မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေချမှတ်ပြီး မူဝါဒအမှားအယွင်းတွေ လုပ်ဆောင်နေတဲ့ အမေရိကန်အစိုးရ (ဘာသာပြန်ဆောင်းပါး)

3568

ဂျန်ဇက် (NP News) - ဇူလိုင် ၁၈
မကြာသေးမီက အိန္ဒိယဝန်ကြီးချုပ်နာရန်ဒရာမိုဒီ နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံအတွင်း ယိုယွင်းပျက်ပြားလာနေတဲ့အခြေအနေအပေါ် အထူးစိုးရိမ်မိကြောင်းဆိုတဲ့အချက်နဲ့ မြန်မာ နိုင်ငံကို အားလုံးပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဆီနိုင်ငံအဖြစ် အသွင်ကူးပြောင်းမှုရေး လုပ်ဆောင်နိုင်အောင် အထောက်အကူပြုစေဖို့ အပြုသဘောဆောင်တဲ့ ညှိနှိုင်းဆွေးနွေးပွဲတစ်ရပ်ကျင်းပဖို့လည်း တောင်းဆိုထားတဲ့ အချက်တွေ ပါဝင်ခဲ့ပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဒီလိုတောင်းဆိုမှုတွေလုပ်နေပေမယ့် အခြားတစ်ဖက်မှာတော့ အမေရိကန် အစိုးရ ဦးဆောင်ပြုလုပ်နေတဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုပြုရေးမူဝါဒက မူလရည်မှန်းချက်ကို အားနည်းခိုင်မာမှု မရှိဖြစ်စေတဲ့အပြင် ဆိုးဝါးတဲ့အခြေအနေကို ပိုလို့ ဆိုးဝါးသွားစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုတွေက အုပ်ချုပ်သူအဖွဲ့အစည်းကို အမှန်တကယ် ထိခိုက်စေခဲ့တာမဟုတ်ဘဲ ပြည်သူတွေကိုသာ ဆိုးရွားစွာထိခိုက်စေခဲ့ပြီး
အဲဒီပိတ်ဆို့မှုတွေက မြန်မာအစိုးရကို သူတိုရဲ့နိုင်ငံရေးထိန်းချုပ်နိုင်မှုအာဏာအတွက် ပြည်သူကိုပေးမယ့် မက်လုံး အနည်းငယ်လောက်ကိုသာ ဆုံးရှုံးစေခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံအပေါ်ချမှတ်ထားတဲ့ အမေရိကန် အစိုးရရဲ့ပိတ်ဆို့မှုတွေက မြန်မာပြည်သူတွေကို အမှန်တကယ်ထိခိုက်ခံစားစေခဲ့ရတယ်လို့ ဆိုရမှာပါ။ အမေရိကန် ရဲ့ပိတ်ဆို့မှုတွေကြောင့် အဓိက အကျိုးရှိခဲ့တာကလည်း တရုတ်နိုင်ငံပါ။ အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကြောင့် မြန်မာ နိုင်ငံအတွင်းမှာ အခက်အခဲဖြစ်နေချိန်မှာ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ခြေကုပ်နေရာရယူနိုင်ခဲ့တဲ့အပြင် အိန္ဒိယ သမုဒ္ဒရာနဲ့အရေးကြီးတဲ့ သဘာဝသယံဇာတအရင်းအမြစ်တွေကို မဟာဗျူဟာမြောက်လမ်းကြောင်းတစ်ခုရရှိဖို့ မျှော်မှန်းလာနိုင်ခဲ့ပါတယ်။ အဲဒီအပြောင်းအလဲတွေက ဒေသဆိုင်ရာလုံခြုံရေးအခြေအနေတွေကို စိန်ခေါ်မှုတွေ ဖြစ်စေခဲ့ပါတယ်။ ဥပမာပြရမယ်ဆိုရင် တရုတ်စစ်ဘက်ဟာ အိန္ဒိယနိုင်ပိုင် အက်ဒမန်ကျွန်း၊ နီကိုဘားကျွန်းတွေ ရဲ့မြောက်ပိုင်းရှိ မြန်မာပိုင် ကိုကိုးကျွန်းမှာ စစ်ဘက်ဆိုင်ရာအဆောက်အဦးတွေ တည်ဆောက်နိုင်ဖို့ ကူညီပေးနေပါ တယ်။ ထောက်လှမ်းရေးသဘောတရားအနေနဲ့ဆိုရင် ကိုကိုးကျွန်းမှာ တည်ဆောက်နေတဲ့ ထောက်လှမ်းရေးစခန်း က အိန္ဒိယနိုင်ငံရဲ့နျူကလီးယားရေငုပ်သင်္ဘော သွားလာလှုပ်ရှားမှုများ အပါအဝင် ရေကြောင်းသွားလာမှုဆိုင်ရာ လှုပ်ရှားမှုတွေကိုထောက်လှမ်းဖို့ တရုတ်နိုင်ငံကို အကူအညီပြုနိုင်ဖွယ်ရှိနေပါတယ်။ သမိုင်းကြောင်းဟာ သူ့အလို လို ထပ်ခါတစ်လဲလဲဖြစ်နေသလိုမျိုးဖြစ်နေပါတယ်။
၁၉၈ဝ ခုနှစ်နောက်ပိုင်းကတည်းက မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ပိတ်ဆို့မှုတွေကြောင့် တရုတ်နိုင်ငံဟာမြန်မာနိုင်ငံရဲ့ အဓိကကုန်သွယ်ဖက်၊ ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်နေတဲ့နိုင်ငံအဖြစ် ရှိလာစေခဲ့ ပါတယ်။ မြန်မာနိုင်ငံအပေါ်ချမှတ်ခဲ့တဲ့ အမေရိကန်ရဲ့ပိတ်ဆို့မှုတွေဟာ ၂ဝ၁၂ ခုနှစ်အထိ ရှိနေခဲ့ပါတယ်။ အဲဒီအချိန်က အမေရိကန်သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ဘားရက်အိုးဘားမားဟာ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့တဲ့ ပထမဆုံးအမေရိကန်သမ္မတဖြစ်လာခဲ့ပြီး မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်အစိုးရဲ့မူဝါဒ အသစ်တွေကို ချမှတ်ခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ အဲဒီနောက်ပိုင်းမှာ မြန်မာနိုင်ငံပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကို တဖြည်းဖြည်း ဖြေလျော့ ပေးခဲ့ရာ ၂ဝ၁၅ ခုနှစ်မှာတော့ မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်အဆုံးသတ်စေမယ့် အရပ်သားဦးဆောင်တဲ့ ပထမဆုံးအစိုးရအဖွဲ့ ရွေးကောက်ခံခဲ့ရပါတယ်။ ဘင်္ဂါလီအရေးကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တပ်မတော်ခေါင်းဆောင်တွေကို ပစ်မှတ် ထားပိတ်ဆို့မှုတွေ အရင်ကတည်းက ချမှတ်ခဲ့ပါတယ်။ မဲမသမာမှုတွေကြောင့် တပ်မတော်က ၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်မှာလည်း သမ္မတဂျိုးဘိုင်ဒန် ဦးဆောင်တဲ့ အမေရိကန် အစိုးရအဖွဲ့ဟာ အစိုးရအဖွဲ့တာဝန်ရှိသူများ အပါအဝင် မြန်မာနိုင်ငံကို ပစ်မှတ်ထားပိတ်ဆို့မှုတွေ တစ်ကျော့ပြန် ချမှတ်ခဲ့ပြန်ပါတယ်။
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်လက်ထက်ဖြစ်တဲ့ ၂ဝ၁၉ ခုနှစ် ဇူလိုင်လမှာ အမေရိကန်အစိုးရဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ အခြားတပ်မတော်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့မှုတွေ ချမှတ်ခဲ့ရာ မြန်မာစစ်ဗိုလ်ချုပ်တွေဟာ မြန်မာဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကို ထိန်းသိမ်းနိုင်ဖို့ ကတိတွေ ဆုံးရှုံးရသလိုမျိုးဖြစ်စေခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တပ်မတော်ခေါင်းဆောင်တွေကို ပစ်မှတ်ထားပိတ်ဆို့မှု တွေ ချမှတ်ခဲ့တဲ့ ၂ဝ၁၉ ခုနှစ် ဇူလိုင်လကနေ တစ်နှစ်ခွဲကျော်ကြာချိန်မှာ မြန်မာတပ်မတော်ဟာ ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမှာဖြစ်ပွားခဲ့တဲ့ မဲသမာမှုတွေကို ပြစ်တင်ရှုတ်ချပြီး အာဏာထိန်းသိမ်းမှုတွေ လုပ်ဆောင်လာခဲ့ပါ တယ်။ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုချမှတ်ခြင်းနဲ့ပတ်သက်ပြီး အနောက်အုပ်စုနိုင်ငံတွေဟာ သင်ခန်းစာကောင်း ကောင်း ရယူသင့်ပါတယ်။ နိုင်ငံခြားဆက်သွယ်ရေးရာနဲ့ဆိုင်တဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်းကို ပိတ်ဆို့အရေးယူမှုတွေဟာ အမေရိကန်အစိုးရရဲ့သံတမန်ရေးကို ထိခိုက်စေခဲ့သလို နဲ့ မရည်ရွယ်တဲ့အကျိုးဆက်တွေကို ဆိုးရွားတဲ့ အကျိုးဆက်တွေကို ဖြစ်လာစေနိုင်တာပါပဲ။ အနီးစပ်ဆုံး ဥပမာပြရမယ်ဆိုရင် အမေရိကန်အစိုးရဟာ တရုတ်နိုင်ငံ ရဲ့ ဗိုလ်ချုပ်ကြီးလီရှန်ဖူးကို ပစ်မှတ်ထားပိတ်ဆို့မှုတွေချမှတ်ခဲ့ပြီး အဲဒီဗိုလ်ချုပ်ကြီးလီရှန်ဖူး တရုတ်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်လာချိန်မှာ အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဆန္ဒပြတဲ့အနေနဲ့ နှစ်နိုင်ငံစစ်တပ်ကြား တိုက်ရိုက်ဆက်သွယ်ဆွေးနွေးမှုတွေလုပ်ဖို့ အမေရိကန်ရဲ့တောင်းဆိုချက်ကို ငြင်းဆန်မှုတွေရှိနေခဲ့ပါတယ်။ အမေရိကန်အစိုးရ နဲ့ မြန်မာတပ်မတော်ကြား အပြန်အလှန်ဆက်ဆံရေးဟာ ကာလအတန်ကြာမရှိဘဲ ဖြစ်နေခဲ့တဲ့အတွက် မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်ရဲ့မူဝါဒတွေကို အားနည်းမှုတွေရှိလာစေခဲ့ပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာတပ်မတော်ခေါင်းဆောင်တွေကို ပိတ်ဆို့မှုချမှတ်ထားချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်သားခေါင်းဆောင်တွေ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ရာ မြန်မာ့နိုင်ငံရေးတိုးတက်ပြောင်းလဲမှု တွေမှာ အမေရိကန်အစိုးရဟာလွှမ်းမိုးနိုင်မှုအနည်းငယ်သာရှိတယ်ဆိုတာ ပြသနေပါတယ်။ မြန်မာတပ်မတော်နဲ့ အမေရိကန်အစိုးရကြားကာလအတန်ကြာ ထိတွေ့ဆက်ဆံမှု နည်းပါးနေခြင်းကလည်းမြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်အစိုးရရဲ့မူဝါဒတွေကို အားနည်းမှုတွေရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
လက်ရှိအချိန်မှာ အမေရိကန်အစိုးရဟာ မြန်မာတပ်မတော်အပေါ် ပိတ်ဆို့မှုချထားပေမယ့် မြန်မာအရပ်သား ခေါင်းဆောင်တွေကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ရာ အမေရိကန်က မြန်မာ့နိုင်ငံရေးတိုးတက်ပြောင်းလဲ မှုတွေမှာ လွှမ်းမိုးနိုင်မှုအနည်းငယ်သာရှိပါတယ်။ အမေရိကန် နဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ မြန်မာနိုင်ငံရေး တိုးတက်ပြောင်းလဲလာအောင် လွှမ်းမိုးနိုင်ဖို့လုပ်ရမယ့်အစား မြန်မာအစိုးရအပေါ်ပိတ်ဆို့မှုတွေ တိုးမြှင့်ဖို့နဲ့ အစိုးရကိုဆန့်ကျင်တဲ့ PDF အပါအဝင် လက်နက်ကိုင်အင်အားစုတွေကို လက်နက်အထောက်အပံ့ပေးဖို့ပဲ ပြုလုပ် နေပါတယ်။ အမေရိကန်အစိုးရနဲ့ အနောက်အုပ်စုနိုင်ငံတွေရဲ့စွက်ဖက်မှုတွေက လက်တွေ့မှာ မြန်မာနိုင်ငံကို ကြီးမားလှတဲ့အကျပ်အတည်းအခြေအနေအတွင်း အမြန်ဆုံးကျရောက်စေပြီး အမေရိကန်ရဲ့အကျိုးစီးပွားအတွက် လည်း အထောက်အကူမပြုတဲ့အပြင် မြန်မာပြည်သူတွေ ဆင်းရဲမှုတွေဖြစ်လာအောင်သာ ဖန်တီးနေသလိုဖြစ်နေပါ တယ်။
လက်နက်ကိုင်အုပ်စုတွေဟာ လက်ရှိအချိန်မှာ ပြုလုပ်နေတဲ့ လက်နက်ကိုင်ပုန်ကန်မှုနဲ့ မြန်မာ့တပ်မတော်ကို အနိုင်ရ ဖြုတ်ချနိုင်ခဲ့မယ်ဆိုရင် မြန်မာနိုင်ငံဟာ သူတို့ပြောနေသလိုမျိုး ဒီမိုကရေစီနိုင်ငံ လုံးဝဖြစ်လာမှာမဟုတ်ဘဲ လစ်ဗျားပုံစံမျိုး နိုင်ငံပြိုကွဲမှုတွေဖြစ်ပေါ်ခြင်းအပြင် အစိုးရအမျိုးမျိုး နိုင်ငံတွင်းပေါ်ပေါက်စေကာ ဒေသအတွင်း လုံခြုံရေးကို အန္တရာယ်ဖြစ်လာဖွယ်ရှိနေပါတယ်။
နောက်ဆုံးမှာတော့ မြန်မာနိုင်ငံဟာ အမေရိကန်ဦးဆောင်တဲ့အနောက်အုပ်စု နဲ့ တရုတ်၊ ရုရှားတို့ အားပြိုင်ကြတဲ့ ကြားခံ စစ်မြေပြင် proxy battleground တစ်ခုသဖွယ် ဖြစ်လာတာမျိုး တွေ့ကြုံရဖွယ်ရှိနေပါတယ်။ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံကြား အရေးယူပိတ်ဆို့မှုလုပ်ဆောင်နေခြင်းဟာ တွေ့ဆုံညှိနှိုင်းမှုနဲ့ သြဇာလွှမ်းမိုးနိုင်မှုတို့ကို ရပ်တန့်လာနိုင်ဖွယ်ရှိနေတဲ့အတွက် ပိတ်ဆို့မှုအရေးမှုတွေကို နိုင်ငံရေးမူဝါဒရဲ့ပထမဦးစားပေး first tool အဖြစ် အသုံးမပြုသင့်ပါဘူး။
လက်ရှိအချိန်မှာတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ မဟာဗျူဟာမြောက်ဆုံးရှုံးမှုတွေရှိနေပြီး တရုတ် နိုင်ငံက လွှမ်းမိုးခြေကုပ်ယူလာနိုင်ပါတယ်။ ၂ဝ၁၄ ခုနှစ်က ထိုင်းနိုင်ငံမှာ ဗိုလ်ချုပ်ကြီးပရာယွတ်ချန်အိုချာ ဦးဆောင်မှုနဲ့ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်အစိုးရဟာ ပိတ်ဆို့မှုချမှတ်ခြင်းထက် ထိုင်းပြည်သူ တွေ ဘေးကင်းမှုတွေရှိစေဖို့ စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီနည်းဗျူဟာဟာ မကြာသေးမီက ကျင်းပခဲ့တဲ့ ထိုင်းရွေးကောက်ပွဲမှာ ထိုင်းဗိုလ်ချုပ်အုပ်စုတွေ ရှုံးနိမ့်မှုတွေကို ဦးတည်စေခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ရရှိစေအောင် အမေရိကန်အစိုးရဟာ တပ်မတော်ခေါင်းဆောင်တွေနဲ့ စေ့စပ် ဆွေးနွေးမှုနဲ့အတူ မက်လုံးပေး ကမ်းလှမ်းမှုတွေနဲ့သာ လုပ်ဆောင်သင့်ပါတယ်။ စေ့စပ်ဆွေးနွေးခြင်းမရှိဘဲ ပိတ်ဆို့မှု ချမှတ်မှုတွေက မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းအပေါ်ပြန်လည်ရောက်ရှိစေဖို့ အလုပ်မဖြစ်ပါဘူး။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ စီအိုင်အေညွှန်ကြားရေးမှူး၊ နိုင်ငံခြားရေးဝန်ကြီး၊ ဘဏ္ဍာရေးဝန်ကြီးတို့ အပါအဝင် အမေရိကန်အစိုးရတာဝန်ရှိသူတွေ တရုတ်နိုင်ငံကို သွားရောက်တဲ့ခရီးစဉ်အတွင်း မြန်မာအစိုးရနဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေ စတင်ဖွင့်လှစ်သင့်ပါတယ်။ မြန်မာတပ်မတော်ဟာ မြန်မာနိုင်ငံမှာအင်အား အကြီးဆုံး political player အဖြစ် နှစ်ပေါင်းများစွာကြာရပ်တည်လာတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ မြန်မာ့ တပ်မတော်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရလာအောင် ကူညီပေးခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းနေတဲ့ အဖွဲ့အစည်းတစ်ရပ်လည်းဖြစ်ပါတယ်။
အမေရိကန်အစိုးရဟာ မြန်မာအစိုးရအပေါ် အပြုသဘောဆောင်တဲ့ လုပ်ဆောင်မှုတွေနဲ့ တုံ့ခြင်း၊ မြန်မာနိုင်ငံ အပေါ်ပိတ်ဆို့မှုတွေကို တဖြည်းဖြည်းလျှော့ချပေးခြင်းအပြင် အင်ဒို-ပစိဖိတ် မဟာဗျူဟာအရ မြန်မာအစိုးရကို ပါဝင်ဆောင်ရွက်ခွင့်ပေးခြင်း စတဲ့အချက်တွေနဲ့ခွင့်ပြုပြီး မြန်မာ့နိုင်ငံရေးမှာ လွှမ်းမိုးနိုင်ဖို့ ပြန်လည်ကြိုးစားရမှာ ဖြစ်ပါတယ်။ အမေရိကန်အစိုးရဟာ မြန်မာတပ်မတော်ခေါင်းဆောင်တွေနဲ့ စေ့စပ်ဆွေးနွေးမယ့် မူဝါဒမျိုး ပြောင်းလဲမှုမရှိဘူးဆိုရင် မြန်မာနိုင်ငံဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ great powers အားပြိုင်ရာ ကစားကွင်း တစ်ခုအဖြစ်သာ ဆက်ရှိနေမှာဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်းအပေါ် ပြန်လည်ရောက်ရှိမှာမဟုတ်ဘူးလို့ သုံးသပ် တင်ပြလိုက်ပါတယ်။
ထိုင်းအခြေစိုက် ဘန်ကောက်ပိုစ့်သတင်းဌာနမှာ ရေးသားဖော်ပြထားတဲ့ နယူးဒေလီအခြေစိုက် Center for Policy Research ရဲ့ပါမောက္ခတစ်ဦးဖြစ်သူ Brahma Chellaney ရဲ့ America's Myanmar policy is simply all wrong ဆောင်းပါးကို ဘာသာပြန်ဖော်ပြထားခြင်းဖြစ်ပါတယ်။

Zawgyi Version;
ျမန္မာႏိုင္ငံအေပၚ ပိတ္ဆို႔မႈေတြခ်မွတ္ၿပီး မူဝါဒအမွားအယြင္းေတြ လုပ္ေဆာင္ေနတဲ့ အေမရိကန္အစိုးရ (ဘာသာျပန္ေဆာင္းပါး)
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၈
မၾကာေသးမီက အိႏၵိယဝန္ႀကီးခ်ဳပ္နာရန္ဒရာမိုဒီ နဲ႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္တို႔ရဲ႕ ပူးတြဲထုတ္ျပန္ခ်က္ထဲမွာ ျမန္မာႏိုင္ငံအတြင္း ယိုယြင္းပ်က္ျပားလာေနတဲ့အေျခအေနအေပၚ အထူးစိုးရိမ္မိေၾကာင္းဆိုတဲ့အခ်က္နဲ႔ ျမန္မာ ႏိုင္ငံကို အားလုံးပါဝင္တဲ့ ဖက္ဒရယ္ဒီမိုကေရစီစနစ္ဆီႏိုင္ငံအျဖစ္ အသြင္ကူးေျပာင္းမႈေရး လုပ္ေဆာင္ႏိုင္ေအာင္ အေထာက္အကူျပဳေစဖို႔ အျပဳသေဘာေဆာင္တဲ့ ညႇိႏႈိင္းေဆြးေႏြးပြဲတစ္ရပ္က်င္းပဖို႔လည္း ေတာင္းဆိုထားတဲ့ အခ်က္ေတြ ပါဝင္ခဲ့ပါတယ္။
အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ ဒီလိုေတာင္းဆိုမႈေတြလုပ္ေနေပမယ့္ အျခားတစ္ဖက္မွာေတာ့ အေမရိကန္ အစိုးရ ဦးေဆာင္ျပဳလုပ္ေနတဲ့ ျမန္မာႏိုင္ငံအေပၚ ပိတ္ဆို႔မႈျပဳေရးမူဝါဒက မူလရည္မွန္းခ်က္ကို အားနည္းခိုင္မာမႈ မရွိျဖစ္ေစတဲ့အျပင္ ဆိုးဝါးတဲ့အေျခအေနကို ပိုလို႔ ဆိုးဝါးသြားေစခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။ အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕ ျမန္မာႏိုင္ငံအေပၚ ပိတ္ဆို႔မႈေတြက အုပ္ခ်ဳပ္သူအဖြဲ႕အစည္းကို အမွန္တကယ္ ထိခိုက္ေစခဲ့တာမဟုတ္ဘဲ ျပည္သူေတြကိုသာ ဆိုး႐ြားစြာထိခိုက္ေစခဲ့ၿပီး
အဲဒီပိတ္ဆို႔မႈေတြက ျမန္မာအစိုးရကို သူတိုရဲ႕ႏိုင္ငံေရးထိန္းခ်ဳပ္ႏိုင္မႈအာဏာအတြက္ ျပည္သူကိုေပးမယ့္ မက္လုံး အနည္းငယ္ေလာက္ကိုသာ ဆုံးရႈံးေစခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။ ျမန္မာႏိုင္ငံအေပၚခ်မွတ္ထားတဲ့ အေမရိကန္ အစိုးရရဲ႕ပိတ္ဆို႔မႈေတြက ျမန္မာျပည္သူေတြကို အမွန္တကယ္ထိခိုက္ခံစားေစခဲ့ရတယ္လို႔ ဆိုရမွာပါ။ အေမရိကန္ ရဲ႕ပိတ္ဆို႔မႈေတြေၾကာင့္ အဓိက အက်ိဳးရွိခဲ့တာကလည္း တ႐ုတ္ႏိုင္ငံပါ။ အေမရိကန္ရဲ႕ပိတ္ဆို႔မႈေတြေၾကာင့္ ျမန္မာ ႏိုင္ငံအတြင္းမွာ အခက္အခဲျဖစ္ေနခ်ိန္မွာ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံမွာ ေျခကုပ္ေနရာရယူႏိုင္ခဲ့တဲ့အျပင္ အိႏၵိယ သမုဒၵရာနဲ႔အေရးႀကီးတဲ့ သဘာဝသယံဇာတအရင္းအျမစ္ေတြကို မဟာဗ်ဴဟာေျမာက္လမ္းေၾကာင္းတစ္ခုရရွိဖို႔ ေမွ်ာ္မွန္းလာႏိုင္ခဲ့ပါတယ္။ အဲဒီအေျပာင္းအလဲေတြက ေဒသဆိုင္ရာလုံၿခဳံေရးအေျခအေနေတြကို စိန္ေခၚမႈေတြ ျဖစ္ေစခဲ့ပါတယ္။ ဥပမာျပရမယ္ဆိုရင္ တ႐ုတ္စစ္ဘက္ဟာ အိႏၵိယႏိုင္ပိုင္ အက္ဒမန္ကြၽန္း၊ နီကိုဘားကြၽန္းေတြ ရဲ႕ေျမာက္ပိုင္းရွိ ျမန္မာပိုင္ ကိုကိုးကြၽန္းမွာ စစ္ဘက္ဆိုင္ရာအေဆာက္အဦးေတြ တည္ေဆာက္ႏိုင္ဖို႔ ကူညီေပးေနပါ တယ္။ ေထာက္လွမ္းေရးသေဘာတရားအေနနဲ႔ဆိုရင္ ကိုကိုးကြၽန္းမွာ တည္ေဆာက္ေနတဲ့ ေထာက္လွမ္းေရးစခန္း က အိႏၵိယႏိုင္ငံရဲ႕န်ဴကလီးယားေရငုပ္သေဘၤာ သြားလာလႈပ္ရွားမႈမ်ား အပါအဝင္ ေရေၾကာင္းသြားလာမႈဆိုင္ရာ လႈပ္ရွားမႈေတြကိုေထာက္လွမ္းဖို႔ တ႐ုတ္ႏိုင္ငံကို အကူအညီျပဳႏိုင္ဖြယ္ရွိေနပါတယ္။ သမိုင္းေၾကာင္းဟာ သူ႔အလို လို ထပ္ခါတစ္လဲလဲျဖစ္ေနသလိုမ်ိဳးျဖစ္ေနပါတယ္။
၁၉၈ဝ ခုႏွစ္ေနာက္ပိုင္းကတည္းက ျမန္မာႏိုင္ငံအေပၚခ်မွတ္ခဲ့တဲ့ အေမရိကန္ႏိုင္ငံရဲ႕ပိတ္ဆို႔မႈေတြေၾကာင့္ တ႐ုတ္ႏိုင္ငံဟာျမန္မာႏိုင္ငံရဲ႕ အဓိကကုန္သြယ္ဖက္၊ ရင္းႏွီးျမႇဳပ္ႏွံမႈအမ်ားဆုံးျပဳလုပ္ေနတဲ့ႏိုင္ငံအျဖစ္ ရွိလာေစခဲ့ ပါတယ္။ ျမန္မာႏိုင္ငံအေပၚခ်မွတ္ခဲ့တဲ့ အေမရိကန္ရဲ႕ပိတ္ဆို႔မႈေတြဟာ ၂ဝ၁၂ ခုႏွစ္အထိ ရွိေနခဲ့ပါတယ္။ အဲဒီအခ်ိန္က အေမရိကန္သမၼတအျဖစ္ တာဝန္ယူခဲ့တဲ့ဘားရက္အိုးဘားမားဟာ ျမန္မာႏိုင္ငံကို ပထမဆုံးအႀကိမ္ သြားေရာက္ခဲ့တဲ့ ပထမဆုံးအေမရိကန္သမၼတျဖစ္လာခဲ့ၿပီး ျမန္မာႏိုင္ငံအေပၚထားရွိတဲ့ အေမရိကန္အစိုးရဲ႕မူဝါဒ အသစ္ေတြကို ခ်မွတ္ခဲ့ပါတယ္။
အေမရိကန္အစိုးရဟာ အဲဒီေနာက္ပိုင္းမွာ ျမန္မာႏိုင္ငံေပၚခ်မွတ္ထားတဲ့ပိတ္ဆို႔မႈေတြကို တျဖည္းျဖည္း ေျဖေလ်ာ့ ေပးခဲ့ရာ ၂ဝ၁၅ ခုႏွစ္မွာေတာ့ ျမန္မာႏိုင္ငံမွာစစ္အာဏာရွင္စနစ္အဆုံးသတ္ေစမယ့္ အရပ္သားဦးေဆာင္တဲ့ ပထမဆုံးအစိုးရအဖြဲ႕ ေ႐ြးေကာက္ခံခဲ့ရပါတယ္။ ဘဂၤါလီအေရးကိစၥနဲ႔ပတ္သက္ၿပီး အေမရိကန္ဦးေဆာင္တဲ့ အေနာက္အုပ္စုႏိုင္ငံေတြဟာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ အပါအဝင္ တပ္မေတာ္ေခါင္းေဆာင္ေတြကို ပစ္မွတ္ ထားပိတ္ဆို႔မႈေတြ အရင္ကတည္းက ခ်မွတ္ခဲ့ပါတယ္။ မဲမသမာမႈေတြေၾကာင့္ တပ္မေတာ္က ၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ အာဏာထိန္းသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္မွာလည္း သမၼတဂ်ိဳးဘိုင္ဒန္ ဦးေဆာင္တဲ့ အေမရိကန္ အစိုးရအဖြဲ႕ဟာ အစိုးရအဖြဲ႕တာဝန္ရွိသူမ်ား အပါအဝင္ ျမန္မာႏိုင္ငံကို ပစ္မွတ္ထားပိတ္ဆို႔မႈေတြ တစ္ေက်ာ့ျပန္ ခ်မွတ္ခဲ့ျပန္ပါတယ္။
အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္လက္ထက္ျဖစ္တဲ့ ၂ဝ၁၉ ခုႏွစ္ ဇူလိုင္လမွာ အေမရိကန္အစိုးရဟာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ နဲ႔ အျခားတပ္မေတာ္ေခါင္းေဆာင္ေတြကို ပစ္မွတ္ထားပိတ္ဆို႔မႈေတြ ခ်မွတ္ခဲ့ရာ ျမန္မာစစ္ဗိုလ္ခ်ဳပ္ေတြဟာ ျမန္မာဒီမိုကေရစီျပဳျပင္ေျပာင္းလဲမႈေတြကို ထိန္းသိမ္းႏိုင္ဖို႔ ကတိေတြ ဆုံးရႈံးရသလိုမ်ိဳးျဖစ္ေစခဲ့ပါတယ္။
အေမရိကန္အစိုးရဟာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္နဲ႔ တပ္မေတာ္ေခါင္းေဆာင္ေတြကို ပစ္မွတ္ထားပိတ္ဆို႔မႈ ေတြ ခ်မွတ္ခဲ့တဲ့ ၂ဝ၁၉ ခုႏွစ္ ဇူလိုင္လကေန တစ္ႏွစ္ခြဲေက်ာ္ၾကာခ်ိန္မွာ ျမန္မာတပ္မေတာ္ဟာ ၂ဝ၂ဝ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲမွာျဖစ္ပြားခဲ့တဲ့ မဲသမာမႈေတြကို ျပစ္တင္ရႈတ္ခ်ၿပီး အာဏာထိန္းသိမ္းမႈေတြ လုပ္ေဆာင္လာခဲ့ပါ တယ္။ ျမန္မာႏိုင္ငံအေပၚ ပိတ္ဆို႔မႈခ်မွတ္ျခင္းနဲ႔ပတ္သက္ၿပီး အေနာက္အုပ္စုႏိုင္ငံေတြဟာ သင္ခန္းစာေကာင္း ေကာင္း ရယူသင့္ပါတယ္။ ႏိုင္ငံျခားဆက္သြယ္ေရးရာနဲ႔ဆိုင္တဲ့ လူပုဂၢိဳလ္တစ္ဦးခ်င္းကို ပိတ္ဆို႔အေရးယူမႈေတြဟာ အေမရိကန္အစိုးရရဲ႕သံတမန္ေရးကို ထိခိုက္ေစခဲ့သလို နဲ႔ မရည္႐ြယ္တဲ့အက်ိဳးဆက္ေတြကို ဆိုး႐ြားတဲ့ အက်ိဳးဆက္ေတြကို ျဖစ္လာေစႏိုင္တာပါပဲ။ အနီးစပ္ဆုံး ဥပမာျပရမယ္ဆိုရင္ အေမရိကန္အစိုးရဟာ တ႐ုတ္ႏိုင္ငံ ရဲ႕ ဗိုလ္ခ်ဳပ္ႀကီးလီရွန္ဖူးကို ပစ္မွတ္ထားပိတ္ဆို႔မႈေတြခ်မွတ္ခဲ့ၿပီး အဲဒီဗိုလ္ခ်ဳပ္ႀကီးလီရွန္ဖူး တ႐ုတ္ႏိုင္ငံရဲ႕ ကာကြယ္ေရးဝန္ႀကီးျဖစ္လာခ်ိန္မွာ အေမရိကန္ရဲ႕ ပိတ္ဆို႔မႈေတြကို တုံ႔ျပန္ဆႏၵျပတဲ့အေနနဲ႔ ႏွစ္ႏိုင္ငံစစ္တပ္ၾကား တိုက္႐ိုက္ဆက္သြယ္ေဆြးေႏြးမႈေတြလုပ္ဖို႔ အေမရိကန္ရဲ႕ေတာင္းဆိုခ်က္ကို ျငင္းဆန္မႈေတြရွိေနခဲ့ပါတယ္။ အေမရိကန္အစိုးရ နဲ႔ ျမန္မာတပ္မေတာ္ၾကား အျပန္အလွန္ဆက္ဆံေရးဟာ ကာလအတန္ၾကာမရွိဘဲ ျဖစ္ေနခဲ့တဲ့အတြက္ ျမန္မာႏိုင္ငံအေပၚထားရွိတဲ့ အေမရိကန္ရဲ႕မူဝါဒေတြကို အားနည္းမႈေတြရွိလာေစခဲ့ပါတယ္။
အေမရိကန္အစိုးရဟာ ျမန္မာတပ္မေတာ္ေခါင္းေဆာင္ေတြကို ပိတ္ဆို႔မႈခ်မွတ္ထားခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ အပါအဝင္ အရပ္သားေခါင္းေဆာင္ေတြ ဖမ္းဆီးထိန္းသိမ္းခံထားရဆဲျဖစ္ရာ ျမန္မာ့ႏိုင္ငံေရးတိုးတက္ေျပာင္းလဲမႈ ေတြမွာ အေမရိကန္အစိုးရဟာလႊမ္းမိုးႏိုင္မႈအနည္းငယ္သာရွိတယ္ဆိုတာ ျပသေနပါတယ္။ ျမန္မာတပ္မေတာ္နဲ႔ အေမရိကန္အစိုးရၾကားကာလအတန္ၾကာ ထိေတြ႕ဆက္ဆံမႈ နည္းပါးေနျခင္းကလည္းျမန္မာႏိုင္ငံအေပၚထားရွိတဲ့ အေမရိကန္အစိုးရရဲ႕မူဝါဒေတြကို အားနည္းမႈေတြရွိခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။
လက္ရွိအခ်ိန္မွာ အေမရိကန္အစိုးရဟာ ျမန္မာတပ္မေတာ္အေပၚ ပိတ္ဆို႔မႈခ်ထားေပမယ့္ ျမန္မာအရပ္သား ေခါင္းေဆာင္ေတြကေတာ့ ဖမ္းဆီးထိန္းသိမ္းခံထားရဆဲျဖစ္ရာ အေမရိကန္က ျမန္မာ့ႏိုင္ငံေရးတိုးတက္ေျပာင္းလဲ မႈေတြမွာ လႊမ္းမိုးႏိုင္မႈအနည္းငယ္သာရွိပါတယ္။ အေမရိကန္ နဲ႔ အေနာက္အုပ္စုႏိုင္ငံေတြဟာ ျမန္မာႏိုင္ငံေရး တိုးတက္ေျပာင္းလဲလာေအာင္ လႊမ္းမိုးႏိုင္ဖို႔လုပ္ရမယ့္အစား ျမန္မာအစိုးရအေပၚပိတ္ဆို႔မႈေတြ တိုးျမႇင့္ဖို႔နဲ႔ အစိုးရကိုဆန႔္က်င္တဲ့ PDF အပါအဝင္ လက္နက္ကိုင္အင္အားစုေတြကို လက္နက္အေထာက္အပံ့ေပးဖို႔ပဲ ျပဳလုပ္ ေနပါတယ္။ အေမရိကန္အစိုးရနဲ႔ အေနာက္အုပ္စုႏိုင္ငံေတြရဲ႕စြက္ဖက္မႈေတြက လက္ေတြ႕မွာ ျမန္မာႏိုင္ငံကို ႀကီးမားလွတဲ့အက်ပ္အတည္းအေျခအေနအတြင္း အျမန္ဆုံးက်ေရာက္ေစၿပီး အေမရိကန္ရဲ႕အက်ိဳးစီးပြားအတြက္ လည္း အေထာက္အကူမျပဳတဲ့အျပင္ ျမန္မာျပည္သူေတြ ဆင္းရဲမႈေတြျဖစ္လာေအာင္သာ ဖန္တီးေနသလိုျဖစ္ေနပါ တယ္။
လက္နက္ကိုင္အုပ္စုေတြဟာ လက္ရွိအခ်ိန္မွာ ျပဳလုပ္ေနတဲ့ လက္နက္ကိုင္ပုန္ကန္မႈနဲ႔ ျမန္မာ့တပ္မေတာ္ကို အႏိုင္ရ ျဖဳတ္ခ်ႏိုင္ခဲ့မယ္ဆိုရင္ ျမန္မာႏိုင္ငံဟာ သူတို႔ေျပာေနသလိုမ်ိဳး ဒီမိုကေရစီႏိုင္ငံ လုံးဝျဖစ္လာမွာမဟုတ္ဘဲ လစ္ဗ်ားပုံစံမ်ိဳး ႏိုင္ငံၿပိဳကြဲမႈေတြျဖစ္ေပၚျခင္းအျပင္ အစိုးရအမ်ိဳးမ်ိဳး ႏိုင္ငံတြင္းေပၚေပါက္ေစကာ ေဒသအတြင္း လုံၿခဳံေရးကို အႏၲရာယ္ျဖစ္လာဖြယ္ရွိေနပါတယ္။
ေနာက္ဆုံးမွာေတာ့ ျမန္မာႏိုင္ငံဟာ အေမရိကန္ဦးေဆာင္တဲ့အေနာက္အုပ္စု နဲ႔ တ႐ုတ္၊ ႐ုရွားတို႔ အားၿပိဳင္ၾကတဲ့ ၾကားခံ စစ္ေျမျပင္ proxy battleground တစ္ခုသဖြယ္ ျဖစ္လာတာမ်ိဳး ေတြ႕ႀကဳံရဖြယ္ရွိေနပါတယ္။ ႏိုင္ငံ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံၾကား အေရးယူပိတ္ဆို႔မႈလုပ္ေဆာင္ေနျခင္းဟာ ေတြ႕ဆုံညႇိႏႈိင္းမႈနဲ႔ ၾသဇာလႊမ္းမိုးႏိုင္မႈတို႔ကို ရပ္တန႔္လာႏိုင္ဖြယ္ရွိေနတဲ့အတြက္ ပိတ္ဆို႔မႈအေရးမႈေတြကို ႏိုင္ငံေရးမူဝါဒရဲ႕ပထမဦးစားေပး first tool အျဖစ္ အသုံးမျပဳသင့္ပါဘူး။
လက္ရွိအခ်ိန္မွာေတာ့ ျမန္မာႏိုင္ငံနဲ႔ပတ္သက္ၿပီး အေမရိကန္ရဲ႕ မဟာဗ်ဴဟာေျမာက္ဆုံးရႈံးမႈေတြရွိေနၿပီး တ႐ုတ္ ႏိုင္ငံက လႊမ္းမိုးေျခကုပ္ယူလာႏိုင္ပါတယ္။ ၂ဝ၁၄ ခုႏွစ္က ထိုင္းႏိုင္ငံမွာ ဗိုလ္ခ်ဳပ္ႀကီးပရာယြတ္ခ်န္အိုခ်ာ ဦးေဆာင္မႈနဲ႔ စစ္အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ အေမရိကန္အစိုးရဟာ ပိတ္ဆို႔မႈခ်မွတ္ျခင္းထက္ ထိုင္းျပည္သူ ေတြ ေဘးကင္းမႈေတြရွိေစဖို႔ ေစ့စပ္ေဆြးေႏြးေရးလမ္းေၾကာင္းကို ေ႐ြးခ်ယ္ခဲ့ပါတယ္။ အဲဒီနည္းဗ်ဴဟာဟာ မၾကာေသးမီက က်င္းပခဲ့တဲ့ ထိုင္းေ႐ြးေကာက္ပြဲမွာ ထိုင္းဗိုလ္ခ်ဳပ္အုပ္စုေတြ ရႈံးနိမ့္မႈေတြကို ဦးတည္ေစခဲ့ပါတယ္။
ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီျပန္လည္ရရွိေစေအာင္ အေမရိကန္အစိုးရဟာ တပ္မေတာ္ေခါင္းေဆာင္ေတြနဲ႔ ေစ့စပ္ ေဆြးေႏြးမႈနဲ႔အတူ မက္လုံးေပး ကမ္းလွမ္းမႈေတြနဲ႔သာ လုပ္ေဆာင္သင့္ပါတယ္။ ေစ့စပ္ေဆြးေႏြးျခင္းမရွိဘဲ ပိတ္ဆို႔မႈ ခ်မွတ္မႈေတြက ျမန္မာႏိုင္ငံကို ဒီမိုကေရစီလမ္းေၾကာင္းအေပၚျပန္လည္ေရာက္ရွိေစဖို႔ အလုပ္မျဖစ္ပါဘူး။ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဟာ စီအိုင္ေအၫႊန္ၾကားေရးမႉး၊ ႏိုင္ငံျခားေရးဝန္ႀကီး၊ ဘ႑ာေရးဝန္ႀကီးတို႔ အပါအဝင္ အေမရိကန္အစိုးရတာဝန္ရွိသူေတြ တ႐ုတ္ႏိုင္ငံကို သြားေရာက္တဲ့ခရီးစဥ္အတြင္း ျမန္မာအစိုးရနဲ႔ ဆက္သြယ္ေရးလမ္းေၾကာင္းေတြ စတင္ဖြင့္လွစ္သင့္ပါတယ္။ ျမန္မာတပ္မေတာ္ဟာ ျမန္မာႏိုင္ငံမွာအင္အား အႀကီးဆုံး political player အျဖစ္ ႏွစ္ေပါင္းမ်ားစြာၾကာရပ္တည္လာတဲ့ အဖြဲ႕အစည္းျဖစ္ပါတယ္။ ျမန္မာ့ တပ္မေတာ္ဟာ ေဒၚေအာင္ဆန္းစုၾကည္ကို အာဏာရလာေအာင္ ကူညီေပးခဲ့တဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ထိန္းသိမ္းေနတဲ့ အဖြဲ႕အစည္းတစ္ရပ္လည္းျဖစ္ပါတယ္။
အေမရိကန္အစိုးရဟာ ျမန္မာအစိုးရအေပၚ အျပဳသေဘာေဆာင္တဲ့ လုပ္ေဆာင္မႈေတြနဲ႔ တုံ႔ျခင္း၊ ျမန္မာႏိုင္ငံ အေပၚပိတ္ဆို႔မႈေတြကို တျဖည္းျဖည္းေလွ်ာ့ခ်ေပးျခင္းအျပင္ အင္ဒို-ပစိဖိတ္ မဟာဗ်ဴဟာအရ ျမန္မာအစိုးရကို ပါဝင္ေဆာင္႐ြက္ခြင့္ေပးျခင္း စတဲ့အခ်က္ေတြနဲ႔ခြင့္ျပဳၿပီး ျမန္မာ့ႏိုင္ငံေရးမွာ လႊမ္းမိုးႏိုင္ဖို႔ ျပန္လည္ႀကိဳးစားရမွာ ျဖစ္ပါတယ္။ အေမရိကန္အစိုးရဟာ ျမန္မာတပ္မေတာ္ေခါင္းေဆာင္ေတြနဲ႔ ေစ့စပ္ေဆြးေႏြးမယ့္ မူဝါဒမ်ိဳး ေျပာင္းလဲမႈမရွိဘူးဆိုရင္ ျမန္မာႏိုင္ငံဟာ ကမာၻ႔အင္အားႀကီးႏိုင္ငံေတြ great powers အားၿပိဳင္ရာ ကစားကြင္း တစ္ခုအျဖစ္သာ ဆက္ရွိေနမွာျဖစ္ၿပီး ဒီမိုကေရစီလမ္းေၾကာင္းအေပၚ ျပန္လည္ေရာက္ရွိမွာမဟုတ္ဘူးလို႔ သုံးသပ္ တင္ျပလိုက္ပါတယ္။
ထိုင္းအေျခစိုက္ ဘန္ေကာက္ပိုစ့္သတင္းဌာနမွာ ေရးသားေဖာ္ျပထားတဲ့ နယူးေဒလီအေျခစိုက္ Center for Policy Research ရဲ႕ပါေမာကၡတစ္ဦးျဖစ္သူ Brahma Chellaney ရဲ႕ America's Myanmar policy is simply all wrong ေဆာင္းပါးကို ဘာသာျပန္ေဖာ္ျပထားျခင္းျဖစ္ပါတယ္။