နိုင်ငံပိုင်ဘဏ်(၂)ခုကို အမေရိကန်မှ ပိတ်ဆို့ပါက ငွေကြေးဆုံးရှုံးမှုမဖြစ်စေဘဲ ပါတီစုံဒီမိုကရေစီစနစ်ကိုသာ နှောင့်နှေးစေနိုင်ကြောင်း နစကတုံ့ပြန်

 884

ရဲပြည့် (NP News) - ဇွန် ၂၁

အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံပိုင်ဘဏ်(၂)ခုကို ပိတ်ဆို့ပါက ငွေကြေးဆုံးရှုံးမှုမဖြစ်စေဘဲ ပါတီစုံဒီမိုကရေစီစနစ်ကိုသာ နှောင့်နှေးကြန့်ကြာမှုဖြစ်စေနိုင်ကြောင်း နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှု နှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို စီးပွားရေးပိတ်ဆို့ ကန့်သတ်မှုစာရင်း၌ထည့်မည်ဟု ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်နေမှုသတင်းများနှင့်ပတ်သက်ပြီး ဇွန်လ ၂ဝ ရက်က ယခုကဲ့သို့ တုံ့ပြန်ထားခြင်းဖြစ်သည်။

"နိုင်ငံပိုင်ဘဏ်တွေမှာ ဘဏ်လုပ်ငန်းတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ စနစ်တကျမှန်မှန်ကန်ကန် ဆောင်ရွက်ပေးလျက်ရှိတယ်။ ဒီဘဏ်တွေ အနေနဲ့ကတော့ အမေရိကန်အခြေစိုက်တဲ့ဘဏ်တွေ၊ ဘဏ်ခွဲတွေမှာ နိုင်ငံခြားငွေစာရင်းဖွင့်ဆောင်ရွက်နေတာမရှိဘူး။ မရှိတဲ့အတွက်ကြောင့် နံပါတ်တစ် ငွေကြေးဆုံး ရှုံးမှုမရှိနိုင်ဘူး။ နိုင်ငံခြားငွေနဲ့ကုန်သွယ်ငွေပေးချေမှု ဝန်ဆောင်မှုတွေကို စနစ်တကျဆက်လက် ဆောင် ရွက်သွားပါမယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ထို့ပြင် ဘဏ်နှင့်ဆက်သွယ်ဆောင်ရွက်နေသည့် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ရန်မလိုကြောင်းနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုလုပ်ငန်းများအား ဘဏ်တစ်ဘဏ်တည်းမှ ဆောင် ရွက်နေခြင်းမဟုတ်ဘဲ ပြည်တွင်းပုဂ္ဂလိကဘဏ်များ၊ နိုင်ငံခြားဘဏ်များနှင့် ဘဏ်ခွဲများမှဆောင်ရွက်ပေးနေခြင်းကြောင့် ပူပန်စရာမလိုကြောင်း ၎င်းမှဆက်လက်ပြောသည်။

"ဒီလိုမျိုးလုပ်တာဟာ ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေလိုလားနေတဲ့ ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းတဲ့နေရာမှာ မလိုလားအပ်တဲ့နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်စေနိုင်တယ်" ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောသည်။

မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ-၄၁ ၌ပါရှိသည့်အတိုင်း လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သည့် နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ပေါင်းဖက်ဆက်ဆံရေး၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူတွေကို ကျင့်သုံးလျက်ရှိကြောင်း သိရသည်။

zawgyi version
ႏိုင္ငံပိုင္ဘဏ္(၂)ခုကို အေမရိကန္မွ ပိတ္ဆို႔ပါက ေငြေၾကးဆုံးရႈံးမႈမျဖစ္ေစဘဲ ပါတီစုံဒီမိုကေရစီစနစ္ကိုသာ ေႏွာင့္ေႏွးေစႏိုင္ေၾကာင္း နစကတုံ႔ျပန္
ရဲျပည့္ (NP News) - ဇြန္ ၂၁

အေမရိကန္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံပိုင္ဘဏ္(၂)ခုကို ပိတ္ဆို႔ပါက ေငြေၾကးဆုံးရႈံးမႈမျဖစ္ေစဘဲ ပါတီစုံဒီမိုကေရစီစနစ္ကိုသာ ေႏွာင့္ေႏွးၾကန႔္ၾကာမႈျဖစ္ေစႏိုင္ေၾကာင္း နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

ျမန္မာ့ႏိုင္ငံျခားကုန္သြယ္မႈဘဏ္ (MFTB) ႏွင့္ ျမန္မာ့ရင္းႏွီးျမႇဳပ္ႏွံမႈ ႏွင့္ ကူးသန္းေရာင္းဝယ္ေရးဘဏ္ (MICB) တို႔ကို စီးပြားေရးပိတ္ဆို႔ ကန႔္သတ္မႈစာရင္း၌ထည့္မည္ဟု ထင္ျမင္ခ်က္အမ်ိဳးမ်ိဳး ထြက္ေပၚေနမႈသတင္းမ်ားႏွင့္ပတ္သက္ၿပီး ဇြန္လ ၂ဝ ရက္က ယခုကဲ့သို႔ တုံ႔ျပန္ထားျခင္းျဖစ္သည္။

"ႏိုင္ငံပိုင္ဘဏ္ေတြမွာ ဘဏ္လုပ္ငန္းေတြကို စည္းမ်ဥ္းစည္းကမ္းေတြနဲ႔အညီ စနစ္တက်မွန္မွန္ကန္ကန္ ေဆာင္႐ြက္ေပးလ်က္ရွိတယ္။ ဒီဘဏ္ေတြ အေနနဲ႔ကေတာ့ အေမရိကန္အေျခစိုက္တဲ့ဘဏ္ေတြ၊ ဘဏ္ခြဲေတြမွာ ႏိုင္ငံျခားေငြစာရင္းဖြင့္ေဆာင္႐ြက္ေနတာမရွိဘူး။ မရွိတဲ့အတြက္ေၾကာင့္ နံပါတ္တစ္ ေငြေၾကးဆုံး ရႈံးမႈမရွိႏိုင္ဘူး။ ႏိုင္ငံျခားေငြနဲ႔ကုန္သြယ္ေငြေပးေခ်မႈ ဝန္ေဆာင္မႈေတြကို စနစ္တက်ဆက္လက္ ေဆာင္ ႐ြက္သြားပါမယ္"ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။

ထို႔ျပင္ ဘဏ္ႏွင့္ဆက္သြယ္ေဆာင္႐ြက္ေနသည့္ ျပည္သူမ်ားအေနျဖင့္ စိုးရိမ္ပူပန္ရန္မလိုေၾကာင္းႏွင့္ ျမန္မာႏိုင္ငံတြင္ ႏိုင္ငံျခားဘဏ္လုပ္ငန္း ဝန္ေဆာင္မႈလုပ္ငန္းမ်ားအား ဘဏ္တစ္ဘဏ္တည္းမွ ေဆာင္ ႐ြက္ေနျခင္းမဟုတ္ဘဲ ျပည္တြင္းပုဂၢလိကဘဏ္မ်ား၊ ႏိုင္ငံျခားဘဏ္မ်ားႏွင့္ ဘဏ္ခြဲမ်ားမွေဆာင္႐ြက္ေပးေနျခင္းေၾကာင့္ ပူပန္စရာမလိုေၾကာင္း ၎မွဆက္လက္ေျပာသည္။

"ဒီလိုမ်ိဳးလုပ္တာဟာ ကြၽန္ေတာ္တို႔ႏိုင္ငံသူႏိုင္ငံသားေတြလိုလားေနတဲ့ ပါတီစုံဒီမိုကေရစီစနစ္ ေလွ်ာက္လွမ္းတဲ့ေနရာမွာ မလိုလားအပ္တဲ့ေႏွာင့္ေႏွးၾကန႔္ၾကာမႈေတြ ျဖစ္ေစႏိုင္တယ္" ဟု နစကေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ထည့္သြင္းေျပာသည္။

ျမန္မာႏိုင္ငံအေနျဖင့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ-၄၁ ၌ပါရွိသည့္အတိုင္း လြတ္လပ္တက္ႂကြၿပီး ဘက္မလိုက္သည့္ ႏိုင္ငံျခားေရးမူဝါဒ၊ ႏိုင္ငံအခ်င္းခ်င္းမိတ္ဝတ္မပ်က္ေပါင္းဖက္ဆက္ဆံေရး၊ ၿငိမ္းခ်မ္းစြာအတူယွဥ္တြဲေနထိုင္ေရးမူေတြကို က်င့္သုံးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.