ပိတ်ဆို့မှုများ ချမှတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။ မြန်မာနိုင်ငံသည် အိမ်နီးချင်းနိုင်ငံများ၊ ပြည်ပနိုင်ငံများနှင့် ကောင်းမွန်ခိုင်မာသော ကုန်သွယ်မှုဆက်ဆံရေးရှိနေသောအရင်းမြစ်များပြားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

အမေရိကန်ဦးဆောင်သောအနောက်အုပ်စုနိုင်ငံများသည် ရေနံတင်ပို့မှု နှင့် သဘာဝဓါတ်ငွေ့မှတဆင့် နစကရရှိသော နိုင်ငံခြားငွေကြေး နှင့် ဝင်ငွေကို လျော့ချရန်ကြိုးပမ်းလျက်ရှိနေကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂ဝ၂၁ ခုနှစ်က အာဏာရယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အမေရိကန်အစိုးရသည် အခြားအနောက်အုပ်စုနိုင်ငံများနှင့်ပူးပေါင်းပြီး နစကတာဝန်ရှိသူများအပြင် မြန်မာနိုင်ငံရှိ အဖွဲ့အစည်း၊ ကုမ္ပဏီများအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှုများစွာ ချမှတ်ထားကြောင်း သိရသည်။

နစက အစိုးရတာဝန်ရှိသူများအပြင် နစကနှင့်နီးစပ်သော လူပုဂ္ဂိုလ်ပေါင်း ဒါဇင်ချီသည် အမေရိကန်အစိုးရ၏ ပစ်မှတ်ထားပိတ်ဆို့မှုများကို ချမှတ်ခံထားရပြီး နောက်ဆုံးချမှတ်ခဲ့သော ပိတ်ဆို့မှုများထဲတွင် နစကအကြီးအကဲ နှင့် နီးစပ်သူအဖြစ် သတင်းထွက်နေသော ဦးထွန်းမင်းလတ် နှင့် ဇနီးဖြစ်သူတို့အပြင် ၎င်းတို့ကုမ္ပဏီများ ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ခံခဲ့ရသည်။

အမေရိကန်အစိုးရက လေယာဉ်ဆီ ရောင်းဝယ်ရေးနှင့်ပတ်သက်ပြီး ဦးထွန်းမင်းလတ် ပိုင်ဆိုင်ခြင်း (သို့မဟုတ်) ထိန်းချုပ်ထားသောကုမ္ပဏီသုံးခုကို ပစ်မှတ်ထား ပိတ်ဆို့မှုချမှတ်ထားကြောင်း သိရသည်။ အမေရိကန်ဥပဒေများအရ ပိတ်ဆို့မှုချမှတ်ခံရသော မြန်မာနိုင်ငံပိုင်ဘဏ်နှစ်ခုသည် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ စီးပွားရေးလုပ်ငန်းများ ဆက်သွယ်ဆောင်ရွက်ခွင့် ပိတ်ပင်ခံရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
နစက ၏ ဝင္ေငြရရွိမႈမ်ားကိုကန႔္သတ္ႏိုင္ရန္ ရည္႐ြယ္ၿပီး ျမန္မာႏိုင္ငံပိုင္ဘဏ္ႏွစ္ခုကို အေမရိကန္အစိုးရ ပိတ္ဆို႔မႈ ထပ္မံခ်မွတ္
ဂ်န္ဇက္ (NP News) - ဇြန္ ၂ဝ

အေမရိကန္အစိုးရသည္ ျမန္မာႏိုင္ငံပိုင္ ဘဏ္ႏွစ္ခုကို ဇြန္လ ၁၉ ရက္တြင္ ပိတ္ဆို႔မႈထပ္မံခ်မွတ္လိုက္ေၾကာင္း၊ သံတမန္ေရးအရင္းအျမစ္ေတြက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ျမန္မာႏိုင္ငံပိုင္ဘဏ္ႏွစ္ခုျဖစ္ေသာ ႏိုင္ငံျခားကုန္သြယ္မႈဘဏ္ႏွင့္ ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံ႔မႈ ႏွင့္ ကူးသန္းေရာင္းဝယ္ေရးဘဏ္ (MICB) သည္ ဇြန္လ ၂ဝ ရက္တြင္ အေမရိကန္အစိုးရ၏ ပိတ္ဆို႔မႈဒဏ္ကို စတင္သက္ေရာက္မည္ျဖစ္ေၾကာင္း၊ သံတမန္ေရး အရင္းအျမစ္မ်ားက ေျပာသည္။

အေမရိကန္အစိုးရသည္ နစက၏ ဝင္ေငြရရွိမႈမ်ားကိုေလ်ာ့ခ်ကန႔္သတ္ႏိုင္ရန္ ရည္႐ြယ္ၿပီး ျမန္မာ ႏိုင္ငံပိုင္ဘဏ္ ႏွစ္ခုကို ပိတ္ဆို႔မႈမ်ား ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္းသိရသည္။ ျမန္မာႏိုင္ငံသည္ အိမ္နီးခ်င္းႏိုင္ငံမ်ား၊ ျပည္ပႏိုင္ငံမ်ားႏွင့္ ေကာင္းမြန္ခိုင္မာေသာ ကုန္သြယ္မႈဆက္ဆံေရးရွိေနေသာအရင္းျမစ္မ်ားျပားသည့္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေၾကာင္း ထိုင္းသတင္းတြင္ ေဖာ္ျပထားသည္။

အေမရိကန္ဦးေဆာင္ေသာအေနာက္အုပ္စုႏိုင္ငံမ်ားသည္ ေရနံတင္ပို႔မႈ ႏွင့္ သဘာဝဓါတ္ေငြ႕မွတဆင့္ နစကရရွိေသာ ႏိုင္ငံျခားေငြေၾကး ႏွင့္ ဝင္ေငြကို ေလ်ာ့ခ်ရန္ႀကိဳးပမ္းလ်က္ရွိေနေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံတြင္ ၂ဝ၂၁ ခုႏွစ္က အာဏာရယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အေမရိကန္အစိုးရသည္ အျခားအေနာက္အုပ္စုႏိုင္ငံမ်ားႏွင့္ပူးေပါင္းၿပီး နစကတာဝန္ရွိသူမ်ားအျပင္ ျမန္မာႏိုင္ငံရွိ အဖြဲ႕အစည္း၊ ကုမၸဏီမ်ားအေပၚ ပစ္မွတ္ထား ပိတ္ဆို႔မႈမ်ားစြာ ခ်မွတ္ထားေၾကာင္း သိရသည္။

နစက အစိုးရတာဝန္ရွိသူမ်ားအျပင္ နစကႏွင့္နီးစပ္ေသာ လူပုဂၢိဳလ္ေပါင္း ဒါဇင္ခ်ီသည္ အေမရိကန္အစိုးရ၏ ပစ္မွတ္ထားပိတ္ဆို႔မႈမ်ားကို ခ်မွတ္ခံထားရၿပီး ေနာက္ဆုံးခ်မွတ္ခဲ့ေသာ ပိတ္ဆို႔မႈမ်ားထဲတြင္ နစကအႀကီးအကဲ ႏွင့္ နီးစပ္သူအျဖစ္ သတင္းထြက္ေနေသာ ဦးထြန္းမင္းလတ္ ႏွင့္ ဇနီးျဖစ္သူတို႔အျပင္ ၎တို႔ကုမၸဏီမ်ား ပစ္မွတ္ထား ပိတ္ဆို႔မႈခ်မွတ္ခံခဲ့ရသည္။

အေမရိကန္အစိုးရက ေလယာဥ္ဆီ ေရာင္းဝယ္ေရးႏွင့္ပတ္သက္ၿပီး ဦးထြန္းမင္းလတ္ ပိုင္ဆိုင္ျခင္း (သို႔မဟုတ္) ထိန္းခ်ဳပ္ထားေသာကုမၸဏီသုံးခုကို ပစ္မွတ္ထား ပိတ္ဆို႔မႈခ်မွတ္ထားေၾကာင္း သိရသည္။ အေမရိကန္ဥပေဒမ်ားအရ ပိတ္ဆို႔မႈခ်မွတ္ခံရေသာ ျမန္မာႏိုင္ငံပိုင္ဘဏ္ႏွစ္ခုသည္ အေမရိကန္စီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္အတူ စီးပြားေရးလုပ္ငန္းမ်ား ဆက္သြယ္ေဆာင္႐ြက္ခြင့္ ပိတ္ပင္ခံရမည္ျဖစ္ေၾကာင္း သိရသည္။

Picture

Ven Pannajota

20/06/2023 14:45

မထိရောက် အရာမရောက်တဲ့ လုပ်ရပ်တွေပါ

Related news

© 2021. All rights reserved.