ပြည်ပထောက်လှမ်းရေးအေဂျင်စီများက ရုပ်ရည်ချောမောသူများကို အသုံးချပြီး စပိုင်အသစ်များမွေးမြူရန် ကြိုးပမ်းလာဖွယ်ရှိနေဟု တရုတ်အစိုးရ သတိပေး

 2020

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၁

တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက လူငယ်များအနေဖြင့် ရုပ်ရည်ချောမောလှပသည့် အမျိုးသား၊ အမျိုးသမီးများကို သတိထားစေလိုကြောင်း နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့များသည် ရုပ်ရည်ချောမောသည့် အမျိုးသား၊အမျိုးသမီးများကို အသုံး ချပြီး တရုတ်လူငယ်များကို စပိုင်အဖြစ် စည်းရုံးအ သုံးချရန် ကြိုးပမ်းလာဖွယ်ရှိနေကြောင်း သတိပေးပြောဆိုလိုက်သည်။

တရုတ်လူငယ်များအနေဖြင့် ရုပ်ရည်ချောမော သည့် အမျိုးသား၊ အမျိုးသမီးများကိုအသုံးချမည့် ပြည်ပအခြေစိုက် စပိုင်အေဂျင်စီများ၏ ထောင် ချောက်ထဲသို့မဝင်ရောက်စေရန် သတိထားရမည်ဖြစ် ကြောင်း တရုတ်အစိုးရက သတိပေးထားသည်။

တရုတ်ပြည်သူ့ရေးရာ လုံခြုံရေးဝန်ကြီးဌာနက "ပြည်ပအခြေစိုက် ထောက်လှမ်းရေးအဖွဲ့တွေဟာ တရုတ်ကျောင်းသားတွေ၊ လူငယ်တွေကို မကြာခဏ ပစ်မှတ်ထားနေတယ်။ မှားယွင်းတဲ့အချစ်ထောင် ချောက်ထဲ ဆင်းသက်စေတဲ့ပုံစံမျိုးလုပ်ဆောင်လာ ဖွယ်ရှိနေပါတယ်။ တရုတ်လူငယ်တွေနဲ့ ရင်နှီးစေဖို့၊ ဆွဲဆောင်စေဖို့၊ စပိုင်အဖြစ် လူသစ်စုဆောင်းနိုင်ဖို့ ရုပ်ရည်ချောမောသူတွေကို အသုံးချတာမျိုးတွေရှိ လာနိုင်တယ်"ဟု ပြောသည်။

ပြည်ပထောက်လှမ်းရေး အေဂျင်စီအဖွဲ့များ သည် ကျောင်းသားများကိုအချိန်ပိုင်း စပိုင်လုပ်ငန်း များ လုပ်ကိုင်ရာတွင်လည်း မြင့်မားသောငွေကြေး များ ပေးလေ့ရှိနေကြောင်း၊ ကျောင်းသားများကို စပိုင် အဖြစ်အသုံးချပြီး ဈေးကွက်သုတေသန သို့မဟုတ် ပညာရေး လေ့ကျင့်ခန်းဆိုင်ရာသတင်းအချက်အ လက်များကို သိရှိနိုင်ရန် ကြိုးပမ်းခြင်းများမကြာခဏလုပ်ဆောင်နေကြောင်း တရုတ်ပြည်သူ့ရေးရာလုံခြုံရေးအဖွဲ့က ပြောသည်။

တရုတ်အာဏာပိုင်များသည် တရုတ်ကျောင်း သားများကို စပိုင်အဖြစ်မွေးမြူရန်၊ အသုံးချရန် ကြိုး ပမ်းနေသည့် ပြည်ပနိုင်ငံများ၏ စပိုင်ထောက် လှမ်း ရေးအဖွဲ့အစည်းများအမည်ကို အသေးစိတ်ဖော်ပြခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ သို့သော်လည်း တရုတ်အစိုးရက အမေရိကန်နှင့် ဗြိတိန်တို့သည် တရုတ်နိုင်ငံသားများကို စပိုင်အဖြစ် အသုံးချရန် ကြိုးပမ်းခြင်းများရှိနေကြောင်း မကြာခဏစွပ်စွဲခြင်းများ ရှိနေသည်။

တရုတ်အစိုးရသည် ပြီးခဲ့သော ဇွန်လတွင် ဗြိတိန်ပြည်ပထောက်လှမ်း ရေး MI6 အတွက် အလုပ်လုပ်ပေးနေသူအဖြစ် သံသယရှိသည့် တရုတ်နိုင်ငံ သားနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ဖူးသည်။

zawgyi version
ျပည္ပေထာက္လွမ္းေရးေအဂ်င္စီမ်ားက ႐ုပ္ရည္ေခ်ာေမာသူမ်ားကို အသုံး ခ်ၿပီး စပိုင္အသစ္မ်ားေမြးျမဴရန္ ႀကိဳးပမ္းလာဖြယ္ရွိေနဟု တ႐ုတ္အစိုးရ သတိေပး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၁

တ႐ုတ္ျပည္သူ႔လုံၿခဳံေရးဝန္ႀကီးဌာနက လူငယ္မ်ားအေနျဖင့္ ႐ုပ္ရည္ေခ်ာေမာလွပသည့္ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားကို သတိထားေစလိုေၾကာင္း ႏိုင္ငံျခားေထာက္လွမ္းေရးအဖြဲ႕မ်ားသည္ ႐ုပ္ရည္ေခ်ာေမာသည့္ အမ်ိဳးသား၊အမ်ိဳးသမီးမ်ားကို အသုံး ခ်ၿပီး တ႐ုတ္လူငယ္မ်ားကို စပိုင္အျဖစ္ စည္း႐ုံးအ သုံးခ်ရန္ ႀကိဳးပမ္းလာဖြယ္ရွိေနေၾကာင္း သတိေပးေျပာဆိုလိုက္သည္။

တ႐ုတ္လူငယ္မ်ားအေနျဖင့္ ႐ုပ္ရည္ေခ်ာေမာ သည့္ အမ်ိဳးသား၊ အမ်ိဳးသမီးမ်ားကိုအသုံးခ်မည့္ ျပည္ပအေျခစိုက္ စပိုင္ေအဂ်င္စီမ်ား၏ ေထာင္ ေခ်ာက္ထဲသို႔မဝင္ေရာက္ေစရန္ သတိထားရမည္ျဖစ္ ေၾကာင္း တ႐ုတ္အစိုးရက သတိေပးထားသည္။

တ႐ုတ္ျပည္သူ႔ေရးရာ လုံၿခဳံေရးဝန္ႀကီးဌာနက "ျပည္ပအေျခစိုက္ ေထာက္လွမ္းေရးအဖြဲ႕ေတြဟာ တ႐ုတ္ေက်ာင္းသားေတြ၊ လူငယ္ေတြကို မၾကာခဏ ပစ္မွတ္ထားေနတယ္။ မွားယြင္းတဲ့အခ်စ္ေထာင္ ေခ်ာက္ထဲ ဆင္းသက္ေစတဲ့ပုံစံမ်ိဳးလုပ္ေဆာင္လာ ဖြယ္ရွိေနပါတယ္။ တ႐ုတ္လူငယ္ေတြနဲ႔ ရင္ႏွီးေစဖို႔၊ ဆြဲေဆာင္ေစဖို႔၊ စပိုင္အျဖစ္ လူသစ္စုေဆာင္းႏိုင္ဖို႔ ႐ုပ္ရည္ေခ်ာေမာသူေတြကို အသုံးခ်တာမ်ိဳးေတြရွိ လာႏိုင္တယ္"ဟု ေျပာသည္။

ျပည္ပေထာက္လွမ္းေရး ေအဂ်င္စီအဖြဲ႕မ်ား သည္ ေက်ာင္းသားမ်ားကိုအခ်ိန္ပိုင္း စပိုင္လုပ္ငန္း မ်ား လုပ္ကိုင္ရာတြင္လည္း ျမင့္မားေသာေငြေၾကး မ်ား ေပးေလ့ရွိေနေၾကာင္း၊ ေက်ာင္းသားမ်ားကို စပိုင္ အျဖစ္အသုံးခ်ၿပီး ေဈးကြက္သုေတသန သို႔မဟုတ္ ပညာေရး ေလ့က်င့္ခန္းဆိုင္ရာသတင္းအခ်က္အ လက္မ်ားကို သိရွိႏိုင္ရန္ ႀကိဳးပမ္းျခင္းမ်ားမၾကာခဏလုပ္ေဆာင္ေနေၾကာင္း တ႐ုတ္ျပည္သူ႔ေရးရာလုံၿခဳံေရးအဖြဲ႕က ေျပာသည္။

တ႐ုတ္အာဏာပိုင္မ်ားသည္ တ႐ုတ္ေက်ာင္း သားမ်ားကို စပိုင္အျဖစ္ေမြးျမဴရန္၊ အသုံးခ်ရန္ ႀကိဳး ပမ္းေနသည့္ ျပည္ပႏိုင္ငံမ်ား၏ စပိုင္ေထာက္ လွမ္း ေရးအဖြဲ႕အစည္းမ်ားအမည္ကို အေသးစိတ္ေဖာ္ျပျခင္းမ်ိဳး မရွိခဲ့ေၾကာင္း သိရသည္။ သို႔ေသာ္လည္း တ႐ုတ္အစိုးရက အေမရိကန္ႏွင့္ ၿဗိတိန္တို႔သည္ တ႐ုတ္ႏိုင္ငံသားမ်ားကို စပိုင္အျဖစ္ အသုံးခ်ရန္ ႀကိဳးပမ္းျခင္းမ်ားရွိေနေၾကာင္း မၾကာခဏစြပ္စြဲျခင္းမ်ား ရွိေနသည္။

တ႐ုတ္အစိုးရသည္ ၿပီးခဲ့ေသာ ဇြန္လတြင္ ၿဗိတိန္ျပည္ပေထာက္လွမ္း ေရး MI6 အတြက္ အလုပ္လုပ္ေပးေနသူအျဖစ္ သံသယရွိသည့္ တ႐ုတ္ႏိုင္ငံ သားႏွစ္ဦးကို ဖမ္းဆီးခဲ့ေၾကာင္း သတင္းထုတ္ျပန္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.