စမ်းချောင်းမြို့နယ်တွင် အသက်(၂ဝ)ဝန်းကျင် အမျိုးသမီတစ်ဦး အိမ်တွင်ရှိနေစဉ် ဓားဖြင့်အချက်ပေါင်းများစွာ အထိုးခံရ
43972
ချယ်ရီ (NP News) - စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် အသက်(၂ဝ)ဝန်းကျင် အမျိုးသမီးငယ်တစ်ဦး အိမ်တွင်ရှိနေစဉ် ဓားဖြင့်အချက်ပေါင်းများစွာ အထိုးခံရသည့် ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၀ ရက်)၊ ည ၉နာရီ ၃၀မိနစ်အချိန်ခန့်က စမ်းချောင်းမြို့နယ်၊ မိုးမခလမ်းရှိ တိုက်တစ်တိုက်၏ ပထမ ထပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဆောင်ငှားနေတယ်လို့ပြောပါတယ်။ သူငယ်ချင်းနှစ်ယောက်လို့တော့ပြောတယ်။ ဒါပေမဲ့ တစ်ယောက် ကတော့မရှိဘူး။ အလုပ်သွားတာလား၊ အပြင်သွားတာလား မသိဘူးပေါ့နော် သူတစ်ယောက်ပဲရှိတယ်။ ၉နာရီ ခွဲဝန်းကျင်လောက်က ကောင်လေးတစ်ယောက်တက်လာပြီးတော့ ဓားနဲ့ထိုးတယ်လို့ အရပ်ထဲကပြောတာပေါ့နော်။ ကောင်မလေးရဲ့ပြောပြချက်အရ သူ့သူငယ်ချင်းရဲ့ရည်းစားလို့ပြောတယ်။ သူတို့ကြားထဲ ဘာပြဿနာရှိလဲတော့ မသိဘူး။ အဲဒီကောင်လေးက ဓားနဲ့ထိုးပြီး တိုက်ပေါ်ကပြေးဆင်းသွားတာတော့ ဘေးတိုက်တွေကတော့ တွေ့တယ်ပေါ့နော်” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
ဓားဖြင့် အထိုးခံရသူ အမျိုးသမီးငယ်က ဘေးအခန်းများကို အကူအညီတောင်းသည့်အတွက် ဖြစ်စဉ်ကို ပတ်ဝန်းကျင်ကသိကာ စမ်းချောင်းအရန်မီးသတ်တပ်ဖွဲ့သို့ ဆက်သွယ်အကူအညီတောင်းခံသောကြောင့် လူနာကို ဆေးရုံသို့ ပို့ပေးခဲ့ကြောင်း သိရသည်။
ကျူးလွန်သူသည် သေစေလောက်သော အကြံဖြင့် ထိုးသတ်သော်လည်း အမျိုးသမီးငယ်က ရုန်းကန်ခဲ့သောကြောင့် သေစေလောက်သော နေရာများကို ထိုးမိခဲ့ခြင်းမရှိဘဲ ဝဲယာပါးနှစ်ဖက်တွင် ပြတ်ရှဒဏ်ရာ ၂ ချက်၊ လည်ပင်းတွင် ဓားဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်တွင် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ခြေထောက်တွင် ဓားဒဏ်ရာ ၁ ချက် ရရှိခဲ့ကြောင်း သိရသည်။
“ညကပို့ခဲ့တာတော့ စကားတွေ၊ ဘာတွေတော့ လတ်တလော ပြောနိုင်သေးတယ်။ ကြည့်ပုံအရဆိုရင်တော့ စိုးရိမ်ရတဲ့ဒဏ်ရာဆိုရင်တော့ ရင်ဘက်လေပြွန်အနားပေါ့နော်။ အဲဒီနားတစ်ချက်နည်းနည်းလေး စိုးရိမ်ရတယ်ပေါ့နော်။ ကျန်တဲ့နေရာတွေက အပေါ်ယံထိထားတဲ့သဘောပေါ့” ဟု ၎င်းက ပြောသည်။
ဤဖြစ်စဉ်နှင့်ပတ်သက်၌ ပြစ်မှုကျူးလွန်သူအမျိုးသားကို သက်ဆိုင်ရာရဲတပ်ဖွဲ့က လိုက်လံ၍ စုံစမ်းစစ်ဆေးရှာဖွေမှုများပြုလုပ်နေကြောင်း သိရသည်။
zawgyi version
စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ အသက္(၂ဝ)ဝန္းက်င္ အမ်ိဳးသမီတစ္ဦး အိမ္တြင္ရွိေနစဥ္ ဓားျဖင့္အခ်က္ေပါင္းမ်ားစြာ အထိုးခံရ
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၁
ရန္ကုန္တိုင္းေဒသႀကီး၊ စမ္းေခ်ာင္းၿမိဳ႕နယ္တြင္ အသက္(၂ဝ)ဝန္းက်င္ အမ်ိဳးသမီးငယ္တစ္ဦး အိမ္တြင္ရွိေနစဥ္ ဓားျဖင့္အခ်က္ေပါင္းမ်ားစြာ အထိုးခံရသည့္ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ေၾကာင္း စမ္းေခ်ာင္းအရန္မီးသတ္တပ္ဖြဲ႕မွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၁၀ ရက္)၊ ည ၉နာရီ ၃၀မိနစ္အခ်ိန္ခန႔္က စမ္းေခ်ာင္းၿမိဳ႕နယ္၊ မိုးမခလမ္းရွိ တိုက္တစ္တိုက္၏ ပထမ ထပ္တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“အေဆာင္ငွားေနတယ္လို႔ေျပာပါတယ္။ သူငယ္ခ်င္းႏွစ္ေယာက္လို႔ေတာ့ေျပာတယ္။ ဒါေပမဲ့ တစ္ေယာက္ ကေတာ့မရွိဘူး။ အလုပ္သြားတာလား၊ အျပင္သြားတာလား မသိဘူးေပါ့ေနာ္ သူတစ္ေယာက္ပဲရွိတယ္။ ၉နာရီ ခြဲဝန္းက်င္ေလာက္က ေကာင္ေလးတစ္ေယာက္တက္လာၿပီးေတာ့ ဓားနဲ႔ထိုးတယ္လို႔ အရပ္ထဲကေျပာတာေပါ့ေနာ္။ ေကာင္မေလးရဲ႕ေျပာျပခ်က္အရ သူ႔သူငယ္ခ်င္းရဲ႕ရည္းစားလို႔ေျပာတယ္။ သူတို႔ၾကားထဲ ဘာျပႆနာရွိလဲေတာ့ မသိဘူး။ အဲဒီေကာင္ေလးက ဓားနဲ႔ထိုးၿပီး တိုက္ေပၚကေျပးဆင္းသြားတာေတာ့ ေဘးတိုက္ေတြကေတာ့ ေတြ႕တယ္ေပါ့ေနာ္” ဟု အထက္ပါ တာဝန္ရွိသူက ေျပာသည္။
ဓားျဖင့္ အထိုးခံရသူ အမ်ိဳးသမီးငယ္က ေဘးအခန္းမ်ားကို အကူအညီေတာင္းသည့္အတြက္ ျဖစ္စဥ္ကို ပတ္ဝန္းက်င္ကသိကာ စမ္းေခ်ာင္းအရန္မီးသတ္တပ္ဖြဲ႕သို႔ ဆက္သြယ္အကူအညီေတာင္းခံေသာေၾကာင့္ လူနာကို ေဆး႐ုံသို႔ ပို႔ေပးခဲ့ေၾကာင္း သိရသည္။
က်ဴးလြန္သူသည္ ေသေစေလာက္ေသာ အႀကံျဖင့္ ထိုးသတ္ေသာ္လည္း အမ်ိဳးသမီးငယ္က ႐ုန္းကန္ခဲ့ေသာေၾကာင့္ ေသေစေလာက္ေသာ ေနရာမ်ားကို ထိုးမိခဲ့ျခင္းမရွိဘဲ ဝဲယာပါးႏွစ္ဖက္တြင္ ျပတ္ရွဒဏ္ရာ ၂ ခ်က္၊ လည္ပင္းတြင္ ဓားဒဏ္ရာ ၁ ခ်က္၊ ဝမ္းဗိုက္တြင္ ျပတ္ရွဒဏ္ရာ ၁ ခ်က္၊ ေျခေထာက္တြင္ ဓားဒဏ္ရာ ၁ ခ်က္ ရရွိခဲ့ေၾကာင္း သိရသည္။
“ညကပို႔ခဲ့တာေတာ့ စကားေတြ၊ ဘာေတြေတာ့ လတ္တေလာ ေျပာႏိုင္ေသးတယ္။ ၾကည့္ပုံအရဆိုရင္ေတာ့ စိုးရိမ္ရတဲ့ဒဏ္ရာဆိုရင္ေတာ့ ရင္ဘက္ေလႁပြန္အနားေပါ့ေနာ္။ အဲဒီနားတစ္ခ်က္နည္းနည္းေလး စိုးရိမ္ရတယ္ေပါ့ေနာ္။ က်န္တဲ့ေနရာေတြက အေပၚယံထိထားတဲ့သေဘာေပါ့” ဟု ၎က ေျပာသည္။
ဤျဖစ္စဥ္ႏွင့္ပတ္သက္၌ ျပစ္မႈက်ဴးလြန္သူအမ်ိဳးသားကို သက္ဆိုင္ရာရဲတပ္ဖြဲ႕က လိုက္လံ၍ စုံစမ္းစစ္ေဆးရွာေဖြမႈမ်ားျပဳလုပ္ေနေၾကာင္း သိရသည္။