ရေကြီးမှုများကြောင့် လူသေဆုံးမှုမြင့်တက်ခြင်းများနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရတာဝန်ရှိသူများကို သမ္မတယွန်ဆက်ယိုလ် ဝေဖန်ပြစ်တင်
574
ဂျန်ဇက် (NP News) - ဇူလိုင် ၁၇
တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်ဟာ သဘာဝဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ရေးနဲ့ပတ်သက်တဲ့စည်းကမ်း တွေကို လိုက်နာဖို့ ပျက်ကွက်ခြင်းများအတွက် တောင်ကိုရီးယားအာဏာပိုင်တွေကို ဝေဖန်ပြစ်တင်လိုက်ကြောင်း သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုနဲ့အတူ ရေကြီးမှုများကြောင့် မြေအောက် လှိုင်ခေါင်းထဲမှာ ပိတ်မိမှုကြောင့် သေဆုံးသူဒါဇင်ချီ အပါအဝင် လူပေါင်း ၃၉ ဦးအထိ သေဆုံးခဲ့ရကြောင်း သိရပါတယ်။
တောင်ကိုရီးယားနိုင်ငံ အလယ်ပိုင်း နဲ့ တောင်ပိုင်းတို့မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက် နောက်ပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းမှုများနဲ့အတူ ရေကြီးမှုများဖြစ်လာခဲ့ရာ နိုင်ငံတဝှမ်းမှာ လူပေါင်း ၉ ဦး ပျောက်ဆုံးနေပြီး ဒဏ်ရာရသူ ၃၄ ဦးအထိ ရှိနေခဲ့ကြောင်း တောင်ကိုရီးယားပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါ တယ်။
မြစ်ကမ်းပါးပြိုကျမှုများကြောင့် ဇူလိုင် ၁၅ ရက်မှာ ရေကြီးမှုများပိုမိုဖြစ်လာခဲ့ပြီး Cheongju မြို့လယ်ခေါင်ရှိ မြေအောက်ဥမင်လှိုင်ခေါင်းထဲကို ရေများဝင်ရောက်လာခဲ့ရာ ဘတ်စ်ကားတစ်စီးအပါအဝင် ကားပေါင်း ၁၆ စီးခန့် ဟာ ရေကြီးနေတဲ့ မြေအောက်ဥမင်လှိုင်ခေါင်းထဲ ပိတ်မိနေတဲ့အတွက် လူပေါင်းဒါဇင်ချီ သေဆုံးခဲ့ကြောင်း သိရပါတယ်။ လူသေဆုံးမှုများနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရရဲ့ရေကြီးမှု တုံ့ပြန်တားဆီးရေးအစီအစဉ်များ အပေါ် စိတ်ဆိုးဒေါသဖြစ်ကာ ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။
တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ်ကလည်း Cheongju မြို့လယ်ခေါင်ရှိ မြေအောက်ဥမင်လှိုင်ခေါင်းအတွင်း ရေကြီးမှုများဖြစ်ပေါ်ခြင်းနဲ့ လူသေဆုံးခဲ့ရခြင်းကို စုံစမ်းစစ်ဆေးမယ်လို့ ပြောပါတယ်။ ကားမောင်းသမားများက ရေကြီးမှုများဖြစ်ပေါ်နေချိန်မှာ အစိုးရတာဝန်ရှိသူများဟာ မြေအောက်ဥမင်လှိုင်ခေါင်းအတွင်း ဖြတ်သန်းသွားလာ ခြင်းကို တားဆီးပိတ်ပင်ဖို့ ပျက်ကွက်ခဲ့ကြောင်း ဝေဖန်ထားပါတယ်။
ပြည်ပခရီးမှပြန်လာတဲ့ တောင်ကိုရီးယားသမ္မတဟာ ရေကြီးမှုများအပေါ် တုံ့ပြန်ဆောင်ရွက်မှုများနဲ့ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီးအခြေနေတွေက စီမံခန့်ခွဲမှုမကောင်းမွန် တာကို ပြသနေကြောင်း ပြောပါတယ်။တောင်ကိုရီးယားသမ္မတက “ပြီးခဲ့တဲ့နှစ်ကတည်းက အန္တရာယ်ရှိတဲ့နေရာတွေကို ထိန်းချုပ်ဖို့နဲ့ ကြိုတင်ဘေးလွတ်ရာကိုရွှေ့ပြောင်းဖို့ အကြိမ်ကြိမ် အလေးပေးဆောင်ရွက်ခဲ့တယ်။ သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးအခြေခံမူများကို ဟန်ချက်ညီအောင်ဆောင်ရွက်ခြင်းမရှိဘူးဆိုရင် အများပြည်သူတွေ ဘေးကင်းရေး ခက်ခဲတယ်" လို့ ပြောပါတယ်။
Zawgyi Version;
ေရႀကီးမႈမ်ားေၾကာင့္ လူေသဆုံးမႈျမင့္တက္ျခင္းမ်ားနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားအစိုးရတာဝန္ရွိသူမ်ားကို သမၼတယြန္ဆက္ယိုလ္ ေဝဖန္ျပစ္တင္
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၇
ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္ဟာ သဘာဝေဘးအႏၲရာယ္ဆိုင္ရာတုံ႔ျပန္ေရးနဲ႔ပတ္သက္တဲ့စည္းကမ္း ေတြကို လိုက္နာဖို႔ ပ်က္ကြက္ျခင္းမ်ားအတြက္ ေတာင္ကိုရီးယားအာဏာပိုင္ေတြကို ေဝဖန္ျပစ္တင္လိုက္ေၾကာင္း သိရပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံမွာ ၿပီးခဲ့တဲ့ရက္ပိုင္းက မိုးသည္းထန္စြာ႐ြာသြန္းမႈနဲ႔အတူ ေရႀကီးမႈမ်ားေၾကာင့္ ေျမေအာက္ လႈိင္ေခါင္းထဲမွာ ပိတ္မိမႈေၾကာင့္ ေသဆုံးသူဒါဇင္ခ်ီ အပါအဝင္ လူေပါင္း ၃၉ ဦးအထိ ေသဆုံးခဲ့ရေၾကာင္း သိရပါတယ္။
ေတာင္ကိုရီးယားႏိုင္ငံ အလယ္ပိုင္း နဲ႔ ေတာင္ပိုင္းတို႔မွာ ၿပီးခဲ့တဲ့ ဇူလိုင္ ၁၃ ရက္ ေနာက္ပိုင္းကတည္းက မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားနဲ႔အတူ ေရႀကီးမႈမ်ားျဖစ္လာခဲ့ရာ ႏိုင္ငံတဝွမ္းမွာ လူေပါင္း ၉ ဦး ေပ်ာက္ဆုံးေနၿပီး ဒဏ္ရာရသူ ၃၄ ဦးအထိ ရွိေနခဲ့ေၾကာင္း ေတာင္ကိုရီးယားျပည္ထဲေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါ တယ္။
ျမစ္ကမ္းပါးၿပိဳက်မႈမ်ားေၾကာင့္ ဇူလိုင္ ၁၅ ရက္မွာ ေရႀကီးမႈမ်ားပိုမိုျဖစ္လာခဲ့ၿပီး Cheongju ၿမိဳ႕လယ္ေခါင္ရွိ ေျမေအာက္ဥမင္လႈိင္ေခါင္းထဲကို ေရမ်ားဝင္ေရာက္လာခဲ့ရာ ဘတ္စ္ကားတစ္စီးအပါအဝင္ ကားေပါင္း ၁၆ စီးခန႔္ ဟာ ေရႀကီးေနတဲ့ ေျမေအာက္ဥမင္လႈိင္ေခါင္းထဲ ပိတ္မိေနတဲ့အတြက္ လူေပါင္းဒါဇင္ခ်ီ ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။ လူေသဆုံးမႈမ်ားနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားအစိုးရရဲ႕ေရႀကီးမႈ တုံ႔ျပန္တားဆီးေရးအစီအစဥ္မ်ား အေပၚ စိတ္ဆိုးေဒါသျဖစ္ကာ ေဝဖန္ျပစ္တင္ခဲ့ေၾကာင္း သိရပါတယ္။
ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္ကလည္း Cheongju ၿမိဳ႕လယ္ေခါင္ရွိ ေျမေအာက္ဥမင္လႈိင္ေခါင္းအတြင္း ေရႀကီးမႈမ်ားျဖစ္ေပၚျခင္းနဲ႔ လူေသဆုံးခဲ့ရျခင္းကို စုံစမ္းစစ္ေဆးမယ္လို႔ ေျပာပါတယ္။ ကားေမာင္းသမားမ်ားက ေရႀကီးမႈမ်ားျဖစ္ေပၚေနခ်ိန္မွာ အစိုးရတာဝန္ရွိသူမ်ားဟာ ေျမေအာက္ဥမင္လႈိင္ေခါင္းအတြင္း ျဖတ္သန္းသြားလာ ျခင္းကို တားဆီးပိတ္ပင္ဖို႔ ပ်က္ကြက္ခဲ့ေၾကာင္း ေဝဖန္ထားပါတယ္။
ျပည္ပခရီးမွျပန္လာတဲ့ ေတာင္ကိုရီးယားသမၼတဟာ ေရႀကီးမႈမ်ားအေပၚ တုံ႔ျပန္ေဆာင္႐ြက္မႈမ်ားနဲ႔ပတ္သက္ၿပီး အေရးေပၚအစည္းအေဝးတစ္ရပ္က်င္းပခဲ့ၿပီးအေျခေနေတြက စီမံခန႔္ခြဲမႈမေကာင္းမြန္ တာကို ျပသေနေၾကာင္း ေျပာပါတယ္။ေတာင္ကိုရီးယားသမၼတက “ၿပီးခဲ့တဲ့ႏွစ္ကတည္းက အႏၲရာယ္ရွိတဲ့ေနရာေတြကို ထိန္းခ်ဳပ္ဖို႔နဲ႔ ႀကိဳတင္ေဘးလြတ္ရာကိုေ႐ႊ႕ေျပာင္းဖို႔ အႀကိမ္ႀကိမ္ အေလးေပးေဆာင္႐ြက္ခဲ့တယ္။ သဘာဝေဘးအႏၲရာယ္ တုံ႔ျပန္ေရးအေျခခံမူမ်ားကို ဟန္ခ်က္ညီေအာင္ေဆာင္႐ြက္ျခင္းမရွိဘူးဆိုရင္ အမ်ားျပည္သူေတြ ေဘးကင္းေရး ခက္ခဲတယ္" လို႔ ေျပာပါတယ္။