အလုပ်အကိုင် အခွင့်အလမ်း (၂၀၀၀) နီးပါး ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၅)ခုကို ရန်ကုန်တိုင်းအတွင်း လုပ်ကိုင်ခွင့်ပေး

 2552

Pearl (NP News) - ဧပြီ ၂၆

အလုပ်အကိုင်အခွင့်အလမ်း (၂၀၀၀) နီးပါး ဖန်တီးပေးနိုင်မည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် (၅)ခုကို ရန်ကုန်တိုင်းတွင်း လုပ်ကိုင်ခွင့်ပေးခဲ့ကြောင်းရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အချက်အလက်များအရ သိရသည်။


ပြီးခဲ့သည့် ဧပြီ (၂၄) ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးကို ရန်ကင်းမြို့နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုနှင့် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခု၊ ဖက်စပ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။

အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ ပဲအမျိုးမျိုး၊ နှမ်းနှင့်ပြောင်း ကြိတ်ခွဲသန့်စင် ထုတ်ပိုး၍ ၁၀ဝ ရာခိုင်နှုန်း ပြည်ပတင်ပို့ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် စက္ကူအိတ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းနှင့် CMP စနစ်ဖြင့် သတို့သမီးဝတ်စုံများ ချုပ်လုပ်ခြင်း လုပ်ငန်းတို့ဖြစ်သည်။


ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ မြန်မာငွေကျပ် သန်းလေးထောင်နှင့် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၁၀၃ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၁,၉၅၂) ဦးအတွက် ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အလုပ္အကိုင္ အခြင့္အလမ္း (၂၀၀၀) နီးပါး ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္ (၅)ခုကို ရန္ကုန္တိုင္း အတြင္း လုပ္ကိုင္ခြင့္ေပး
Pearl (NP News) - ဧၿပီ ၂၆

အလုပ္အကိုင္အခြင့္အလမ္း (၂၀၀၀) နီးပါး ဖန္တီးေပးႏိုင္မည့္ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းသစ္ (၅)ခုကို ရန္ကုန္တိုင္းတြင္း လုပ္ကိုင္ခြင့္ေပးခဲ့ေၾကာင္းရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီ၏ အခ်က္အလက္မ်ားအရ သိရသည္။


ၿပီးခဲ့သည့္ ဧၿပီ (၂၄) ရက္က ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီအစည္းအေဝးကို ရန္ကင္းၿမိဳ႕နယ္ ရင္းႏွီးျမႇဳပ္ႏွံမႈ ေကာ္မတီ႐ုံး၌ က်င္းပခဲ့ေၾကာင္း သိရသည္။

အစည္းအေဝးတြင္ ရန္ကုန္တိုင္းေဒသႀကီး ရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မတီသည္ စက္မႈက႑တြင္ ရာခိုင္ႏႈန္းျပည့္ျမန္မာႏိုင္ငံသား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၁) ခုႏွင့္ ရာခိုင္ႏႈန္းျပည့္ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၂)ခု၊ ဖက္စပ္ ႏိုင္ငံျခား ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္း (၂)ခုတို႔ကို အတည္ျပဳေပးခဲ့ေၾကာင္း သိရသည္။

အတည္ျပဳေပးခဲ့သည့္ လုပ္ငန္းမ်ားမွာ ပဲအမ်ိဳးမ်ိဳး၊ ႏွမ္းႏွင့္ေျပာင္း ႀကိတ္ခြဲသန႔္စင္ ထုတ္ပိုး၍ ၁၀ဝ ရာခိုင္ႏႈန္း ျပည္ပတင္ပို႔ျခင္းလုပ္ငန္း၊ CMP စနစ္ျဖင့္ စကၠဴအိတ္အမ်ိဳးမ်ိဳး ထုတ္လုပ္ျခင္းလုပ္ငန္း၊ CMP စနစ္ျဖင့္ အဝတ္အထည္အမ်ိဳးမ်ိဳး ခ်ဳပ္လုပ္ျခင္းလုပ္ငန္းႏွင့္ CMP စနစ္ျဖင့္ သတို႔သမီးဝတ္စုံမ်ား ခ်ဳပ္လုပ္ျခင္း လုပ္ငန္းတို႔ျဖစ္သည္။


ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းမ်ား၏ မတည္ေငြရင္း ပမာဏမွာ ျမန္မာေငြက်ပ္ သန္းေလးေထာင္ႏွင့္ အေမရိကန္ေဒၚလာ ၄ ဒႆမ ၁၀၃ သန္းျဖစ္ၿပီး ျပည္တြင္းအလုပ္အကိုင္ အခြင့္အလမ္း (၁,၉၅၂) ဦးအတြက္ ဖန္တီးေပးႏိုင္မည္ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.