ဖာပွန်မြို့နယ်သစ်တောဦးစီးမှူးရုံးအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ မီးရှို့ဖျက်ဆီး

 767

NP News - ဇွန် ၂၆

ကရင်ပြည်နယ်၊ ဖာပွန်မြို့ရှိ မြို့နယ်သစ်တောဦးစီးမှူးရုံးအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် (ဇွန်လ ၂၂ ရက်)၊ ည ၁၁နာရီ အချိန်တွင် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်သစ်တောဦးစီးမှူးရုံး၌ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဖာပွန်လက်နက်ကိုင်သောင်းကျန်သူအဖွဲ့မှ အဆိုပါရုံးအား အကြောင်းမဲ့လာရောက်မီးရှို့သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ထို့သို့ မီးရှို့ဖျက်ဆီးခံရမှုကြောင့် အလျား ပေ(၆ဝ)၊ အနံ(၂၅)ပေ၊ သွပ်မိုးပျဉ်ကာ (၁)ထပ် အဆောက်အဦးဖြစ်သည့် ဖာပွန်မြို့နယ်သစ်တောဦးစီမှူးရုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါမြို့နယ်သစ်တောဦးစီးမှူးရုံးအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ဖာပြန္ၿမိဳ႕နယ္သစ္ေတာဦးစီးမႉး႐ုံးအား လက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕မွ မီးရႈိ႕ဖ်က္ဆီး

NP News - ဇြန္ ၂၆

ကရင္ျပည္နယ္၊ ဖာပြန္ၿမိဳ႕ရွိ ၿမိဳ႕နယ္သစ္ေတာဦးစီးမႉး႐ုံးအား လက္နက္ကိုင္ေသာင္းက်န္းသူအဖြဲ႕မွ မီးရႈိ႕ဖ်က္ဆီးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

ၿပီးခဲ့သည့္ (ဇြန္လ ၂၂ ရက္)၊ ည ၁၁နာရီ အခ်ိန္တြင္ ကရင္ျပည္နယ္၊ ဖာပြန္ၿမိဳ႕နယ္၊ အမွတ္(၁)ရပ္ကြက္ရွိ ၿမိဳ႕နယ္သစ္ေတာဦးစီးမႉး႐ုံး၌ ျဖစ္ပြားခဲ့ေၾကာင္းသိရသည္။

ျဖစ္စဥ္မွာ ဖာပြန္လက္နက္ကိုင္ေသာင္းက်န္သူအဖြဲ႕မွ အဆိုပါ႐ုံးအား အေၾကာင္းမဲ့လာေရာက္မီးရႈိ႕သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

ထို႔သို႔ မီးရႈိ႕ဖ်က္ဆီးခံရမႈေၾကာင့္ အလ်ား ေပ(၆ဝ)၊ အနံ(၂၅)ေပ၊ သြပ္မိုးပ်ဥ္ကာ (၁)ထပ္ အေဆာက္အဦးျဖစ္သည့္ ဖာပြန္ၿမိဳ႕နယ္သစ္ေတာဦးစီမႉး႐ုံး မီးေလာင္ပ်က္စီးသြားခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါၿမိဳ႕နယ္သစ္ေတာဦးစီးမႉး႐ုံးအား မီးရႈိ႕ဖ်က္ဆီးခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.