နာမည်ကျော်ကြားတဲ့ ဗျူနိုအေးရိစ်မြို့အကြောင်း

180

Pika (NP News) - ဖေဖော်ဝါရီ ၂၁
ဗျူနိုအေးရိစ်မြို့သည် အာဂျင်တီးနား နိုင်ငံ၏မြို့တော်နှင့် အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ကြွယ်ဝသောယဉ်ကျေးမှု၊ ထူးခြားသောဗိသုကာ ပညာ၊ ကော်ဖီဆိုင်ယဉ်ကျေးမှု၊ ထူးကဲသော စားသောက်ဆိုင်များ၊ ပန်းခြံများနှင့် စိမ်းလန်း သောနေရာများ၊ အလွန်ကောင်းမွန်သောဝိုင်စက်ရုံများကြောင့် နာမည်ကျော် ကြားသည်။ ဗျူနိုအေးရိစ်မြို့သည် Río de la Plata မြစ်၏ အနောက်တောင်ဘက်ခြမ်းတွင် တည်ရှိပြီး ဂလိုဘယ်လိုက်ဇေးရှင်းနှင့် World Cities Research Network (GaWC) 2024 အဆင့်သတ်မှတ်ချက်အရ Alpha အဆင့် ကမ္ဘာ့မြို့တစ်မြို့အဖြစ် သတ်မှတ်ခံထားရ ကြောင်း သိရသည်။
ဗျူနိုအေးရိစ်မြို့တွင် နေထိုင်သူ လူဦးရေ(၃ ဒသမ ၁) သန်းရှိပြီး မြို့ပြဧရိယာတွင်နေထိုင်သူ လူဦး ရေမှာ (၁၆ ဒသမ ၇)သန်းရှိကာ ကမ္ဘာပေါ်တွင် (၁၄)ခု မြောက်အကြီးဆုံး မြို့ပြဧရိယာတစ်ခု ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဗျူနိုအေးရိစ်မြို့သည် ဗျူနိုအေးရိစ်ပြည်နယ်၏ အစိတ်အပိုင်းတစ်ခုမဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်တစ်ခု ဖြစ်ကြောင်း သိရသည်။ (၁၈၈၀)ပြည့်နှစ် အာဂျင်တီးနားပြည်တွင်း စစ်အပြီးတွင် ဗျူနိုအေးရိစ်မြို့သည် ဖက်ဒရယ် စနစ်အဖြစ် ဗျူနိုအေးရိစ်ပြည်နယ်မှ ခွဲထွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် (၁၉၉၄)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်နှင့်အတူ ဗျူနိုအေးရိစ်မြို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးခဲ့ကြောင်း သိရသည်။ Greater Buenos Aires နယ် နိမိတ်တွင် ဗျူနိုအေးရိစ်မြို့ ပြည်နယ်၏ အနီးအနား ခရိုင်များတွင်တည်ရှိသော ပတ်ဝန်းကျင်မြို့ပေါင်းများစွာပါဝင်ပြီး အမေရိကတိုက်တွင် စတုတ္တမြောက် လူဦးရေ အထူထပ်ဆုံး မြို့ပြဧရိယာတစ်ခုဖြစ်ကြောင်းလည်းသိရသည်။
ထို့ပြင် ဗျူနိုအေးရိစ်မြို့သည် Tropic of Capricorn ၏ တောင်ဘက်ခြမ်းတွင် ဒုတိယမြောက် အကြီးဆုံးမြို့ တစ်မြို့လည်းဖြစ်သည်။ ဗျူနိုအေးရိစ်မြို့သည် အာဂျင်တီးနားနိုင်ငံတွင်းတွင် လူသားဖွံ့ဖြိုး တိုးတက်မှုအမြင့်မား ဆုံးဖြစ်ပြီး ၎င်း၏လူနေမှုဘဝအရည်အသွေးသည် (၂၀၁၈)ခုနှစ်တွင် ကမ္ဘာ့အဆင့်(၉၁)ဖြစ်ခဲ့ပြီး လက်တင် အမေရိကတွင် အကောင်းဆုံးမြို့များထဲမှ တစ်မြို့ဖြစ်ခဲ့ကြောင်းသိရသည်။ ဗျူနိုအေးရိစ်မြို့သည် လက်ရှိအချိန် အထိ ထိန်းသိမ်းထားသော ဥရောပဗိသုကာ လက်ရာများနှင့် ကြွယ်ဝ သောယဉ်ကျေးမှုများကြောင့် နာမည်ကျော် ကြားသည့် မြို့တစ်မြို့လည်းဖြစ်သည်။ ထို့ပြင် ဗျူနိုအေးရိစ် မြို့ သည် ယဉ်ကျေးမှုပေါင်းစုံမှ တိုင်းရင်းသားများနှင့် ဘာသာရေးအဖွဲ့များနေထိုင်ရာ မြို့တစ်မြို့ဖြစ် ကြောင်းလည်းသိရသည်။ (၁၉)ရာစုကတည်းက ဗျူနိုအေးရိစ်မြို့ သည် ကမ္ဘာတစ်ဝန်းမှသန်း နှင့်ချီသော ရွှေ့ပြောင်းအခြေချသူများ၏ အဓိကနေထိုင်ရာမြို့တစ်မြို့ဖြစ်ခဲ့သော ကြောင့် လူမျိုးစုများစွာ အတူတကွ နေထိုင်သည့် မြို့တစ်မြို့ဖြစ်ခဲ့ကြောင်းလည်း သိရသည်။ ထို့ကြောင့် ဗျူနိုအေးရိစ်မြို့သည် အမေရိကတိုက်၏ အကွဲပြားဆုံးမြို့များထဲမှ တစ်မြို့အဖြစ် သတ်မှတ်ခံထားရခြင်းဖြစ် ကြောင်း သိရသည်။
ဗျူနိုအေးရိစ်မြို့သည် အာဂျင်တီးနား နိုင်ငံ၏ ဘဏ္ဍာရေး၊ စက်မှု နှင့် စီးပွားရေးအချက်အချာ နေရာတစ်ခုလည်း ဖြစ်သည်။ ဗျူနိုအေးရိစ်မြို့ သည် စုစုပေါင်းပထဝီဝင် ထုတ်ကုန်တိုင်းတာချက်များ အရ (၂၀၂၀)ပြည့်နှစ်တွင် စုစုပေါင်းအမေရိကန်ဒေါ် လာ (၁၀၂ ဒသမ ၇)ဘီလျံရှိခဲ့ပြီး အာဂျင်တီးနားနိုင်ငံ တစ်နိုင်ငံလုံး၏ လေးပုံပုံတစ်ပုံ ပမာဏနီးပါးရှိခဲ့ကြောင်းလည်းသိရသည်။ လေ့လာချက်တစ်ခုအရ ဗျူနိုအေးရိစ်မြို့ပြဧရိယာသည် (၂၀ဝ၅) ခုနှစ်တွင် ကမ္ဘာ့မြို့ ကြီးများကြားတွင် (၁၃)ခုမြောက် အကြီးဆုံး စီးပွားရေးမြို့တော်ဖြစ်ခဲ့ကြောင်းလည်း သိရသည်။ ဗျူနိုအေးရိစ်မြို့၏ ဝန်ဆောင်မှုကဏ္ဍသည် နိုင်ငံတကာစံနှုန်းများဖြင့်ကွဲပြားပြီး ဖွံ့ဖြိုးတိုးတက်ကာ ၎င်း၏ စီးပွားရေး၏ (၇၆)ရာခိုင်နှုန်းခန့် ရှိကြောင်းသိရသည်။ အထူးသဖြင့်ကြော်ငြာကဏ္ဍသည် ပြည်တွင်းနှင့် ပြည်ပ ဝန်ဆောင်မှုများတင်ပို့ရာတွင် အရေးပါ သောအခန်းကဏ္ဍမှပါဝင်ပြီး ဘဏ္ဍာရေးနှင့်အိမ်ခြံမြေဝန်ဆောင်မှုကဏ္ဍ သည် အကြီးဆုံးဖြစ်ကာ ဗျူနို အေးရိစ်မြို့စီးပွားရေး၏(၃၁)ရာခိုင်နှုန်းကို ပံ့ပိုးပေးကြောင်းသိရသည်။
ထို့ပြင် ထုတ်လုပ်မှုလုပ်ငန်းသည် ဗျူနို အေးရိစ်မြို့စီးပွားရေး၏ (၁၆)ရာခိုင်နှုန်းခန့်ရှိပြီး မြို့၏ တောင်ပိုင်း တွင် အဓိကအားဖြင့် အခြေစိုက်ကြကြောင်းသိရသည်။ ဗျူနိုအေးရိစ်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းများသည် သမိုင်းကြောင်းအရ အမျိုးသားစီးပွားရေး၏ အတိကျဆုံးညွှန်ကိန်းများထဲမှတစ်ခုဖြစ်ခဲ့ပြီး (၂၀ဝ၆) ခုနှစ်မှစတင်ကာ စတုရန်းမီတာ (၃)သန်း ဝန်းကျင်ဆောက်လုပ်ရေးကို နှစ်စဉ်ခွင့်ပြု ပေးခဲ့ကြောင်း သိရသည်။ ထို့ပြင် အသား၊ နို့ထွက်ပစ္စည်း၊ ကောက်နှံ၊ ဆေးရွက်ကြီး၊ သိုးမွေးနှင့် သားရေ ပစ္စည်းများကို ဗျူနိုအေးရိစ်မြို့ပြဧရိယာတွင် စီမံ ဆောင်ရွက်သည် (သို့မဟုတ်) ထုတ်လုပ်ကြောင်း သိရသည်။ အခြားထိပ်တန်းစက်မှုလုပ်ငန်းများမှာ မော်တော်ယာဉ်ထုတ်လုပ်ခြင်း၊ ရေနံချက်လုပ်ခြင်း၊ သတ္တုလုပ်ငန်း၊ စက်တည်ဆောက်ခြင်း၊ အထည်အလိပ်၊ ဓာတု ပစ္စည်း၊ အဝတ်အထည်နှင့် အဖျော်ယမကာများ ထုတ်လုပ်ခြင်းတို့ဖြစ်သည်။
ကမ္ဘာ့ခရီးသွားလာရေးနှင့် ခရီးသွားလာရေးကောင်စီ၏အဆိုအရ ဗျူနိုအေးရိစ်မြို့တွင် ခရီးသွား လုပ်ငန်း သည် (၂၀ဝ၂)ခုနှစ်မှစတင်ကာ တိုးပွားလာခဲ့ကြောင်းသိရသည်။ ခရီးသွားနှင့် ခရီးသွားထုတ် ဝေမှု Travel + Leisure မဂ္ဂဇင်း၏ စစ်တမ်းတစ်ခုအရ (၂၀ဝ၈) ခုနှစ်တွင် ခရီးသွားဧည့်သည်များသည် အီတလီနိုင်ငံ ဖလောရင့်စ်မြို့ပြီးလျှင် ဘူရီနိုအေးရိစ်မြို့ကို ဒုတိယမြောက်သွားရောက်လည်ပတ်ရန် အသင့်တော်ဆုံးမြို့အဖြစ် မဲပေးခဲ့ကြကြောင်းသိရသည်။ ထို့ပြင် (၂၀ဝ၈)ခုနှစ်တွင် ခန့်မှန်းခြေခရီးသွား (၂ ဒသမ ၅) သန်းခန့်သည် ဗျူနိုအေးရိစ်မြို့ကို လာရောက်လည်ပတ်ခဲ့ကြကြောင်းသိရသည်။ ဗျူနိုအေးရိစ်မြို့သည် ဘားများ၊ အကဘားများ နှင့် ညသန်းခေါင်ယံတွင်ဖွင့်ထားသည့် နိုက်ကလပ်များနှင့်အတူ အလွန်တက်ကြွပြီး ကွဲပြားသော ညဘက် ဘဝများ ရှိသည့် နိုင်ငံတကာအချက်အချာနေရာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
ဗျူနိုအေးရိစ်မြို့သည် လိင်တူချစ်သူများ အဆင်ပြေသည့်နေရာအချို့နှင့် (၂၀၁၀) ပြည့်နှစ် ဇူလိုင်လ (၁၅)ရက်တွင် လိင်တူလက်ထပ်ထိမ်းမြားမှုကို တရားဝင်ခွင့်ပြုပေးမှုကြောင့် LGBT ခရီးသွားလုပ်ငန်းကို လက်ခံရရှိသည့် မြို့တစ်မြို့ဖြစ်လာခဲ့ပြီး ၎င်းသည် လက်တင်အမေရိကတွင် ပထမဆုံးနိုင်ငံ၊ အမေရိကတွင် ဒုတိယနှင့် ကမ္ဘာပေါ်တွင် ဆယ်ခုမြောက်မြို့တစ်မြို့ဖြစ်လာခဲ့ကြောင်း သိရသည်။ ထို့ပြင်(၂၀၁၂)ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့သော ဗျူနိုအေးရိစ်မြို့၏ Gender Identity Law သည် အာဂျင်တီးနားနိုင်ငံကို ဟော်မုန်းကုထုံး၊ ခွဲစိတ်မှု (သို့မဟုတ်) စိတ်ရောဂါရှာဖွေခြင်းကဲ့သို့သော အတားအဆီးများမကြုံတွေ့ရဘဲ လူများကို ၎င်းတို့၏ ကျား၊ မ လက္ခဏာများကို ပြောင်းလဲခွင့်ပြုသည့် တစ်ခုတည်းသောနိုင်ငံ ဖြစ်လာစေခဲ့ကြောင်းလည်းသိရသည်။
(၂၀၁၅)ခုနှစ်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) က အာဂျင်တီးနားနိုင်ငံကို လိင်ပြောင်းခွင့် များ ပေးအပ်ခြင်းအတွက် စံနမူနာပြနိုင်ငံအဖြစ် ဖော်ပြပြောဆိုခဲ့သည်။ အဆိုပါဥပဒေများ တိုးတက်လာ နေသော်လည်း လိင်တူချစ်သူများသည် ဗျူနိုအေးရိစ်မြို့နှင့် နိုင်ငံအတွင်း ပြင်းထန်စွာပြိုင်ဆိုင်နေသော လူမှုရေးပြဿနာတစ်ခု အဖြစ် ဆက်လက်တည်ရှိလျက်ရှိကြောင်း သိရသည်။ ဗျူနိုအေးရိစ်မြို့တွင် ဇိမ်ခံ ကြယ်ငါးပွင့်ဟိုတယ်များမှ ဆင်ခြေဖုံးရပ်ကွက်များတွင်ရှိသော ဈေးသက်သာသောဟိုတယ်များအထိ ဇိမ်ခံဟိုတယ် အမျိုးအစားအမျိုးမျိုး ရှိသည်။ ထို့ပြင် ဗျူနိုအေးရိစ်မြို့၏ သယ်ယူပို့ဆောင်ရေးစနစ်သည် မြို့တွင်းသို့ လွယ် ကူပြီးဈေးသက်သာစွာဖြင့် ဝင်ရောက်နိုင်စေကြောင်း သိရသည်။ (၂၀ဝ၈)ခုနှစ် ဖေဖော်ဝါရီလအထိ ကြယ်ငါးပွင့် ဟိုတယ်(၂၃)လုံး ၊ ကြယ်လေးပွင့် ဟိုတယ် (၆၁)လုံး ၊ ကြယ်သုံးပွင့် ဟိုတယ်(၅၉)လုံးနှင့် ကြယ်(၂)ပွင့် သို့မဟုတ် ကြယ် တစ်ပွင့်ဟို တယ် (၈၇)လုံးအပြင် သေးငယ်သော ဟိုတယ်(၂၅) လုံးနှင့် အခြားဟိုတယ်(၃၉)လုံး၊ တည်းခိုခန်း (၂၉၈)ခု၊ အိပ်ရာနှင့် နံနက်စာပါရှိ သည့်နေရာ များ၊ အားလပ်ရက်အငှားနေရာများနှင့် အခြားဟိုတယ် မဟုတ်သော အဆောက်အအုံများကို ဗျူနိုအေး ရိစ်မြို့တွင် မှတ်ပုံတင်ခဲ့ကြောင်းသိရသည်။ ဗျူနိုအေးရိစ်မြို့တွင် ခရီးသွားလုပ်ငန်းအတွက် အခန်းပေါင်း (၂၇၀ဝဝ) နီးပါးရှိပြီး အခန်း(၁၂၀ဝဝ)ခန့်သည် ကြယ်လေးပွင့်၊ ကြယ်ငါးပွင့် သို့မဟုတ် သေးငယ်သော ဟိုတယ်များက ပိုင်ဆိုင်ကြောင်း သိရသည်။ ထို့ပြင် ဟိုတယ်အများစုသည် မြို့လယ် ကောင်တွင် တည်ရှိပြီး အဓိကခရီးသွားဆွဲဆောင်မှုနေရာများနှင့် နီးကပ်စွာတည်ရှိကြောင်းလည်း သိရသည်။

Zawgyi Version:
နာမည္ေက်ာ္ၾကားတဲ့ ဗ်ဴႏိုေအးရိစ္ၿမိဳ႕အေၾကာင္း
Pika (NP News) - ေဖေဖာ္ဝါရီ ၂၁
ဗ်ဴႏိုေအးရိစ္ၿမိဳ႕သည္ အာဂ်င္တီးနား ႏိုင္ငံ၏ၿမိဳ႕ေတာ္ႏွင့္ အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ႂကြယ္ဝေသာယဥ္ေက်းမႈ၊ ထူးျခားေသာဗိသုကာ ပညာ၊ ေကာ္ဖီဆိုင္ယဥ္ေက်းမႈ၊ ထူးကဲေသာ စားေသာက္ဆိုင္မ်ား၊ ပန္းၿခံမ်ားႏွင့္ စိမ္းလန္း ေသာေနရာမ်ား၊ အလြန္ေကာင္းမြန္ေသာဝိုင္စက္႐ုံမ်ားေၾကာင့္ နာမည္ေက်ာ္ ၾကားသည္။ ဗ်ဴႏိုေအးရိစ္ၿမိဳ႕သည္ Río de la Plata ျမစ္၏ အေနာက္ေတာင္ဘက္ျခမ္းတြင္ တည္ရွိၿပီး ဂလိုဘယ္လိုက္ေဇးရွင္းႏွင့္ World Cities Research Network (GaWC) 2024 အဆင့္သတ္မွတ္ခ်က္အရ Alpha အဆင့္ ကမာၻ႔ၿမိဳ႕တစ္ၿမိဳ႕အျဖစ္ သတ္မွတ္ခံထားရ ေၾကာင္း သိရသည္။
ဗ်ဴႏိုေအးရိစ္ၿမိဳ႕တြင္ ေနထိုင္သူ လူဦးေရ(၃ ဒသမ ၁) သန္းရွိၿပီး ၿမိဳ႕ျပဧရိယာတြင္ေနထိုင္သူ လူဦး ေရမွာ (၁၆ ဒသမ ၇)သန္းရွိကာ ကမာၻေပၚတြင္ (၁၄)ခု ေျမာက္အႀကီးဆုံး ၿမိဳ႕ျပဧရိယာတစ္ခု ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ ဗ်ဴႏိုေအးရိစ္ၿမိဳ႕သည္ ဗ်ဴႏိုေအးရိစ္ျပည္နယ္၏ အစိတ္အပိုင္းတစ္ခုမဟုတ္ဘဲ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ခ႐ိုင္တစ္ခု ျဖစ္ေၾကာင္း သိရသည္။ (၁၈၈၀)ျပည့္ႏွစ္ အာဂ်င္တီးနားျပည္တြင္း စစ္အၿပီးတြင္ ဗ်ဴႏိုေအးရိစ္ၿမိဳ႕သည္ ဖက္ဒရယ္ စနစ္အျဖစ္ ဗ်ဴႏိုေအးရိစ္ျပည္နယ္မွ ခြဲထြက္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ (၁၉၉၄)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ခ်က္ႏွင့္အတူ ဗ်ဴႏိုေအးရိစ္ၿမိဳ႕ကို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ေပးခဲ့ေၾကာင္း သိရသည္။ Greater Buenos Aires နယ္ နိမိတ္တြင္ ဗ်ဴႏိုေအးရိစ္ၿမိဳ႕ ျပည္နယ္၏ အနီးအနား ခ႐ိုင္မ်ားတြင္တည္ရွိေသာ ပတ္ဝန္းက်င္ၿမိဳ႕ေပါင္းမ်ားစြာပါဝင္ၿပီး အေမရိကတိုက္တြင္ စတုတၱေျမာက္ လူဦးေရ အထူထပ္ဆုံး ၿမိဳ႕ျပဧရိယာတစ္ခုျဖစ္ေၾကာင္းလည္းသိရသည္။
ထို႔ျပင္ ဗ်ဴႏိုေအးရိစ္ၿမိဳ႕သည္ Tropic of Capricorn ၏ ေတာင္ဘက္ျခမ္းတြင္ ဒုတိယေျမာက္ အႀကီးဆုံးၿမိဳ႕ တစ္ၿမိဳ႕လည္းျဖစ္သည္။ ဗ်ဴႏိုေအးရိစ္ၿမိဳ႕သည္ အာဂ်င္တီးနားႏိုင္ငံတြင္းတြင္ လူသားဖြံ႕ၿဖိဳး တိုးတက္မႈအျမင့္မား ဆုံးျဖစ္ၿပီး ၎၏လူေနမႈဘဝအရည္အေသြးသည္ (၂၀၁၈)ခုႏွစ္တြင္ ကမာၻ႔အဆင့္(၉၁)ျဖစ္ခဲ့ၿပီး လက္တင္ အေမရိကတြင္ အေကာင္းဆုံးၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕ျဖစ္ခဲ့ေၾကာင္းသိရသည္။ ဗ်ဴႏိုေအးရိစ္ၿမိဳ႕သည္ လက္ရွိအခ်ိန္ အထိ ထိန္းသိမ္းထားေသာ ဥေရာပဗိသုကာ လက္ရာမ်ားႏွင့္ ႂကြယ္ဝ ေသာယဥ္ေက်းမႈမ်ားေၾကာင့္ နာမည္ေက်ာ္ ၾကားသည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ ထို႔ျပင္ ဗ်ဴႏိုေအးရိစ္ ၿမိဳ႕ သည္ ယဥ္ေက်းမႈေပါင္းစုံမွ တိုင္းရင္းသားမ်ားႏွင့္ ဘာသာေရးအဖြဲ႕မ်ားေနထိုင္ရာ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ ေၾကာင္းလည္းသိရသည္။ (၁၉)ရာစုကတည္းက ဗ်ဴႏိုေအးရိစ္ၿမိဳ႕ သည္ ကမာၻတစ္ဝန္းမွသန္း ႏွင့္ခ်ီေသာ ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ား၏ အဓိကေနထိုင္ရာၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ေသာ ေၾကာင့္ လူမ်ိဳးစုမ်ားစြာ အတူတကြ ေနထိုင္သည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္ခဲ့ေၾကာင္းလည္း သိရသည္။ ထို႔ေၾကာင့္ ဗ်ဴႏိုေအးရိစ္ၿမိဳ႕သည္ အေမရိကတိုက္၏ အကြဲျပားဆုံးၿမိဳ႕မ်ားထဲမွ တစ္ၿမိဳ႕အျဖစ္ သတ္မွတ္ခံထားရျခင္းျဖစ္ ေၾကာင္း သိရသည္။
ဗ်ဴႏိုေအးရိစ္ၿမိဳ႕သည္ အာဂ်င္တီးနား ႏိုင္ငံ၏ ဘ႑ာေရး၊ စက္မႈ ႏွင့္ စီးပြားေရးအခ်က္အခ်ာ ေနရာတစ္ခုလည္း ျဖစ္သည္။ ဗ်ဴႏိုေအးရိစ္ၿမိဳ႕ သည္ စုစုေပါင္းပထဝီဝင္ ထုတ္ကုန္တိုင္းတာခ်က္မ်ား အရ (၂၀၂၀)ျပည့္ႏွစ္တြင္ စုစုေပါင္းအေမရိကန္ေဒၚ လာ (၁၀၂ ဒသမ ၇)ဘီလ်ံရွိခဲ့ၿပီး အာဂ်င္တီးနားႏိုင္ငံ တစ္ႏိုင္ငံလုံး၏ ေလးပုံပုံတစ္ပုံ ပမာဏနီးပါးရွိခဲ့ေၾကာင္းလည္းသိရသည္။ ေလ့လာခ်က္တစ္ခုအရ ဗ်ဴႏိုေအးရိစ္ၿမိဳ႕ျပဧရိယာသည္ (၂၀ဝ၅) ခုႏွစ္တြင္ ကမာၻ႔ၿမိဳ႕ ႀကီးမ်ားၾကားတြင္ (၁၃)ခုေျမာက္ အႀကီးဆုံး စီးပြားေရးၿမိဳ႕ေတာ္ျဖစ္ခဲ့ေၾကာင္းလည္း သိရသည္။ ဗ်ဴႏိုေအးရိစ္ၿမိဳ႕၏ ဝန္ေဆာင္မႈက႑သည္ ႏိုင္ငံတကာစံႏႈန္းမ်ားျဖင့္ကြဲျပားၿပီး ဖြံ႕ၿဖိဳးတိုးတက္ကာ ၎၏ စီးပြားေရး၏ (၇၆)ရာခိုင္ႏႈန္းခန႔္ ရွိေၾကာင္းသိရသည္။ အထူးသျဖင့္ေၾကာ္ျငာက႑သည္ ျပည္တြင္းႏွင့္ ျပည္ပ ဝန္ေဆာင္မႈမ်ားတင္ပို႔ရာတြင္ အေရးပါ ေသာအခန္းက႑မွပါဝင္ၿပီး ဘ႑ာေရးႏွင့္အိမ္ၿခံေျမဝန္ေဆာင္မႈက႑ သည္ အႀကီးဆုံးျဖစ္ကာ ဗ်ဴႏို ေအးရိစ္ၿမိဳ႕စီးပြားေရး၏(၃၁)ရာခိုင္ႏႈန္းကို ပံ့ပိုးေပးေၾကာင္းသိရသည္။
ထို႔ျပင္ ထုတ္လုပ္မႈလုပ္ငန္းသည္ ဗ်ဴႏို ေအးရိစ္ၿမိဳ႕စီးပြားေရး၏ (၁၆)ရာခိုင္ႏႈန္းခန႔္ရွိၿပီး ၿမိဳ႕၏ ေတာင္ပိုင္း တြင္ အဓိကအားျဖင့္ အေျခစိုက္ၾကေၾကာင္းသိရသည္။ ဗ်ဴႏိုေအးရိစ္ၿမိဳ႕ရွိ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားသည္ သမိုင္းေၾကာင္းအရ အမ်ိဳးသားစီးပြားေရး၏ အတိက်ဆုံးၫႊန္ကိန္းမ်ားထဲမွတစ္ခုျဖစ္ခဲ့ၿပီး (၂၀ဝ၆) ခုႏွစ္မွစတင္ကာ စတုရန္းမီတာ (၃)သန္း ဝန္းက်င္ေဆာက္လုပ္ေရးကို ႏွစ္စဥ္ခြင့္ျပဳ ေပးခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ အသား၊ ႏို႔ထြက္ပစၥည္း၊ ေကာက္ႏွံ၊ ေဆး႐ြက္ႀကီး၊ သိုးေမြးႏွင့္ သားေရ ပစၥည္းမ်ားကို ဗ်ဴႏိုေအးရိစ္ၿမိဳ႕ျပဧရိယာတြင္ စီမံ ေဆာင္႐ြက္သည္ (သို႔မဟုတ္) ထုတ္လုပ္ေၾကာင္း သိရသည္။ အျခားထိပ္တန္းစက္မႈလုပ္ငန္းမ်ားမွာ ေမာ္ေတာ္ယာဥ္ထုတ္လုပ္ျခင္း၊ ေရနံခ်က္လုပ္ျခင္း၊ သတၱဳလုပ္ငန္း၊ စက္တည္ေဆာက္ျခင္း၊ အထည္အလိပ္၊ ဓာတု ပစၥည္း၊ အဝတ္အထည္ႏွင့္ အေဖ်ာ္ယမကာမ်ား ထုတ္လုပ္ျခင္းတို႔ျဖစ္သည္။
ကမာၻ႔ခရီးသြားလာေရးႏွင့္ ခရီးသြားလာေရးေကာင္စီ၏အဆိုအရ ဗ်ဴႏိုေအးရိစ္ၿမိဳ႕တြင္ ခရီးသြား လုပ္ငန္း သည္ (၂၀ဝ၂)ခုႏွစ္မွစတင္ကာ တိုးပြားလာခဲ့ေၾကာင္းသိရသည္။ ခရီးသြားႏွင့္ ခရီးသြားထုတ္ ေဝမႈ Travel + Leisure မဂၢဇင္း၏ စစ္တမ္းတစ္ခုအရ (၂၀ဝ၈) ခုႏွစ္တြင္ ခရီးသြားဧည့္သည္မ်ားသည္ အီတလီႏိုင္ငံ ဖေလာရင့္စ္ၿမိဳ႕ၿပီးလွ်င္ ဘူရီႏိုေအးရိစ္ၿမိဳ႕ကို ဒုတိယေျမာက္သြားေရာက္လည္ပတ္ရန္ အသင့္ေတာ္ဆုံးၿမိဳ႕အျဖစ္ မဲေပးခဲ့ၾကေၾကာင္းသိရသည္။ ထို႔ျပင္ (၂၀ဝ၈)ခုႏွစ္တြင္ ခန႔္မွန္းေျခခရီးသြား (၂ ဒသမ ၅) သန္းခန႔္သည္ ဗ်ဴႏိုေအးရိစ္ၿမိဳ႕ကို လာေရာက္လည္ပတ္ခဲ့ၾကေၾကာင္းသိရသည္။ ဗ်ဴႏိုေအးရိစ္ၿမိဳ႕သည္ ဘားမ်ား၊ အကဘားမ်ား ႏွင့္ ညသန္းေခါင္ယံတြင္ဖြင့္ထားသည့္ ႏိုက္ကလပ္မ်ားႏွင့္အတူ အလြန္တက္ႂကြၿပီး ကြဲျပားေသာ ညဘက္ ဘဝမ်ား ရွိသည့္ ႏိုင္ငံတကာအခ်က္အခ်ာေနရာတစ္ခုျဖစ္ေၾကာင္းလည္း သိရသည္။
ဗ်ဴႏိုေအးရိစ္ၿမိဳ႕သည္ လိင္တူခ်စ္သူမ်ား အဆင္ေျပသည့္ေနရာအခ်ိဳ႕ႏွင့္ (၂၀၁၀) ျပည့္ႏွစ္ ဇူလိုင္လ (၁၅)ရက္တြင္ လိင္တူလက္ထပ္ထိမ္းျမားမႈကို တရားဝင္ခြင့္ျပဳေပးမႈေၾကာင့္ LGBT ခရီးသြားလုပ္ငန္းကို လက္ခံရရွိသည့္ ၿမိဳ႕တစ္ၿမိဳ႕ျဖစ္လာခဲ့ၿပီး ၎သည္ လက္တင္အေမရိကတြင္ ပထမဆုံးႏိုင္ငံ၊ အေမရိကတြင္ ဒုတိယႏွင့္ ကမာၻေပၚတြင္ ဆယ္ခုေျမာက္ၿမိဳ႕တစ္ၿမိဳ႕ျဖစ္လာခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္(၂၀၁၂)ခုႏွစ္တြင္ အတည္ျပဳ ျပ႒ာန္းခဲ့ေသာ ဗ်ဴႏိုေအးရိစ္ၿမိဳ႕၏ Gender Identity Law သည္ အာဂ်င္တီးနားႏိုင္ငံကို ေဟာ္မုန္းကုထုံး၊ ခြဲစိတ္မႈ (သို႔မဟုတ္) စိတ္ေရာဂါရွာေဖြျခင္းကဲ့သို႔ေသာ အတားအဆီးမ်ားမႀကဳံေတြ႕ရဘဲ လူမ်ားကို ၎တို႔၏ က်ား၊ မ လကၡဏာမ်ားကို ေျပာင္းလဲခြင့္ျပဳသည့္ တစ္ခုတည္းေသာႏိုင္ငံ ျဖစ္လာေစခဲ့ေၾကာင္းလည္းသိရသည္။
(၂၀၁၅)ခုႏွစ္တြင္ ကမာၻ႔က်န္းမာေရး အဖြဲ႕(WHO) က အာဂ်င္တီးနားႏိုင္ငံကို လိင္ေျပာင္းခြင့္ မ်ား ေပးအပ္ျခင္းအတြက္ စံနမူနာျပႏိုင္ငံအျဖစ္ ေဖာ္ျပေျပာဆိုခဲ့သည္။ အဆိုပါဥပေဒမ်ား တိုးတက္လာ ေနေသာ္လည္း လိင္တူခ်စ္သူမ်ားသည္ ဗ်ဴႏိုေအးရိစ္ၿမိဳ႕ႏွင့္ ႏိုင္ငံအတြင္း ျပင္းထန္စြာၿပိဳင္ဆိုင္ေနေသာ လူမႈေရးျပႆနာတစ္ခု အျဖစ္ ဆက္လက္တည္ရွိလ်က္ရွိေၾကာင္း သိရသည္။ ဗ်ဴႏိုေအးရိစ္ၿမိဳ႕တြင္ ဇိမ္ခံ ၾကယ္ငါးပြင့္ဟိုတယ္မ်ားမွ ဆင္ေျခဖုံးရပ္ကြက္မ်ားတြင္ရွိေသာ ေဈးသက္သာေသာဟိုတယ္မ်ားအထိ ဇိမ္ခံဟိုတယ္ အမ်ိဳးအစားအမ်ိဳးမ်ိဳး ရွိသည္။ ထို႔ျပင္ ဗ်ဴႏိုေအးရိစ္ၿမိဳ႕၏ သယ္ယူပို႔ေဆာင္ေရးစနစ္သည္ ၿမိဳ႕တြင္းသို႔ လြယ္ ကူၿပီးေဈးသက္သာစြာျဖင့္ ဝင္ေရာက္ႏိုင္ေစေၾကာင္း သိရသည္။ (၂၀ဝ၈)ခုႏွစ္ ေဖေဖာ္ဝါရီလအထိ ၾကယ္ငါးပြင့္ ဟိုတယ္(၂၃)လုံး ၊ ၾကယ္ေလးပြင့္ ဟိုတယ္ (၆၁)လုံး ၊ ၾကယ္သုံးပြင့္ ဟိုတယ္(၅၉)လုံးႏွင့္ ၾကယ္(၂)ပြင့္ သို႔မဟုတ္ ၾကယ္ တစ္ပြင့္ဟို တယ္ (၈၇)လုံးအျပင္ ေသးငယ္ေသာ ဟိုတယ္(၂၅) လုံးႏွင့္ အျခားဟိုတယ္(၃၉)လုံး၊ တည္းခိုခန္း (၂၉၈)ခု၊ အိပ္ရာႏွင့္ နံနက္စာပါရွိ သည့္ေနရာ မ်ား၊ အားလပ္ရက္အငွားေနရာမ်ားႏွင့္ အျခားဟိုတယ္ မဟုတ္ေသာ အေဆာက္အအုံမ်ားကို ဗ်ဴႏိုေအး ရိစ္ၿမိဳ႕တြင္ မွတ္ပုံတင္ခဲ့ေၾကာင္းသိရသည္။ ဗ်ဴႏိုေအးရိစ္ၿမိဳ႕တြင္ ခရီးသြားလုပ္ငန္းအတြက္ အခန္းေပါင္း (၂၇၀ဝဝ) နီးပါးရွိၿပီး အခန္း(၁၂၀ဝဝ)ခန႔္သည္ ၾကယ္ေလးပြင့္၊ ၾကယ္ငါးပြင့္ သို႔မဟုတ္ ေသးငယ္ေသာ ဟိုတယ္မ်ားက ပိုင္ဆိုင္ေၾကာင္း သိရသည္။ ထို႔ျပင္ ဟိုတယ္အမ်ားစုသည္ ၿမိဳ႕လယ္ ေကာင္တြင္ တည္ရွိၿပီး အဓိကခရီးသြားဆြဲေဆာင္မႈေနရာမ်ားႏွင့္ နီးကပ္စြာတည္ရွိေၾကာင္းလည္း သိရသည္။