အမေရိကန်နိုင်ငံ အော်ရီဂွန်မှာ လူသားကို ပထမဆုံးကူးစက်တဲ့ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကို CDC အတည်ပြု
274
ရောင်နီ (NP News) - နိုဝင်ဘာ ၁၇
အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာ (CDC) ဟာ အမေရိကန်နိုင်ငံ၊ အော်ရီဂွန်မှာ ပြင်းထန် ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုပုံစံကို လူသားမှာ ကူးစက်မှုအဖြစ် သောကြာနေ့ (နိုဝင်ဘာလ ၁၅ ရက်) မှာ အတည်ပြုခဲ့ပါတယ်။
ကူးစက်ခံရသူဟာ ကြက်အကောင်ရေပေါင်း ၁၅၀,၀၀၀ ဗိုင်းရပ်စ် ကူးစက်မှု အတည်ပြုခဲ့တဲ့ပြည်နယ်ရဲ့စီးပွားဖြစ် ကြက်မွေးမြူရေးလုပ်ငန်းနဲ့ဆက်စပ်နေတယ်လို့ ပြည်နယ်ကျန်းမာရေးအာဏာပိုင်တွေက ပြောကြားပါတယ်။ ယခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ပြည်နယ် ရှစ်ခုမှာ လူပေါင်း ၅၂ ဦး ကြက်ငှက်တုပ်ကွေး ကူးစက်ခံထား ရပြီး နို့စားနွား အကောင်ရေ ၅၀၀ ကျော်အထိ ကူးစက်ခံခဲ့ရတယ်လို့ CDC က ပြောကြားခဲ့ပါတယ်။
လူသားမှာ ကူးစက်ဖြစ်ပွားမှုအများစုဟာ ရောဂါကူးစက်ခံထားရတဲ့ တိရစ္ဆာန်တွေနဲ့ထိတွေ့မှုရှိခဲ့တဲ့ လယ်သမား တွေဖြစ်တယ်လို့ သိရပါတယ်။ အော်ရီဂွန်မှာ ကူးစက်ခံရသူ တစ်ဦးချင်းစီရဲ့အသေးစိတ်အချက်အလက်တွေကို ကျန်းမာရေးအရာရှိတွေက မဖော်ပြထားပေမယ့် လူမှလူကို ကူးစက်မှုဆိုင်ရာအထောက်အထား မရှိသေးတာ ကြောင့် ကပ်ရောဂါအန္တရာယ် နည်းပါးနေသေးတယ်လို့ ယူဆထားပါတယ်။ ပြီးခဲ့တဲ့လက အော်ရီဂွန်မှာ ကြက်ငှက် တုပ်ကွေးရောဂါ H5N1 ကို ဝက်မှာ ပထမဆုံး တွေ့ရှိခဲ့ပါတယ်။