ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂)ကို ယခုမေလအတွင်း၌ ထပ်မံဖွင့်လှစ်မည်

 5039

မြူနစ် (NP News) - မေ ၆

ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂)ကို ယခု မေလအတွင်း၌ ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ဗဟိုအဖွဲ့မှ အရာရှိတစ်ဦးက NP News ကို ပြောသည်။

နစကအစိုးရသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသက်ဝင်ကြောင်း ထုတ်ပြန်ပြီးနောက်ပိုင်း ဧပြီ ၈ ရက်တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁)ကို စတင်ဖွင့်လှစ်ခဲ့သည်။

လက်ရှိတွင် သင်တန်းအမှတ်စဉ်(၂)ကို ဆက်လက်ဖွင့်လှစ်ရန်အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အကျုံးဝင် ကာဆင့်ခေါ်ထားသူများကို ဆေးစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

‘‘ဒီမေလထဲမှာ ပြည်သူ့စစ်မှုထမ်းအ မှတ်စဉ် (၂)သင်တန်းကို စဖို့ရှိပါတယ်။ ဆေးစစ်တာတွေလည်း လုပ်နေကြ တယ်။ ပြီးတာတွေလည်း ပြီးကုန်ပြီ။ သိပ်မကြာဘူး ထပ်ဖွင့်ဖြစ်မှာပေါ့။ အဲဒီသင်တန်းကျောင်းကြီးတွေမှာ တပ်ခွဲတွေရှိ တယ်။ တပ်ခွဲတစ်ခွဲကို လူ (၂၀ဝ)ကျော်လောက် သင်တန်းပေးလို့ရတယ်။ တပ်ခွဲတွေက ၄၊ ၅ ခွဲလောက်ရှိတယ်။ အဲဒီတော့သူက တစ်ပတ်စဉ်၊ တစ်ပတ်စဉ်ကို ဆက်တိုက်ဆက်တိုက်ဖွင့်သွားမှာ”ဟု ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့မှ အရာရှိကပြောသည်။

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်(၁)ကို ပြီးခဲ့သော ဧပြီ ၈ ရက်တွင် တိုင်းနှင့် ပြည်နယ်များရှိ တိုင်းစစ်ဌာနချုပ်အသီးသီးတွင် ဖွင့်လှစ်ခဲ့ပြီး အဆိုပါ သင်တန်းအမှတ် (၁)ကို မိမိဆန္ဒအရ စစ်မှုထမ်း လိုသူများက တက်ရောက်ကာ စစ်ပညာသင်ယူနေခြင်းဖြစ်ကြောင်း နစကဘက်က ဆိုသည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်သော နစကအစိုးရသည် ၂၀၁၀ ပြည့်နှစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် ရေးဆွဲခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသက်ဝင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် တစ်ခုလျှင် သင်တန်းသား (၅၀ဝဝ)ဝန်းကျင်ကို လစဉ်သင်ကြားပေးသွားဖွယ်ရှိကြောင်း သိရသည်။

zawgyi version
ျပည္သူ႔စစ္မႈထမ္းသင္တန္း အမွတ္စဥ္ (၂)ကို ယခုေမလအတြင္း၌ ထပ္မံဖြင့္လွစ္မည္
ျမဴနစ္ (NP News) - ေမ ၆

ျပည္သူ႔စစ္မႈထမ္းသင္တန္းအမွတ္စဥ္ (၂)ကို ယခု ေမလအတြင္း၌ ထပ္မံဖြင့္လွစ္သြားမည္ျဖစ္ေၾကာင္း ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚဗဟိုအဖြဲ႕မွ အရာရွိတစ္ဦးက NP News ကို ေျပာသည္။

နစကအစိုးရသည္ ျပည္သူ႔စစ္မႈထမ္းဥပေဒကို အာဏာသက္ဝင္ေၾကာင္း ထုတ္ျပန္ၿပီးေနာက္ပိုင္း ဧၿပီ ၈ ရက္တြင္ ျပည္သူ႔စစ္မႈထမ္းသင္တန္းအမွတ္စဥ္ (၁)ကို စတင္ဖြင့္လွစ္ခဲ့သည္။

လက္ရွိတြင္ သင္တန္းအမွတ္စဥ္(၂)ကို ဆက္လက္ဖြင့္လွစ္ရန္အတြက္ ျပည္သူ႔စစ္မႈထမ္းဥပေဒအရ အက်ဳံးဝင္ ကာဆင့္ေခၚထားသူမ်ားကို ေဆးစစ္ျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္ေနလ်က္ရွိေၾကာင္း သိရသည္။

‘‘ဒီေမလထဲမွာ ျပည္သူ႔စစ္မႈထမ္းအ မွတ္စဥ္ (၂)သင္တန္းကို စဖို႔ရွိပါတယ္။ ေဆးစစ္တာေတြလည္း လုပ္ေနၾက တယ္။ ၿပီးတာေတြလည္း ၿပီးကုန္ၿပီ။ သိပ္မၾကာဘူး ထပ္ဖြင့္ျဖစ္မွာေပါ့။ အဲဒီသင္တန္းေက်ာင္းႀကီးေတြမွာ တပ္ခြဲေတြရွိ တယ္။ တပ္ခြဲတစ္ခြဲကို လူ (၂၀ဝ)ေက်ာ္ေလာက္ သင္တန္းေပးလို႔ရတယ္။ တပ္ခြဲေတြက ၄၊ ၅ ခြဲေလာက္ရွိတယ္။ အဲဒီေတာ့သူက တစ္ပတ္စဥ္၊ တစ္ပတ္စဥ္ကို ဆက္တိုက္ဆက္တိုက္ဖြင့္သြားမွာ”ဟု ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရး ဗဟိုအဖြဲ႕မွ အရာရွိကေျပာသည္။

ျပည္သူ႔စစ္မႈထမ္း သင္တန္းအမွတ္(၁)ကို ၿပီးခဲ့ေသာ ဧၿပီ ၈ ရက္တြင္ တိုင္းႏွင့္ ျပည္နယ္မ်ားရွိ တိုင္းစစ္ဌာနခ်ဳပ္အသီးသီးတြင္ ဖြင့္လွစ္ခဲ့ၿပီး အဆိုပါ သင္တန္းအမွတ္ (၁)ကို မိမိဆႏၵအရ စစ္မႈထမ္း လိုသူမ်ားက တက္ေရာက္ကာ စစ္ပညာသင္ယူေနျခင္းျဖစ္ေၾကာင္း နစကဘက္က ဆိုသည္။ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ဦးေဆာင္ေသာ နစကအစိုးရသည္ ၂၀၁၀ ျပည့္ႏွစ္ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊလက္ထက္တြင္ ေရးဆြဲခဲ့ေသာ ျပည္သူ႔စစ္မႈထမ္းဥပေဒကို အာဏာသက္ဝင္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။ ျပည္သူ႔စစ္မႈထမ္း သင္တန္းအမွတ္စဥ္ တစ္ခုလွ်င္ သင္တန္းသား (၅၀ဝဝ)ဝန္းက်င္ကို လစဥ္သင္ၾကားေပးသြားဖြယ္ရွိေၾကာင္း သိရသည္။

Picture

09695462333

06/05/2024 23:55

အကုန် တန်ပါတယ် အရာရှိ တစ်ယောက် ကား မမောင်းရဆိုပြီး ရှင်းလိုက်တာ 100000မတန်လျုက်တာ အရာရှိဖြစ်ရတာ

Related news

© 2021. All rights reserved.