အွန်လိုင်းပေါ်က သုံးစွဲသူတွေရဲ့အချက်အလက်တွေကို စုဆောင်းထားခြင်းကြောင့် Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ကို သြစတြေးလျက ဒဏ်ငွေဒေါ်လာ ၁၄ သန်း ချမှတ်

 496

ရောင်နီ (NP News) - ဇူလိုင် ၂၇

Facebook ရဲ့ မိခင်ကုမ္ပဏီ Meta Platforms ဟာ သုံးစွဲသူတွေရဲ့ဒေတာတွေကို ၎င်းရဲ့ စမတ်ဖုန်း အပလီကေးရှင်း တစ်ခုမှတစ်ဆင့် စုဆောင်းထားတဲ့အတွက် စုစုပေါင်းဒဏ်ငွေ သြစတြေးလျဒေါ်လာ သန်း ၂ဝ (ဒေါ်လာ ၁၃.၅ သန်း) ပေးဆောင်ဖို့ ဩစတြေးလျတရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

သြစတြေးလျ ဖက်ဒရယ်တရားရုံးက Meta ကို ၎င်းရဲ့လုပ်ငန်းခွဲ Facebook Israel နဲ့ Onavo အက်ပ် တို့မှ သုံးစွဲသူ ကိုယ်ရေးအချက်အလက်တွေ စုဆောင်းထားခြင်းကြောင့် သြစတြေးလျဒေါ်လာ ၄ဝဝဝဝဝ (ဒေါ်လာ ၂၇ဝ,၆၃၁) ကို တရားဝင် လျော်ကြေးစရိတ်အဖြစ် Australian Competition and Consumer Commission (ACCC) ကို ပေးဆောင်ဖို့ ဗုဒ္ဓဟူးနေ့(ဇူလိုင် ၂၆ ရက်) က အမိန့်ပေးခဲ့တာပါ။ ဒါဟာ သြစတြေးလျမှာ ရှိနေတဲ့ Meta ရဲ့ တရားဝင်ပြဿနာတွေအနက် တစ်ခုဖြစ်ပါတယ်။

Meta ဟာ ၂ဝ၁၆ ခုနှစ်က သြစတြေးလျရဲ့ နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့အစည်း Cambridge Analytica ရဲ့ အချက်အလက်တွေကို တရားမဝင်အသုံးပြုမှုနဲ့ သြစတြေးလျ၊ သတင်းကော်မရှင်နာ၊ အရပ်ဘက်တရားရုံးမှာ အရေးယူခံနေရဆဲဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၆ ရက်) က စီရင်ချက်ဟာ ၂ဝ၁၆ ခုနှစ် အစောပိုင်းမှ ၂ဝ၁၇ ခုနှစ် နှောင်းပိုင်းအထိ Facebook မှ ကမ်းလှမ်းထားတဲ့ virtual private network (VPN) ဝန်ဆောင်မှု အက်ပ် Onavo နဲ့ ဆက်စပ်နေပါတယ်။ VPN တွေဟာ ၎င်းတို့ရဲ့အင်တာနက်အသုံးပြုသူတွေရဲ့အထောက်အထားတွေကို လျှို့ဝှက်ပေးရမှာဖြစ်ပေမယ့် Facebook ရဲ့ Onavo VPN ကတော့ သုံးစွဲသူတွေရဲ့တည်နေရာ၊ အချိန်နဲ့ ကြိမ်နှုန်းတွေကို စုဆောင်းထားတယ်လို့ တရားရေးဌာန Wendy Abraham က ရေးသားစီရင်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။ ဒါဟာ သောင်းနဲ့ချီတဲ့ သြစတြေးလျသုံးစွဲသူတွေရဲ့ အခွင့်အရေး ဆုံးရှုံးရစေတယ်လို့ Abraham က ဆိုပါတယ်။

အဆိုပါ အက်ပ်ကို ဒေါင်းလုပ် လုပ်မိခဲ့သူ သြစတြေးလျနိုင်ငံသား ၂၇၁,၂၂ဝ ထိ ရှိခဲ့တာကြောင့် သုံးစွဲသူ ဥပဒေ ချိုးဖောက်မှုတိုင်း ဒဏ်ငွေ ဩစတြေးလျဒေါ်လာ ၁.၁ သန်း (ဒေါ်လာ ၇၄၃,၇၂၁) ဒဏ်ရိုက်မယ်ဆိုရင် ဒေါ်လာဘီလျံ ရာနဲ့ချီ ဒဏ်ရိုက်ခံရနိုင်တယ်လို့ ၄င်းက ပြောပါတယ်။ ဒီအတွက် Meta ဘက်ကတော့ အကြောင်းပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version;
အြန္လိုင္းေပၚက သုံးစြဲသူေတြရဲ႕အခ်က္အလက္ေတြကို စုေဆာင္းထားျခင္းေၾကာင့္ Facebook ရဲ႕ မိခင္ကုမၸဏီ Meta ကို ၾသစေၾတးလ်က ဒဏ္ေငြေဒၚလာ ၁၄ သန္း ခ်မွတ္
ေရာင္နီ (NP News) - ဇူလိုင္ ၂၇

Facebook ရဲ႕ မိခင္ကုမၸဏီ Meta Platforms ဟာ သုံးစြဲသူေတြရဲ႕ေဒတာေတြကို ၎ရဲ႕ စမတ္ဖုန္း အပလီေကးရွင္း တစ္ခုမွတစ္ဆင့္ စုေဆာင္းထားတဲ့အတြက္ စုစုေပါင္းဒဏ္ေငြ ၾသစေၾတးလ်ေဒၚလာ သန္း ၂ဝ (ေဒၚလာ ၁၃.၅ သန္း) ေပးေဆာင္ဖို႔ ဩစေၾတးလ်တရား႐ုံးက အမိန႔္ခ်မွတ္ခဲ့ပါတယ္။

ၾသစေၾတးလ် ဖက္ဒရယ္တရား႐ုံးက Meta ကို ၎ရဲ႕လုပ္ငန္းခြဲ Facebook Israel နဲ႔ Onavo အက္ပ္ တို႔မွ သုံးစြဲသူ ကိုယ္ေရးအခ်က္အလက္ေတြ စုေဆာင္းထားျခင္းေၾကာင့္ ၾသစေၾတးလ်ေဒၚလာ ၄ဝဝဝဝဝ (ေဒၚလာ ၂၇ဝ,၆၃၁) ကို တရားဝင္ ေလ်ာ္ေၾကးစရိတ္အျဖစ္ Australian Competition and Consumer Commission (ACCC) ကို ေပးေဆာင္ဖို႔ ဗုဒၶဟူးေန႔(ဇူလိုင္ ၂၆ ရက္) က အမိန႔္ေပးခဲ့တာပါ။ ဒါဟာ ၾသစေၾတးလ်မွာ ရွိေနတဲ့ Meta ရဲ႕ တရားဝင္ျပႆနာေတြအနက္ တစ္ခုျဖစ္ပါတယ္။

Meta ဟာ ၂ဝ၁၆ ခုႏွစ္က ၾသစေၾတးလ်ရဲ႕ ႏိုင္ငံေရးအတိုင္ပင္ခံအဖြဲ႕အစည္း Cambridge Analytica ရဲ႕ အခ်က္အလက္ေတြကို တရားမဝင္အသုံးျပဳမႈနဲ႔ ၾသစေၾတးလ်၊ သတင္းေကာ္မရွင္နာ၊ အရပ္ဘက္တရား႐ုံးမွာ အေရးယူခံေနရဆဲျဖစ္ပါတယ္။

ဗုဒၶဟူးေန႔ (ဇူလိုင္ ၂၆ ရက္) က စီရင္ခ်က္ဟာ ၂ဝ၁၆ ခုႏွစ္ အေစာပိုင္းမွ ၂ဝ၁၇ ခုႏွစ္ ေႏွာင္းပိုင္းအထိ Facebook မွ ကမ္းလွမ္းထားတဲ့ virtual private network (VPN) ဝန္ေဆာင္မႈ အက္ပ္ Onavo နဲ႔ ဆက္စပ္ေနပါတယ္။ VPN ေတြဟာ ၎တို႔ရဲ႕အင္တာနက္အသုံးျပဳသူေတြရဲ႕အေထာက္အထားေတြကို လွ်ိဳ႕ဝွက္ေပးရမွာျဖစ္ေပမယ့္ Facebook ရဲ႕ Onavo VPN ကေတာ့ သုံးစြဲသူေတြရဲ႕တည္ေနရာ၊ အခ်ိန္နဲ႔ ႀကိမ္ႏႈန္းေတြကို စုေဆာင္းထားတယ္လို႔ တရားေရးဌာန Wendy Abraham က ေရးသားစီရင္ခ်က္တစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။ ဒါဟာ ေသာင္းနဲ႔ခ်ီတဲ့ ၾသစေၾတးလ်သုံးစြဲသူေတြရဲ႕ အခြင့္အေရး ဆုံးရႈံးရေစတယ္လို႔ Abraham က ဆိုပါတယ္။

အဆိုပါ အက္ပ္ကို ေဒါင္းလုပ္ လုပ္မိခဲ့သူ ၾသစေၾတးလ်ႏိုင္ငံသား ၂၇၁,၂၂ဝ ထိ ရွိခဲ့တာေၾကာင့္ သုံးစြဲသူ ဥပေဒ ခ်ိဳးေဖာက္မႈတိုင္း ဒဏ္ေငြ ဩစေၾတးလ်ေဒၚလာ ၁.၁ သန္း (ေဒၚလာ ၇၄၃,၇၂၁) ဒဏ္႐ိုက္မယ္ဆိုရင္ ေဒၚလာဘီလ်ံ ရာနဲ႔ခ်ီ ဒဏ္႐ိုက္ခံရႏိုင္တယ္လို႔ ၄င္းက ေျပာပါတယ္။ ဒီအတြက္ Meta ဘက္ကေတာ့ အေၾကာင္းျပန္ျခင္း မရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.