မကွေးတိုင်းတွင် ခရီးသည်တင်ကားနှင့် အိမ်စီးကား တိုက်မိရာမှ တစ်ဦးသေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိ

 1026

Pearl (NP News) - ဇွန် ၂၆

မကွေးတိုင်း၊ မြို့သစ်မြို့နယ်တွင် ခရီးသည်တင်ကားနှင့် အိမ်စီးကား တိုက်မိရာမှ တစ်ဦးသေဆုံးပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြေပြင်လူမှုကူညီရေးအသင်းထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန်လ ၂၅ ရက်)၊ ညနေ (၃)နာရီခွဲ အချိန်ခန့်တွင် မြို့သစ်မြို့နယ်၊ နေပြည်တော် - မြို့သစ် - ကန်ပြားလမ်း ၊ ဇီးလုံးကျေးရွာ၊ ဖိုးလပြည့်ထမင်းဆိုင်အနီးတွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထမင်းဆိုင်အနီးတွင် ခရီးသည်တင်ကားနှင့် အိမ်စီးကားတို့ အရှိန်ဖြင့် မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။

"မျက်နှာချင်းဆိုင် ကားချင်းချိတ်ပြီးတိုက်မိသွားတာ။ အရှိန်များတာလည်းပါတာပေါ့။ ခရီးသည်တင် ကားက ရခိုင်ကနေ မော်လမြိုင် သွားတဲ့ကား၊ အိမ်စီးကားက နေပြည်တော်ကနေ ပလက်ဝကို ပြန်တဲ့ကား။ ခရီးသည်တင်ကားရဲ့ ယာဉ်မောင်းဆုံးတယ်။ ကျား (၁)ဦး၊ မ(၁)ဦး ထိခိုက်ဒဏ်ရာရတယ်။ အိမ်စီးကားက အမျိုးသားတစ်ဦး ဒဏ်ရာရတယ်" ဟု မြေပြင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

ဖြစ်စဉ်ကြောင့် ခရီးသည်တင်ကား၏ ယာဉ်မောင်းအမျိုးသားတစ်ဦးသည် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့အား မကွေးပြည်သူ့ဆေးရုံ ၊ နေပြည်တော်ဆေးရုံနှင့် မော်လမြိုင်ဆေးရုံကြီးမျာသို့ အသီးသီး ပို့ဆောင်ပေးထားပြီး ဒဏ်ရာရရှိသူများအနက် တစ်ဦးမှာ စိုးရိမ်ဖွယ်အခြေအနေရှိနေကြောင်း သိရသည်။

zawgyi version
မေကြးတိုင္းတြင္ ခရီးသည္တင္ကားႏွင့္ အိမ္စီးကား တိုက္မိရာမွ တစ္ဦးေသဆုံးၿပီး (၃)ဦး ထိခိုက္ဒဏ္ရာရရွိ
Pearl (NP News) - ဇြန္ ၂၆

မေကြးတိုင္း၊ ၿမိဳ႕သစ္ၿမိဳ႕နယ္တြင္ ခရီးသည္တင္ကားႏွင့္ အိမ္စီးကား တိုက္မိရာမွ တစ္ဦးေသဆုံးၿပီး (၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ေျမျပင္လူမႈကူညီေရးအသင္းထံမွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယမန္ေန႔ (ဇြန္လ ၂၅ ရက္)၊ ညေန (၃)နာရီခြဲ အခ်ိန္ခန႔္တြင္ ၿမိဳ႕သစ္ၿမိဳ႕နယ္၊ ေနျပည္ေတာ္ - ၿမိဳ႕သစ္ - ကန္ျပားလမ္း ၊ ဇီးလုံးေက်း႐ြာ၊ ဖိုးလျပည့္ထမင္းဆိုင္အနီးတြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ထမင္းဆိုင္အနီးတြင္ ခရီးသည္တင္ကားႏွင့္ အိမ္စီးကားတို႔ အရွိန္ျဖင့္ မ်က္ႏွာခ်င္းဆိုင္တိုက္မိခဲ့ေၾကာင္း သိရသည္။

"မ်က္ႏွာခ်င္းဆိုင္ ကားခ်င္းခ်ိတ္ၿပီးတိုက္မိသြားတာ။ အရွိန္မ်ားတာလည္းပါတာေပါ့။ ခရီးသည္တင္ ကားက ရခိုင္ကေန ေမာ္လၿမိဳင္ သြားတဲ့ကား၊ အိမ္စီးကားက ေနျပည္ေတာ္ကေန ပလက္ဝကို ျပန္တဲ့ကား။ ခရီးသည္တင္ကားရဲ႕ ယာဥ္ေမာင္းဆုံးတယ္။ က်ား (၁)ဦး၊ မ(၁)ဦး ထိခိုက္ဒဏ္ရာရတယ္။ အိမ္စီးကားက အမ်ိဳးသားတစ္ဦး ဒဏ္ရာရတယ္" ဟု ေျမျပင္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

ျဖစ္စဥ္ေၾကာင့္ ခရီးသည္တင္ကား၏ ယာဥ္ေမာင္းအမ်ိဳးသားတစ္ဦးသည္ အခင္းျဖစ္ေနရာတြင္ ေသဆုံးသြားခဲ့ၿပီး (၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ ၎တို႔အား မေကြးျပည္သူ႔ေဆး႐ုံ ၊ ေနျပည္ေတာ္ေဆး႐ုံႏွင့္ ေမာ္လၿမိဳင္ေဆး႐ုံႀကီးမ်ာသို႔ အသီးသီး ပို႔ေဆာင္ေပးထားၿပီး ဒဏ္ရာရရွိသူမ်ားအနက္ တစ္ဦးမွာ စိုးရိမ္ဖြယ္အေျခအေနရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.