စစ်တွေမှ ထွက်ခွာသွားသူအချို့ တဖြည်းဖြည်း ပြန်လည် ဝင်ရောက်လာနေ

 3966

သုတကျော် (NP News) - စက်တင်ဘာ ၁၁

ရခိုင်ပြည်နယ် အစိုးရရုံးစိုက်ရာ စစ်တွေမြို့မှထွက်ခွာသွားသော ပြည်သူများ တဖြည်းဖြည်း ပြန်လည်ဝင်ရောက် လာနေကြောင်း စစ်တွေမြို့ခံ တစ်ဦးထံ NP News က မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

လက်ရှိ အခြေအနေအရ ရခိုင်ပြည်နယ် တောင်ပိုင်းတွင် AA အဖွဲ့က တိုက်ပွဲများ ဖော်ဆောင်နေကာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်မူ တိုက်ပွဲ ငြိမ်သက်သော အခြေအနေဖြစ်နေသည်။

NP News က မေးမြန်း စုံစမ်းထားသော အချက်အလက်များအရ AA ထိန်း ချုပ်ရာနယ်မြေတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုများ ဖြစ်နေပြီး ဆေးဝါးရှားပါးသည့် အခြေအနေရှိကာ ပြည်သူများ ကျပ်တည်းနေကြသည်။

‘စစ်တွေကိုတော့ မြို့ကခွာသွားတဲ့သူတွေ တဖြည်းဖြည်း ပြန်ဝင်လာနေကြတယ်။ လူတွေက တိုက်ပွဲ ဖြစ်လုဖြစ် လုဆိုပြီး ထွက်သွားကြတာ။ ဒါပေမဲ့ အခုက ဘာမှမဖြစ်သေးဘူး။ ပြီးတော့ တစ်နေရာမှာ အကြာကြီး စစ်ဘေးရှောင်ဖို့ ဆိုတာကလည်း မလွယ်ဘူးလေ။ အဲဒါကြောင့် ပြန်လာတာမျိုး ဖြစ်နိုင်တယ်။ ငွေရေးကြေးရေး အခြေအနေကြောင့် လည်း ပြန်လာတာ ဖြစ်နိုင်တယ်။ မြို့က ဧပြီ၊ မေ၊ ဇွန်မှာ တော်တော်လေး ခြောက်ကပ်သွားတယ်လို့ ပြော တယ်။ အခုက ပြန်စိုပြည်လာတာပေါ့’ ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ စစ်တွေမြို့တွင် အစိုးရဝန်ထမ်းများ လုံခြုံရေးအတွက်လည်း ဆောင်ရွက်ထားကြောင်း သိရသည်။

‘လက်ရှိက အစိုးရဝန်ထမ်းတွေ အေးအေး ဆေးဆေး အလုပ်လုပ်လို့ရတယ်။ လုံလုံခြုံခြုံ သွားနိုင်တဲ့ အခြေအနေပါ’ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် AA က တိုက်ပွဲများ စတင်ဖော်ဆောင်ပြီးနောက် ဒေသခံအများအပြား နေရပ်စွန့်ခွာ တိမ်း ရှောင်ခဲ့ရပြီး ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအထိ တိမ်း ရှောင်ခဲ့ရကာ အချို့မှာ နေရပ်သို့မပြန်တော့ဘဲ ရောက်သည့်နေရာတွင် အခြေချနေထိုင်သူများလည်းရှိသည်။

ရခိုင်ပြည်နယ်အတွင်းမှာပင် တိမ်းရှောင်သော စစ်ဘေးရှောင်အချို့မှာ စစ်ဘေးရှောင်စခန်းများတွင် ခိုလှုံ နေရပြီး ယခုထက်တိုင် နေရပ်ပြန်ရခြင်း မရှိသေးဘဲ အခက်အခဲများ တွေ့ကြုံနေကြရသည်။

‘တစ်ခါမှ မကြားဖူးတဲ့ဈေးတွေဖြစ်တဲ့အထိ ဈေးတက်တာ။ အရင်ပြည်မကကုန်ပစ္စည်း မဝင်ရင် ဈေးကထိုးတက် သွားတာပဲ။ အခုတော့ အရင်လို မဟုတ်တော့ဘူး။ ဒါပေမဲ့ ကုန်ဈေးနှုန်းက ကျတယ်ဆိုတာတောင် အရင်က ငါးထောင်တန်က သုံးသောင်းလောက် ဖြစ်နေသေးတယ်’ဟု ရခိုင်ပြည်နယ်မှ မကွေးတိုင်းဒေသကြီးသို့ စစ်ဘေးရှောင်လာခဲ့သူတစ်ဦးကဆိုသည်။

zawgyi version
စစ္ေတြမွ ထြက္ခြာသြားသူအခ်ိဳ႕ တျဖည္းျဖည္း ျပန္လည္ ဝင္ေရာက္လာေန
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁၁

ရခိုင္ျပည္နယ္ အစိုးရ႐ုံးစိုက္ရာ စစ္ေတြၿမိဳ႕မွထြက္ခြာသြားေသာ ျပည္သူမ်ား တျဖည္းျဖည္း ျပန္လည္ဝင္ေရာက္ လာေနေၾကာင္း စစ္ေတြၿမိဳ႕ခံ တစ္ဦးထံ NP News က ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

လက္ရွိ အေျခအေနအရ ရခိုင္ျပည္နယ္ ေတာင္ပိုင္းတြင္ AA အဖြဲ႕က တိုက္ပြဲမ်ား ေဖာ္ေဆာင္ေနကာ ရခိုင္ျပည္နယ္ေျမာက္ပိုင္းတြင္မူ တိုက္ပြဲ ၿငိမ္သက္ေသာ အေျခအေနျဖစ္ေနသည္။

NP News က ေမးျမန္း စုံစမ္းထားေသာ အခ်က္အလက္မ်ားအရ AA ထိန္း ခ်ဳပ္ရာနယ္ေျမတြင္ ကုန္ေဈးႏႈန္းႀကီးျမင့္မႈမ်ား ျဖစ္ေနၿပီး ေဆးဝါးရွားပါးသည့္ အေျခအေနရွိကာ ျပည္သူမ်ား က်ပ္တည္းေနၾကသည္။

‘စစ္ေတြကိုေတာ့ ၿမိဳ႕ကခြာသြားတဲ့သူေတြ တျဖည္းျဖည္း ျပန္ဝင္လာေနၾကတယ္။ လူေတြက တိုက္ပြဲ ျဖစ္လုျဖစ္ လုဆိုၿပီး ထြက္သြားၾကတာ။ ဒါေပမဲ့ အခုက ဘာမွမျဖစ္ေသးဘူး။ ၿပီးေတာ့ တစ္ေနရာမွာ အၾကာႀကီး စစ္ေဘးေရွာင္ဖို႔ ဆိုတာကလည္း မလြယ္ဘူးေလ။ အဲဒါေၾကာင့္ ျပန္လာတာမ်ိဳး ျဖစ္ႏိုင္တယ္။ ေငြေရးေၾကးေရး အေျခအေနေၾကာင့္ လည္း ျပန္လာတာ ျဖစ္ႏိုင္တယ္။ ၿမိဳ႕က ဧၿပီ၊ ေမ၊ ဇြန္မွာ ေတာ္ေတာ္ေလး ေျခာက္ကပ္သြားတယ္လို႔ ေျပာ တယ္။ အခုက ျပန္စိုျပည္လာတာေပါ့’ ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။ စစ္ေတြၿမိဳ႕တြင္ အစိုးရဝန္ထမ္းမ်ား လုံၿခဳံေရးအတြက္လည္း ေဆာင္႐ြက္ထားေၾကာင္း သိရသည္။

‘လက္ရွိက အစိုးရဝန္ထမ္းေတြ ေအးေအး ေဆးေဆး အလုပ္လုပ္လို႔ရတယ္။ လုံလုံၿခဳံၿခဳံ သြားႏိုင္တဲ့ အေျခအေနပါ’ဟု ၎က ဆိုသည္။

ရခိုင္ျပည္နယ္တြင္ AA က တိုက္ပြဲမ်ား စတင္ေဖာ္ေဆာင္ၿပီးေနာက္ ေဒသခံအမ်ားအျပား ေနရပ္စြန႔္ခြာ တိမ္း ေရွာင္ခဲ့ရၿပီး ဧရာဝတီတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီးႏွင့္ ပဲခူးတိုင္းေဒသႀကီးအထိ တိမ္း ေရွာင္ခဲ့ရကာ အခ်ိဳ႕မွာ ေနရပ္သို႔မျပန္ေတာ့ဘဲ ေရာက္သည့္ေနရာတြင္ အေျခခ်ေနထိုင္သူမ်ားလည္းရွိသည္။

ရခိုင္ျပည္နယ္အတြင္းမွာပင္ တိမ္းေရွာင္ေသာ စစ္ေဘးေရွာင္အခ်ိဳ႕မွာ စစ္ေဘးေရွာင္စခန္းမ်ားတြင္ ခိုလႈံ ေနရၿပီး ယခုထက္တိုင္ ေနရပ္ျပန္ရျခင္း မရွိေသးဘဲ အခက္အခဲမ်ား ေတြ႕ႀကဳံေနၾကရသည္။

‘တစ္ခါမွ မၾကားဖူးတဲ့ေဈးေတြျဖစ္တဲ့အထိ ေဈးတက္တာ။ အရင္ျပည္မကကုန္ပစၥည္း မဝင္ရင္ ေဈးကထိုးတက္ သြားတာပဲ။ အခုေတာ့ အရင္လို မဟုတ္ေတာ့ဘူး။ ဒါေပမဲ့ ကုန္ေဈးႏႈန္းက က်တယ္ဆိုတာေတာင္ အရင္က ငါးေထာင္တန္က သုံးေသာင္းေလာက္ ျဖစ္ေနေသးတယ္’ဟု ရခိုင္ျပည္နယ္မွ မေကြးတိုင္းေဒသႀကီးသို႔ စစ္ေဘးေရွာင္လာခဲ့သူတစ္ဦးကဆိုသည္။

Related news

© 2021. All rights reserved.