အငြိမ်းစားရဲအုပ်နှင့် ရဲဒုတပ်ကြပ် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရမှု ဆင်မြီးဆွဲမြို့၌ ဖြစ်ပွား

 994

NP News - ဇွန် ၂၆

အငြိမ်းစားရဲအုပ်ဖြစ်သူနှင့် ရဲဒုတပ်ကြပ်(နယ်ထိန်း)ဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရမှု ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့၌ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(ဇွန်လ ၂၆ ရက်)၊ နံနက် ၈ နာရီအချိန်ခန့်တွင် ဆင်မြီးဆွဲမြို့၊ ဖောင်ကွေ့လမ်းစာကြည့် တိုက်အနီး၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံသတင်းအရင်းအမြစ်များက NP News ကို ပြောသည်။

အငြိမ်းစားရဲအုပ်ဖြစ်သူ ဦးစိုးသက်အောင်နှင့် ရဲဒုတပ်ကြပ်(နယ်ထိန်း)ဖြစ်သူ ကျော်ကျော်စိုးတို့သည် နေအိမ်အပြင်ဘက်သို့ ထွက်ခွာလာစဉ်အချိန်တွင် ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသား(၂)ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် အငြိမ်းစားရဲအုပ်ဖြစ်သူ ဦးစိုးသက်အောင်သည် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့ကာ နေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ပစ်ခတ်ခံရမှုကြောင့် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့သော ရဲဒုတပ်ကြပ်ကျော်ကျော်စိုးသည် ဆေးရုံသို့ ပို့ဆောင်ကုသပေးစဉ်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ အငြိမ်းစာရဲအုပ်နှင့် ရဲဒုတပ်ကြပ်ကို ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

zawgyi version
အၿငိမ္းစားရဲအုပ္ႏွင့္ ရဲဒုတပ္ၾကပ္ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရမႈ ဆင္ၿမီးဆြဲၿမိဳ႕၌ ျဖစ္ပြား

NP News - ဇြန္ ၂၆

အၿငိမ္းစားရဲအုပ္ျဖစ္သူႏွင့္ ရဲဒုတပ္ၾကပ္(နယ္ထိန္း)ျဖစ္သူတို႔ ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခံခဲ့ရမႈ ပဲခူးတိုင္း၊ သဲကုန္းၿမိဳ႕နယ္၊ ဆင္ၿမီးဆြဲၿမိဳ႕၌ ျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ဇြန္လ ၂၆ ရက္)၊ နံနက္ ၈ နာရီအခ်ိန္ခန႔္တြင္ ဆင္ၿမီးဆြဲၿမိဳ႕၊ ေဖာင္ေကြ႕လမ္းစာၾကည့္ တိုက္အနီး၌ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံသတင္းအရင္းအျမစ္မ်ားက NP News ကို ေျပာသည္။

အၿငိမ္းစားရဲအုပ္ျဖစ္သူ ဦးစိုးသက္ေအာင္ႏွင့္ ရဲဒုတပ္ၾကပ္(နယ္ထိန္း)ျဖစ္သူ ေက်ာ္ေက်ာ္စိုးတို႔သည္ ေနအိမ္အျပင္ဘက္သို႔ ထြက္ခြာလာစဥ္အခ်ိန္တြင္ ဆိုင္ကယ္ေမာင္းႏွင္လာသည့္ အမ်ိဳးသား(၂)ဦးက ေသနတ္ျဖင့္ ပစ္ခတ္သြားခဲ့ျခင္းျဖစ္ေၾကာင္း ေဒသခံမ်ားက ဆိုသည္။

ထိုသို႔ ပစ္ခတ္ခံရမႈေၾကာင့္ အၿငိမ္းစားရဲအုပ္ျဖစ္သူ ဦးစိုးသက္ေအာင္သည္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့ကာ ေနရာ၌ပင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ပစ္ခတ္ခံရမႈေၾကာင့္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့ေသာ ရဲဒုတပ္ၾကပ္ေက်ာ္ေက်ာ္စိုးသည္ ေဆး႐ုံသို႔ ပို႔ေဆာင္ကုသေပးစဥ္အခ်ိန္တြင္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ အၿငိမ္းစာရဲအုပ္ႏွင့္ ရဲဒုတပ္ၾကပ္ကို ေပါင္းတည္ၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ PDF က ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္ကို ေတြ႕ရွိရသည္။

Related news

© 2021. All rights reserved.