မူဝါဒပိုင်းဆိုင်ရာများကို ဖြေလျှော့မှုများပေးနိုင်ပါက လာမည့်ပွင့်လင်းရာသီ၌ ပြည်ပခရီးသွားဝင်ရောက်မှု မြင့်တက်လာနိုင်မည်ဟုဆို

 525

ယွန်း (NP News) - ဇွန် ၂၅

ပြည်ပခရီးသွားဝင်ရောက်မှုနှင့် ပတ်သက်သည့် မူဝါဒပိုင်းဆိုင်ရာများကို ဖြေလျှော့မှုများပေးပြီး ပြင်ဆင်မှုများဆောင်ရွက်နိုင်ပါက လာမည့် နွေရာသီ၌ ခရီးသွားဝင်ရောက်မှု မြင့်တက်လာနိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

မြန်မာနိုင်ငံတွင် (၃)နှစ်ကြာဖြစ်ပွားခဲ့သော ကိုဗစ်(၁၉)ရောဂါကြောင့် ခရီးသွားလုပ်ငန်းများ ကျဆင်းခဲ့ရပြီး လက်ရှိတွင် ကိုဗစ်ရောဂါကို ထိန်းချုပ်လာနိုင်ပြီဖြစ်၍ ခရီးသွားလုပ်ငန်းများ ပြန်လည်မြင့်တက်လာပြီဖြစ်ကြောင်း သိရသည်။

ပြည်တွင်းခရီးသွားလုပ်ငန်းများကို ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဧပြီလတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတကာခရီးသွားများ ဝင်ရောက်မှုအတွက် လေကြောင်းပျံသန်းမှုများကို မေလတွင် စတင်လက်ခံခဲ့ခြင်းဖြစ်သည်။

လေကြောင်းလိုင်းများ စတင်ဖွင့်လှစ်ခဲ့သည့်အချိန်တွင် ခရီးသည် ရာဂဏန်းခန့်သာ ဝင်ရောက်ခဲ့သော် လည်း ယခုနှစ်(၂ဝ၂၃ ခုနှစ်)၊ မေလတွင် ပြည်ပခရီးသွားဝင်ရောက်မှုသည် ယခင်နှစ်ကာလနှင့် နှိုင်းယှဥ်ပါက ရာခိုင်နှုန်းများပြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘောဒီးယား၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ လာအို၊ ဖီလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် အစရှိသော အာဆီယံနိုင်ငံများမှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအား ပြီးခဲ့သည့် စက်တင်ဘာလ(၁)ရက်မှစ၍ မြန်မာနိုင်ငံအဝင်အထွက် ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ပြည်ပခရီးသွားဝင်ရောက်မှု တိုးတက်စေရန်အတွက် အာဆီယံနိုင်ငံများသာမက မြန်မာနိုင်ငံနှင့် လေကြောင်း တိုက်ရိုက်ပျံသန်းမှုရှိနေသည့် နိုင်ငံများမှ နိုင်ငံသားများကိုပါ ဗီဇာကင်းလွတ်ခွင့်ပေးနိုင်ရန် တောင်းဆိုမှုများရှိနေကြောင်း သိရသည်။

“အခုက သက်ဆိုင်ရာအာဆီယံနိုင်ငံတွေကို ဗီဇာပေးထားတယ်။ အဲဒီလိုမျိုးပဲ တခြားသော တရုတ်၊ အိန္ဒိယ၊ ကိုရီးယား‌တို့လို နိုင်ငံမျိုးတွေကအစပေါ့။ လက်ရှိ မြန်မာနိုင်ငံနဲ့ လေကြောင်းတိုက်ရိုက်ပျံသန်းမှုရှိနေတဲ့ နိုင်ငံသားတွေကိုလည်း ဗီဇာပေးဖို့တောင်းဆိုထားတာရှိပါတယ်” ဟု ဦးနောင်းနောင်းဟန်က NP News ကိုပြောသည်။

လက်ရှိတွင် ပြည်ပနိုင်ငံများမှ နိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် စိတ်ဝင်စားမှုများရှိနေပြီး ကျန်းမာရေး နှင့်ပတ်သက်သည့် ကျန်းမာရေးအာမခံများ အပါအဝင် ဗီဇာကိစ္စများအား ဖြေလျှော့မှုပေးမည်ဆိုပါက ပြည်ပခရီးသည်ဝင်ရောက်မှု တိုးလာနိုင်မည်ဖြစ်ကြောင်း သိရသည်။

“ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဖြေလျှော့မှုတွေရော ဗီဇာပိုင်းမှာလည်း ဖြေလျှော့ပေးလိုက်မယ်ဆိုရင် အိန္ဒိယတို့၊ တရုတ်တို့၊ ကိုရီးယားတို့ကနေ ခရီးသည်တွေ ပြန်ပြီးဝင်လာဖို့ရှိတယ်။ သက်ဆိုင်ရာနိုင်ငံတွေမှာလည်း မြန်မာနိုင်ငံကို လာချင်နေတဲ့ ခရီးသွားတွေရှိပါတယ်။ စိတ်ဝင်စားမှုတွေလည်း ရှိနေပါတယ်”ဟု ဦးနောင်းနောင်းဟန်က ဆက်လက်ပြောဆိုထားသည်။

ထို့ကြောင့် မူဝါဒပိုင်းများကို ဖြေလျှော့မှုများပေးပြီး ပြင်ဆင်မှုများ ဆောင်ရွက်မည်ဆိုပါက ပြည်ပခရီး သွားများကို အချိန်မီဆွဲဆောင်နိုင်မည်ဖြစ်ပြီး လာမည့် ပွင့်လင်းရာသီ၌ ပြည်ပခရီးသွားများကို ပို၍ မျှော်လင့်နိုင်ကြောင်း ၎င်းက ဆိုထားသည်။

မြန်မာနိုင်ငံသို့ လက်ရှိတွင် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်၊ စ င်္ကာပူ၊ အမေရိကန် စသည့်နိုင်ငံများမှ ခရီးသည်များ အပါအဝင် နိုင်ငံပေါင်း (၄၇) နိုင်ငံမှ ပြည်ပခရီးသည်များ ဝင်ရောက်လျက်ရှိသည်။

zawgyi version
မူဝါဒပိုင္းဆိုင္ရာမ်ားကို ေျဖေလွ်ာ့မႈမ်ား ျပင္ဆင္ႏိုင္ပါက လာမည့္ပြင့္လင္းရာသီ၌ ျပည္ပခရီးသြားဝင္ေရာက္မႈ ျမင့္တက္လာႏိုင္မည္ဟုဆို

ယြန္း (NP News) - ဇြန္ ၂၅

ျပည္ပခရီးသြားဝင္ေရာက္မႈႏွင့္ ပတ္သက္သည့္ မူဝါဒပိုင္းဆိုင္ရာမ်ားကို ေျဖေလွ်ာ့မႈမ်ား ျပင္ဆင္ႏိုင္ပါက လာမည့္ ေႏြရာသီ၌ ခရီးသြားဝင္ေရာက္မႈ ျမင့္တက္လာႏိုင္ေၾကာင္း ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းအဖြဲ႕ခ်ဳပ္ ဥကၠ႒ ဦးေနာင္းေနာင္းဟန္က ေျပာသည္။

ျမန္မာႏိုင္ငံတြင္ (၃)ႏွစ္ၾကာျဖစ္ပြားခဲ့ေသာ ကိုဗစ္(၁၉)ေရာဂါေၾကာင့္ ခရီးသြားလုပ္ငန္းမ်ား က်ဆင္းခဲ့ရၿပီး လက္ရွိတြင္ ကိုဗစ္ေရာဂါကို ထိန္းခ်ဳပ္လာႏိုင္ၿပီျဖစ္၍ ခရီးသြားလုပ္ငန္းမ်ား ျပန္လည္ျမင့္တက္လာၿပီျဖစ္ေၾကာင္း သိရသည္။

ျပည္တြင္းခရီးသြားလုပ္ငန္းမ်ားကို ၿပီးခဲ့သည့္ ၂ဝ၂၂ ခုႏွစ္၊ ဧၿပီလတြင္ ျပန္လည္ဖြင့္လွစ္ခဲ့ၿပီး ႏိုင္ငံတကာခရီးသြားမ်ား ဝင္ေရာက္မႈအတြက္ ေလေၾကာင္းပ်ံသန္းမႈမ်ားကို ေမလတြင္ စတင္လက္ခံခဲ့ျခင္းျဖစ္သည္။

ေလေၾကာင္းလိုင္းမ်ား စတင္ဖြင့္လွစ္ခဲ့သည့္အခ်ိန္တြင္ ခရီးသည္ ရာဂဏန္းခန႔္သာ ဝင္ေရာက္ခဲ့ေသာ္ လည္း ယခုႏွစ္(၂ဝ၂၃ ခုႏွစ္)၊ ေမလတြင္ ျပည္ပခရီးသြားဝင္ေရာက္မႈသည္ ယခင္ႏွစ္ကာလႏွင့္ ႏႈိင္းယွဥ္ပါက ရာခိုင္ႏႈန္းမ်ားျပားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ျမန္မာႏိုင္ငံအေနျဖင့္ ကေမာၻဒီးယား၊ ဘ႐ူႏိုင္း၊ အင္ဒိုနီးရွား၊ လာအို၊ ဖီလစ္ပိုင္၊ စကၤာပူ၊ ထိုင္းႏွင့္ ဗီယက္နမ္ အစရွိေသာ အာဆီယံႏိုင္ငံမ်ားမွ ႏိုင္ငံကူးလက္မွတ္ကိုင္ေဆာင္သူမ်ားအား ၿပီးခဲ့သည့္ စက္တင္ဘာလ(၁)ရက္မွစ၍ ျမန္မာႏိုင္ငံအဝင္အထြက္ ဗီဇာကင္းလြတ္ခြင့္ေပးခဲ့ေၾကာင္း သိရသည္။

သို႔ျဖစ္၍ ျပည္ပခရီးသြားဝင္ေရာက္မႈ တိုးတက္ေစရန္အတြက္ အာဆီယံႏိုင္ငံမ်ားသာမက ျမန္မာႏိုင္ငံႏွင့္ ေလေၾကာင္း တိုက္႐ိုက္ပ်ံသန္းမႈရွိေနသည့္ ႏိုင္ငံမ်ားမွ ႏိုင္ငံသားမ်ားကိုပါ ဗီဇာကင္းလြတ္ခြင့္ေပးႏိုင္ရန္ ေတာင္းဆိုမႈမ်ားရွိေနေၾကာင္း သိရသည္။

“အခုက သက္ဆိုင္ရာအာဆီယံႏိုင္ငံေတြကို ဗီဇာေပးထားတယ္။ အဲဒီလိုမ်ိဳးပဲ တျခားေသာ တ႐ုတ္၊ အိႏၵိယ၊ ကိုရီးယား‌တို႔လို ႏိုင္ငံမ်ိဳးေတြကအစေပါ့။ လက္ရွိ ျမန္မာႏိုင္ငံနဲ႔ ေလေၾကာင္းတိုက္႐ိုက္ပ်ံသန္းမႈရွိေနတဲ့ ႏိုင္ငံသားေတြကိုလည္း ဗီဇာေပးဖို႔ေတာင္းဆိုထားတာရွိပါတယ္” ဟု ဦးေနာင္းေနာင္းဟန္က NP News ကိုေျပာသည္။

လက္ရွိတြင္ ျပည္ပႏိုင္ငံမ်ားမွ ႏိုင္ငံသားမ်ားအေနျဖင့္ ျမန္မာႏိုင္ငံသို႔ လာေရာက္လည္ပတ္ရန္ စိတ္ဝင္စားမႈမ်ားရွိေနၿပီး က်န္းမာေရး ႏွင့္ပတ္သက္သည့္ က်န္းမာေရးအာမခံမ်ား အပါအဝင္ ဗီဇာကိစၥမ်ားအား ေျဖေလွ်ာ့မႈေပးမည္ဆိုပါက ျပည္ပခရီးသည္ဝင္ေရာက္မႈ တိုးလာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

“က်န္းမာေရးနဲ႔ပတ္သက္တဲ့ ေျဖေလွ်ာ့မႈေတြေရာ ဗီဇာပိုင္းမွာလည္း ေျဖေလွ်ာ့ေပးလိုက္မယ္ဆိုရင္ အိႏၵိယတို႔၊ တ႐ုတ္တို႔၊ ကိုရီးယားတို႔ကေန ခရီးသည္ေတြ ျပန္ၿပီးဝင္လာဖို႔ရွိတယ္။ သက္ဆိုင္ရာႏိုင္ငံေတြမွာလည္း ျမန္မာႏိုင္ငံကို လာခ်င္ေနတဲ့ ခရီးသြားေတြရွိပါတယ္။ စိတ္ဝင္စားမႈေတြလည္း ရွိေနပါတယ္”ဟု ဦးေနာင္းေနာင္းဟန္က ဆက္လက္ေျပာဆိုထားသည္။

ထို႔ေၾကာင့္ မူဝါဒပိုင္းမ်ားကို ေျဖေလွ်ာ့မႈမ်ားေပးၿပီး ျပင္ဆင္မႈမ်ား ေဆာင္႐ြက္မည္ဆိုပါက ျပည္ပခရီး သြားမ်ားကို အခ်ိန္မီဆြဲေဆာင္ႏိုင္မည္ျဖစ္ၿပီး လာမည့္ ပြင့္လင္းရာသီ၌ ျပည္ပခရီးသြားမ်ားကို ပို၍ ေမွ်ာ္လင့္ႏိုင္ေၾကာင္း ၎က ဆိုထားသည္။

ျမန္မာႏိုင္ငံသို႔ လက္ရွိတြင္ တ႐ုတ္၊ အိႏၵိယ၊ ထိုင္း၊ ကိုရီးယား၊ ဂ်ပန္၊ မေလးရွား၊ ထိုင္ဝမ္၊ ဗီယက္နမ္၊ စ ကၤာပူ၊ အေမရိကန္ စသည့္ႏိုင္ငံမ်ားမွ ခရီးသည္မ်ား အပါအဝင္ ႏိုင္ငံေပါင္း (၄၇) ႏိုင္ငံမွ ျပည္ပခရီးသည္မ်ား ဝင္ေရာက္လ်က္ရွိသည္။

Related news

© 2021. All rights reserved.