မြန်မာသင်္ဘောသားတစ်ဦး ကိုရီးယားနိုင်ငံတွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံရ

 1267

ယွန်း (NP News) - ဇွန် ၂၆

မြန်မာသင်္ဘောသားတစ်ဦးအား ကိုရီးယားနိုင်ငံတွင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ရေကြောင်းပို့ဆောင်‌ရေး ညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။

ရေကြောင်းပို့ဆောင်‌ရေး ညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောသားဌာနခွဲမှ ပြီးခဲ့သည့် ဇွန်လ(၂၁)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်း ဖြစ်သည်။

ဖြစ်စဥ်မှာ မြန်မာသင်္ဘောသားတစ်ဦးသည် ၎င်း၏ သက်ဆိုင်ရာသင်္ဘောတွင် တာဝန်ထမ်းဆောင်ရန် ထိုင်းနိုင်ငံမှတစ်ဆင့် ကိုရီးယားနိုင်ငံသို့ သွားရောက်စဥ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် ထိုင်းနိုင်ငံမှ ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ရာ ကိုရီးယားနိုင်ငံလေဆိပ်အကောက်ခွန်မှ ၎င်းနှင့်အတူ သယ်ဆောင်လာသည့် ဆေးခြောက် အဆီပါဝင်သော E-စီးကရက်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ထို့ကြောင့် ၎င်းအား ကိုရီးယားနိုင်ငံတွင် မူးယစ်ဆေးဝါးအမှုဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြန်မာသင်္ဘောသားသည် ၎င်းဆေးခြောက်အဆီကို ထိုင်းနိုင်ငံမှ ဝယ်ယူသယ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သက်ဆိုင်ရာ SRPS ၏ တင်ပြချက်အရ သိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

zawgyi version
ျမန္မာသေဘၤာသားတစ္ဦး ကိုရီးယားႏိုင္ငံတြင္ မူးယစ္ေဆးဝါးအမႈျဖင့္ ဖမ္းဆီးခံရ

ယြန္း (NP News) - ဇြန္ ၂၆

ျမန္မာသေဘၤာသားတစ္ဦးအား ကိုရီးယားႏိုင္ငံတြင္ မူးယစ္ေဆးဝါးအမႈျဖင့္ ဖမ္းဆီးအေရးယူထားေၾကာင္း ေရေၾကာင္းပို႔ေဆာင္‌ေရး ၫႊန္ၾကားမႈဦးစီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။

ေရေၾကာင္းပို႔ေဆာင္‌ေရး ၫႊန္ၾကားမႈဦးစီးဌာန၊ သေဘၤာသားဌာနခြဲမွ ၿပီးခဲ့သည့္ ဇြန္လ(၂၁)ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္း ျဖစ္သည္။

ျဖစ္စဥ္မွာ ျမန္မာသေဘၤာသားတစ္ဦးသည္ ၎၏ သက္ဆိုင္ရာသေဘၤာတြင္ တာဝန္ထမ္းေဆာင္ရန္ ထိုင္းႏိုင္ငံမွတစ္ဆင့္ ကိုရီးယားႏိုင္ငံသို႔ သြားေရာက္စဥ္ ဖမ္းဆီးခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

၎သည္ ထိုင္းႏိုင္ငံမွ ကိုရီးယားႏိုင္ငံသို႔ သြားေရာက္ခဲ့ရာ ကိုရီးယားႏိုင္ငံေလဆိပ္အေကာက္ခြန္မွ ၎ႏွင့္အတူ သယ္ေဆာင္လာသည့္ ေဆးေျခာက္ အဆီပါဝင္ေသာ E-စီးကရက္ကို စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

ထို႔ေၾကာင့္ ၎အား ကိုရီးယားႏိုင္ငံတြင္ မူးယစ္ေဆးဝါးအမႈျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

အဆိုပါ ျမန္မာသေဘၤာသားသည္ ၎ေဆးေျခာက္အဆီကို ထိုင္းႏိုင္ငံမွ ဝယ္ယူသယ္ေဆာင္ခဲ့ျခင္းျဖစ္သည္ဟု ထြက္ဆိုထားေၾကာင္း သက္ဆိုင္ရာ SRPS ၏ တင္ျပခ်က္အရ သိရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

Related news

© 2021. All rights reserved.