ကင်ညာနိုင်ငံ၊ အရှေ့တောင်ပိုင်းကျေးရွာ ၂ ရွာမှာ လက်နက်ကိုင် သောင်းကျန်းသူတွေကြောင့် အရပ်သား ငါးဦး သေဆုံး
374
ရောင်နီ (NP News) - ဇွန် ၂၆
ကင်ညာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ကျေးရွာနှစ်ရွာမှ တနင်္ဂနွေနေ့ (ဇွန်လ ၂၅ ရက်) က လက်နက်ကိုင် သောင်းကျန်းသူတွေရဲ့တိုက်ခိုက်မှုကြောင့် အရပ်သားငါးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
အဆိုပါတိုက်ခိုက်မှုဟာ ဆိုမာလီယာနယ်စပ်၊ လာမူ ကောင်တီရှိ ဂျူဟူဒီ နဲ့ ဆလာမာ ကျေးရွာတွေမှာ တနင်္ဂနွေနေ့(ဇွန်လ ၂၅ ရက်) က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ တိုက်ခိုက်သူတွေဟာ နေအိမ်တွေကို မီးရှို့၊ ပစ္စည်းတွေ ကို ဖျက်ဆီးခဲ့ရုံသာမက အသက် ၆ဝ အရွယ် အမျိုးသားတစ်ဦးကိုလည်း ကြိုးနဲ့ ချည်နှောင်ပြီး ခေါင်းဖြတ်သတ်ခဲ့ပါ တယ်။ အခြားလူ ၄ ဦးကတော့ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပြီး ၄င်းတို့ထဲမှာ အလယ်တန်းကျောင်းသူတစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
တိုက်ခိုက်ရေးသမားတွေဟာ ၄င်းတို့မထွက်ခွာမီ ရိက္ခာတွေကိုလည်း ခိုးယူသွားကြတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ရဲတပ်ဖွဲ့က အဆိုပါဖြစ်ရပ်ကို “အကြမ်းဖက်တိုက်ခိုက်မှု” အဖြစ် ဆိုခဲ့ပြီး တိုက်ခိုက်သူတွေဟာ ဆိုမာလီယာ အယ်လ်ရှာဘတ်အဖွဲ့မှ ကျုးကျော်သူများဖြစ်တယ်လို့ သံသယရှိထားပါတယ်။ လာမူ ကောင်တီ ဟာ ဆိုမာလီယာနဲ့ ကင်ညာနယ်စပ်အနီးမှာ တည်ရှိပြီး အယ်လ်ရှာဘတ် တိုက်ခိုက်ရေးသမားတွေဟာ ဗဟိုအစိုးရကို ကာကွယ်တဲ့ နိုင်ငံတကာငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ကို ကင်ညာမှ တပ်များဆုတ်ခွာဖို့ တွန်းအားပေးဖို့အတွက် အဆိုပါဒေသမှာ မကြာခဏတိုက်ခိုက်မှုတွေ ပြုလုပ်လေ့ရှိပါတယ်။
ကင်ညာဟာ ၂ဝ၁၁ ခုနှစ်မှာ ဆိုမာလီယာကို တပ်ဖွဲ့ဝင်တွေ စေလွှတ်ခဲ့ပြီး အယ်လ်ကေးဒါးနဲ့ ဆက်နွယ်နေတဲ့အဖွဲ့ ကို နှိမ်နင်းခဲ့ပါတယ်။ ဒါပေမယ့် ၎င်းဟာ ၂ဝ၁၃ ခုနှစ်မှာ နိုင်ရိုဘီရှိ Westgate ကုန်တိုက်မှာ သွေးထွက်သံယို တိုက်ခိုက်မှု အပါအဝင် လက်တုံ့ပြန်ချေမှုန်းမှု အများအပြားခံခဲ့ရပြီး လူပေါင်း ၆၇ ဦး သေဆုံးကာ ၂ဝ၁၅ ခုနှစ်၊ Garissa တက္ကသိုလ်တိုက်ခိုက်မှုမှာ လူပေါင်း ၁၄၈ ဦး သေဆုံးခဲ့ပါတယ်။
ဆိုမာလီယာနိုင်ငံမှာ AU အသွင်ကူးပြောင်းရေးမစ်ရှင် (ATMIS) မှ ကျောထောက်နောက်ခံပြုထားတဲ့ အစိုးရလိုလား တဲ့တပ်ဖွဲ့တွေက ပြီးခဲ့တဲ့ သြဂုတ်လက အယ်လ်ရှာဘတ်တွေကို ထိုးစစ်ဆင်ခဲ့ပေမယ့် အယ်လ်ရှာဘတ်ကတော့ သေစေလောက်တဲ့ တိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ဇွန်လ ၁၄ ရက်ကလည်း အယ်လ်ရှာဘတ်အဖွဲ့ဝင်လို့ သံသယရှိသူရဲ့တိုက်ခိုက်မှုကြောင့် ကင်ညာရဲတပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း အယ်လ်ရှာဘတ်နဲ့ဆက်နွယ်တဲ့ တိုက်ခိုက်မှုတွေကြောင့် နောက်ထပ် လူ ၁ဝ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
Zawgyi Version;
ကင္ညာႏိုင္ငံ၊ အေရွ႕ေတာင္ပိုင္းေက်း႐ြာ ၂ ႐ြာမွာ လက္နက္ကိုင္ ေသာင္းက်န္းသူေတြေၾကာင့္ အရပ္သား ငါးဦး ေသဆုံး
ေရာင္နီ (NP News) - ဇြန္ ၂၆
ကင္ညာႏိုင္ငံ အေရွ႕ေတာင္ပိုင္းရွိ ေက်း႐ြာႏွစ္႐ြာမွ တနဂၤေႏြေန႔ (ဇြန္လ ၂၅ ရက္) က လက္နက္ကိုင္ ေသာင္းက်န္းသူေတြရဲ႕တိုက္ခိုက္မႈေၾကာင့္ အရပ္သားငါးဦး ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားခဲ့ပါတယ္။
အဆိုပါတိုက္ခိုက္မႈဟာ ဆိုမာလီယာနယ္စပ္၊ လာမူ ေကာင္တီရွိ ဂ်ဴဟူဒီ နဲ႔ ဆလာမာ ေက်း႐ြာေတြမွာ တနဂၤေႏြေန႔(ဇြန္လ ၂၅ ရက္) က ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ တိုက္ခိုက္သူေတြဟာ ေနအိမ္ေတြကို မီးရႈိ႕၊ ပစၥည္းေတြ ကို ဖ်က္ဆီးခဲ့႐ုံသာမက အသက္ ၆ဝ အ႐ြယ္ အမ်ိဳးသားတစ္ဦးကိုလည္း ႀကိဳးနဲ႔ ခ်ည္ေႏွာင္ၿပီး ေခါင္းျဖတ္သတ္ခဲ့ပါ တယ္။ အျခားလူ ၄ ဦးကေတာ့ ေသနတ္နဲ႔ ပစ္သတ္ခံခဲ့ရၿပီး ၄င္းတို႔ထဲမွာ အလယ္တန္းေက်ာင္းသူတစ္ဦးလည္း ပါဝင္ခဲ့တယ္လို႔ သိရပါတယ္။
တိုက္ခိုက္ေရးသမားေတြဟာ ၄င္းတို႔မထြက္ခြာမီ ရိကၡာေတြကိုလည္း ခိုးယူသြားၾကတယ္လို႔ ေဒသခံတစ္ဦးက ေျပာပါတယ္။ ရဲတပ္ဖြဲ႕က အဆိုပါျဖစ္ရပ္ကို “အၾကမ္းဖက္တိုက္ခိုက္မႈ” အျဖစ္ ဆိုခဲ့ၿပီး တိုက္ခိုက္သူေတြဟာ ဆိုမာလီယာ အယ္လ္ရွာဘတ္အဖြဲ႕မွ က်ဳးေက်ာ္သူမ်ားျဖစ္တယ္လို႔ သံသယရွိထားပါတယ္။ လာမူ ေကာင္တီ ဟာ ဆိုမာလီယာနဲ႔ ကင္ညာနယ္စပ္အနီးမွာ တည္ရွိၿပီး အယ္လ္ရွာဘတ္ တိုက္ခိုက္ေရးသမားေတြဟာ ဗဟိုအစိုးရကို ကာကြယ္တဲ့ ႏိုင္ငံတကာၿငိမ္းခ်မ္းေရးထိန္းသိမ္းမႈတပ္ဖြဲ႕ကို ကင္ညာမွ တပ္မ်ားဆုတ္ခြာဖို႔ တြန္းအားေပးဖို႔အတြက္ အဆိုပါေဒသမွာ မၾကာခဏတိုက္ခိုက္မႈေတြ ျပဳလုပ္ေလ့ရွိပါတယ္။
ကင္ညာဟာ ၂ဝ၁၁ ခုႏွစ္မွာ ဆိုမာလီယာကို တပ္ဖြဲ႕ဝင္ေတြ ေစလႊတ္ခဲ့ၿပီး အယ္လ္ေကးဒါးနဲ႔ ဆက္ႏြယ္ေနတဲ့အဖြဲ႕ ကို ႏွိမ္နင္းခဲ့ပါတယ္။ ဒါေပမယ့္ ၎ဟာ ၂ဝ၁၃ ခုႏွစ္မွာ ႏိုင္႐ိုဘီရွိ Westgate ကုန္တိုက္မွာ ေသြးထြက္သံယို တိုက္ခိုက္မႈ အပါအဝင္ လက္တုံ႔ျပန္ေခ်မႈန္းမႈ အမ်ားအျပားခံခဲ့ရၿပီး လူေပါင္း ၆၇ ဦး ေသဆုံးကာ ၂ဝ၁၅ ခုႏွစ္၊ Garissa တကၠသိုလ္တိုက္ခိုက္မႈမွာ လူေပါင္း ၁၄၈ ဦး ေသဆုံးခဲ့ပါတယ္။
ဆိုမာလီယာႏိုင္ငံမွာ AU အသြင္ကူးေျပာင္းေရးမစ္ရွင္ (ATMIS) မွ ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ အစိုးရလိုလား တဲ့တပ္ဖြဲ႕ေတြက ၿပီးခဲ့တဲ့ ၾသဂုတ္လက အယ္လ္ရွာဘတ္ေတြကို ထိုးစစ္ဆင္ခဲ့ေပမယ့္ အယ္လ္ရွာဘတ္ကေတာ့ ေသေစေလာက္တဲ့ တိုက္ခိုက္မႈေတြကို ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။
ဇြန္လ ၁၄ ရက္ကလည္း အယ္လ္ရွာဘတ္အဖြဲ႕ဝင္လို႔ သံသယရွိသူရဲ႕တိုက္ခိုက္မႈေၾကာင့္ ကင္ညာရဲတပ္ဖြဲ႕ဝင္ ရွစ္ဦး ေသဆုံးခဲ့ပါတယ္။ ၿပီးခဲ့တဲ့သီတင္းႏွစ္ပတ္အတြင္း အယ္လ္ရွာဘတ္နဲ႔ဆက္ႏြယ္တဲ့ တိုက္ခိုက္မႈေတြေၾကာင့္ ေနာက္ထပ္ လူ ၁ဝ ဦး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။