ဖြူးမြို့ရှိ (230 KV) ဓာတ်အားလိုင်းမှ ဓာတ်အားတိုင် (၂)တိုင်ကို PDF အဖွဲ့မှ မိုင်းထောင်ဖျက်ဆီးခဲ့ဟု ရဲတပ်ဖွဲ့ဆို
2319
NP News - ဇူလိုင် ၃ဝ
ပဲခူးတိုင်း၊ ဖြူးမြို့နယ်ရှိ (230 KV)ဓာတ်အားလိုင်းမှ ဓာတ်အားတိုင်(၂)တိုင်ကို PDF အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးသွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော ဇူလိုင်လ ၂၆ ရက် ည ၁၂ နာရီ ၁ဝ မိနစ်အချိန်တွင် ဖြူးမြို့နယ်၊ ရေပြာကျေးရွာ နှင့် ကျွန်းကုန်းကျေးရွာ အကြားရှိ ဓာတ်အားတိုင်(၂)တိုင်ကို မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ ဖောက်ခွဲခံရသောဓာတ်အားတိုင်(၂)တိုင်မှာ တောင်ငူ-ဟင်းငုတ်ပင်-သာယာကုန်းသို့ သွယ်တန်းထားသည့် (230 KV) ဓာတ်အားတိုင်များအနက် တိုင်အမှတ်(188/F21)နှင့် (187/F21) ဖြစ်ကြောင်း သိရသည်။
၎င်းကဲ့သို့ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ဓာတ်အားတိုင်(၂)တိုင်၏ အောင်ခြေများ ပြတ်တောင်ကာ လဲကျပျက်စီး သွားခဲ့သဖြင့် ပြင်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ မိုင်းထောင်ဖောက်ခွဲမှုတွင် ပါဝင်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အလားအတူ ပြီးခဲ့သော ဇူလိုင်လ ၂၄ ရက်တွင်လည်း ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်အတွင်းရှိ မဟာဓာတ်အားလို င်းမှ ဓာတ်အားတိုင်(၂)တိုင်ကို PDF အဖွဲ့က ယခုကဲ့သို့ မိုင်းထောင်ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
Zawgyi Version;
ျဖဴးၿမိဳ႕ရွိ (230 KV) ဓာတ္အားလိုင္းမွ ဓာတ္အားတိုင္ (၂)တိုင္ကို PDF အဖြဲ႕မွ မိုင္းေထာင္ဖ်က္ဆီးခဲ့ဟု ရဲတပ္ဖြဲ႕ဆို
NP News - ဇူလိုင္ ၃ဝ
ပဲခူးတိုင္း၊ ျဖဴးၿမိဳ႕နယ္ရွိ (230 KV)ဓာတ္အားလိုင္းမွ ဓာတ္အားတိုင္(၂)တိုင္ကို PDF အဖြဲ႕မွ မိုင္းေထာင္ေဖာက္ခြဲ ဖ်က္ဆီးသြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။
ၿပီးခဲ့ေသာ ဇူလိုင္လ ၂၆ ရက္ ည ၁၂ နာရီ ၁ဝ မိနစ္အခ်ိန္တြင္ ျဖဴးၿမိဳ႕နယ္၊ ေရျပာေက်း႐ြာ ႏွင့္ ကြၽန္းကုန္းေက်း႐ြာ အၾကားရွိ ဓာတ္အားတိုင္(၂)တိုင္ကို မိုင္းေထာင္ေဖာက္ခြဲခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
ထိုသို႔ ေဖာက္ခြဲခံရေသာဓာတ္အားတိုင္(၂)တိုင္မွာ ေတာင္ငူ-ဟင္းငုတ္ပင္-သာယာကုန္းသို႔ သြယ္တန္းထားသည့္ (230 KV) ဓာတ္အားတိုင္မ်ားအနက္ တိုင္အမွတ္(188/F21)ႏွင့္ (187/F21) ျဖစ္ေၾကာင္း သိရသည္။
၎ကဲ့သို႔ မိုင္းေထာင္ေဖာက္ခြဲမႈေၾကာင့္ ဓာတ္အားတိုင္(၂)တိုင္၏ ေအာင္ေျခမ်ား ျပတ္ေတာင္ကာ လဲက်ပ်က္စီး သြားခဲ့သျဖင့္ ျပင္လည္ျပဳျပင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕က ထုတ္ျပန္ထားသည္။
အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ မိုင္းေထာင္ေဖာက္ခြဲမႈတြင္ ပါဝင္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပး အေရးယူႏိုင္ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
အလားအတူ ၿပီးခဲ့ေသာ ဇူလိုင္လ ၂၄ ရက္တြင္လည္း ပဲခူးတိုင္း ေက်ာက္တံခါးၿမိဳ႕နယ္အတြင္းရွိ မဟာဓာတ္အားလို င္းမွ ဓာတ္အားတိုင္(၂)တိုင္ကို PDF အဖြဲ႕က ယခုကဲ့သို႔ မိုင္းေထာင္ဖ်က္ဆီးသြားခဲ့ေၾကာင္း သိရသည္။