ကျိုက်မရောမြို့နယ်တွင် KNU နှင့် PDF အဖွဲ့ကလက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ဆို

 679

NP News - ဇူလိုင် ၅

ကရင်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် KNU နှင့် PDF အဖွဲ့က လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက် ခိုက်မှုကြောင့် (၂၉)နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သော(ဇူလိုင်လ ၂ ရက်)၊ နံနက် ၁၁နာရီအချိန်တွင် ကျိုက်မရောမြို့နယ်၊ ချောင်နှစ်ခွကျေးရွာတွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာအတွင်းသို့ အရှေ့ဘက် ၅ဖာလုံခန့်အကွာ မရမ်းကုန်ကျေးရွာဘက်မှနေ၍ KNU နှင့် PDF အဖွဲ့က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။

ထို့သို့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ချောင်းနှစ်ခွကျေးရွာတွင်းသို့ လက်နက်ကြီးကျည်တစ်လုံး ကျ‌ရောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ကျရောက်ပေါက်ကွဲမှုကြောင့် အဆိုပါကျေးရွာနေ ကိုငြိမ်းချမ်း(၂၉)နှစ်တွင် လက်နက်ကြီးကျည်ပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် အပြစ်မဲ့ပြည်သူများနေထိုင်ရာ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခက်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအပြစ်ပေးနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။

zawgyi version

NP News - ဇူလိုင် ၅







Related news

© 2021. All rights reserved.