မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးပပျောက်ရေးကို လုပ်ငန်းစဉ်(၂)ခုဖြင့် ဆောင်ရွက်နေဟု ရန်ကုန်တိုင်းဝန်ကြီးချုပ်ပြော

 676

သန့်ဇင် (NP News) - ဇွန် ၂၆

မြန်မာနိုင်ငံ၌ မူးယစ်ဆေးဝါးပပျောက်ရေးကို လုပ်ငန်းစဉ်(၂)ခုဖြင့် ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြောဆိုခဲ့သည်။

၎င်းက ယနေ့ (ဇွန်လ ၂၆ ရက်)၊ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ကုန်တင်ယာဉ်ရပ်နားကွင်း၌ ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ထုတ်လုပ်မှုပပျောက်ရေးနှင့် သုံးစွဲမှုပပျောက်ရေးလုပ်ငန်းစဉ်(၂)ခုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးချုပ် ဦးစိုးသိန်းက ဆိုခဲ့သည်။

“ထုပ်လုပ်မှု ပပျောက်ရေးအတွက် တားဆီးနှိမ်နင်းရေးနှင့် စီမံခန့်ခွဲရေး၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အ ထည်ဖော်ရေး၊ မွေးမြူရေး၊ သီးနှံအစားထိုးစိုက်ပျိုးရေးနဲ့ ဓာတုပစ္စည်းများ ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါတယ်”ဟု ဦးစိုးသိန်းက ပြောဆိုခဲ့သည်။

ထို့ပြင်မူးယစ်ဆေးဝါးသုံးစွဲမှုပပျောက်ရေး၌ မူးယစ်ဆေးဝါး အန္တရာယ်ကို ပြည်သူများအကြား ကျယ်ပြန့်စွာ သိရှိနိုင်ရန်နှင့် ထိန်းချုပ်နိုင်ရန်အတွက် ပြည်တွင်းအဖွဲ့အစည်း နိုင်ငံတကာအဖွဲ့စည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းကပြောဆိုထားသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို ထိန်းချုပ်နိုင်ရန် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်အခွန်ဦးစီဌာနတို့မှ ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
ျမန္မာႏိုင္ငံ၌ မူးယစ္ေဆးဝါးပေပ်ာက္ေရးကို လုပ္ငန္းစဥ္(၂)ခုျဖင့္ ေဆာင္႐ြက္ေနဟု ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ေျပာ

သန႔္ဇင္ (NP News) - ဇြန္ ၂၆

ျမန္မာႏိုင္ငံ၌ မူးယစ္ေဆးဝါးပေပ်ာက္ေရးကို လုပ္ငန္းစဥ္(၂)ခုျဖင့္ ေဆာင္႐ြက္ေနေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္းက ေျပာဆိုခဲ့သည္။

၎က ယေန႔ (ဇြန္လ ၂၆ ရက္)၊ နံနက္ပိုင္းတြင္ ရန္ကုန္တိုင္း၊ လႈိင္သာယာၿမိဳ႕နယ္၊ ကုန္တင္ယာဥ္ရပ္နားကြင္း၌ ျပဳလုပ္ေသာ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးတိုက္ဖ်က္ေရးေန႔ အခမ္းအနားတြင္ အထက္ပါကဲ့သို႔ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံတြင္ မူးယစ္ေဆးဝါးပေပ်ာက္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ရာ၌ ထုတ္လုပ္မႈပေပ်ာက္ေရးႏွင့္ သုံးစြဲမႈပေပ်ာက္ေရးလုပ္ငန္းစဥ္(၂)ခုျဖင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း ဝန္ႀကီးခ်ဳပ္ ဦးစိုးသိန္းက ဆိုခဲ့သည္။

“ထုပ္လုပ္မႈ ပေပ်ာက္ေရးအတြက္ တားဆီးႏွိမ္နင္းေရးႏွင့္ စီမံခန႔္ခြဲေရး၊ အစားထိုးဖြံ႕ၿဖိဳးမႈ အေကာင္အ ထည္ေဖာ္ေရး၊ ေမြးျမဴေရး၊ သီးႏွံအစားထိုးစိုက္ပ်ိဳးေရးနဲ႔ ဓာတုပစၥည္းမ်ား ထိန္းခ်ဳပ္ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္လ်က္ရွိပါတယ္”ဟု ဦးစိုးသိန္းက ေျပာဆိုခဲ့သည္။

ထို႔ျပင္မူးယစ္ေဆးဝါးသုံးစြဲမႈပေပ်ာက္ေရး၌ မူးယစ္ေဆးဝါး အႏၲရာယ္ကို ျပည္သူမ်ားအၾကား က်ယ္ျပန႔္စြာ သိရွိႏိုင္ရန္ႏွင့္ ထိန္းခ်ဳပ္ႏိုင္ရန္အတြက္ ျပည္တြင္းအဖြဲ႕အစည္း ႏိုင္ငံတကာအဖြဲ႕စည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနေၾကာင္း ၎ကေျပာဆိုထားသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးလုပ္ငန္းမ်ားကို ထိန္းခ်ဳပ္ႏိုင္ရန္ တပ္မေတာ္၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ အေကာက္အခြန္ဦးစီဌာနတို႔မွ ဌာနဆိုင္ရာ အဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းကာ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.