ယူနက်စကိုက ဗင်းနစ်မြို့ကို ထိန်းသိမ်းမှုအရှိန်မြှင့်ရမယ့် ကမ္ဘာ့အမွေအနှစ်မြို့တော်ကြီးအဖြစ် ထည့်သွင်းဖို့ အကြံပြု

 633

ရောင်နီ (NP News) - သြဂုတ် ၂

ကုလသမဂ္ဂယဉ်ကျေးမှုအေဂျင်စီ ယူနက်စကိုက ကဗျာတွေ၊ စာတွေ၊ ပန်းချီတွေမှာ ပါဝင်လေ့ရှိတဲ့ အီတလီနိုင်ငံရဲ့ သမိုင်းဝင် ဗင်းနစ်မြို့ကို ၎င်းရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းဖို့ တနင်္လာနေ့ (ဇူလိုင် ၃၁ ရက်) မှာ အကြံပြုထားပါတယ်။

အီတလီအာဏာပိုင်များအနေနဲ့လည်း သမိုင်းဝင်မြို့နဲ့ ၎င်းရဲ့ပတ်ဝန်းကျင်နေရာ၊ ရေကန်တွေ လုံခြုံလှပစေဖို့ ကြိုးပမ်းမှုတွေ အရှိန်မြှင့်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။

ရာသီဥတုဖောက်ပြန်မှုနဲ့ အစုလိုက်အပြုံလိုက် ခရီးသွားလုပ်ငန်းမှ ဖြစ်ပေါ်လာတဲ့ပြဿနာများစွာကြောင့် ဗင်းနစ်မြို့ဟာ "ပြန်မရနိုင်တဲ့ ပျက်စီးမှုအန္တရာယ် ရှိနေပြီဖြစ်တယ်" လို့ ယူနက်စကိုက ၎င်းရဲ့အကြံပြုချက်မှာ ပြောကြားခဲ့ပါတယ်။

အကြံပြုချက်ဟာ အခုလာမယ့် စက်တင်ဘာလအတွင်း ရီယာ့ဒ်မြို့မှာ ပြုလုပ်မယ့် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ် ကော်မတီအစည်းအဝေးမှာ တင်သွင်းမှာဖြစ်တယ်လို့ သိရပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု၊ ရာသီဥတုပြောင်းလဲမှုနဲ့ အစုလိုက်အပြုံလိုက် ခရီးသွားလာမှု အပါအဝင် လူတို့ရဲ့ဝင်ရောက်စွက်ဖက်မှုကြောင့် ယိုယွင်းပျက်စီးမှုတွေ ဆက်တိုက်ဖြစ်ပေါ်နေခြင်းဟာ မြို့ရဲ့တန်ဖိုးကို နောက်ပြန်ဆုတ် ပြင်ဆင်ခွင့်မရှိနိုင်တဲ့ပြောင်းလဲခြင်းတွေ ဖြစ်စေနိုင်တယ်လို့ ယူနက်စကိုက ပြောကြားခဲ့ပါတယ်။

"ဒီနှစ်ရှည်လများ ပြဿနာအချို့ဟာ ဗင်းနစ်ရဲ့မွေးရာပါ ဝိသေသလက္ခဏာတွေနဲ့ ဂုဏ်ရည်များကို ယိုယွင်းသွားစေ တယ်" လို့ ယူနက်စကို က ပြောကြားပြီး၊ အထပ်မြင့် အဆောက်အအုံများ အပါအဝင် ဖွံ့ဖြိုးတိုးတက်မှုတွေဟာ သိသိသာသာ အပျက်သဘောဆောင်တဲ့သက်ရောက်မှုတွေဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ဒါ့အပြင် လူသားတို့ရဲ့လှုံ့ဆော်မှုနဲ့ သဘာဝပြောင်းလဲမှုတွေရဲ့ပေါင်းစပ်အကျိုးသက်ရောက်မှုတွေဟာ အဆောက် အဦးတွေနဲ့ မြို့ပြဧရိယာတွေ တည်ဆောက်ရာမှာ ယိုယွင်းပျက်စီးမှုတွေဖြစ်စေတယ်လို့ ၎င်းက ဆိုပါတယ်။

အဆိုပါအကြံပြုချက်ကို ကမ္ဘာတစ်ဝန်းရှိ သမိုင်းဝင်နေရာတွေအတွက် ကမ္ဘာ့အမွေအနှစ် တံဆိပ်များ ချီးမြှင့်ခြင်းကို ကြီးကြပ်တဲ့ ရီယာ့ဒ်မြို့မှာ လာမယ့်စက်တင်ဘာ ၁ဝ ရက်မှ ၂၅ ရက်အထိပြုလုပ်မယ့် ယူနက်စကိုရဲ့ ကမ္ဘာ့အမွေ အနှစ်ကော်မတီအစည်းအဝေးမှာ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

Zawgyi Version;
ယူနက္စကိုက ဗင္းနစ္ၿမိဳ႕ကို ထိန္းသိမ္းမႈအရွိန္ျမႇင့္ရမယ့္ ကမာၻ႔အေမြအႏွစ္ၿမိဳ႕ေတာ္ႀကီးအျဖစ္ ထည့္သြင္းဖို႔ အႀကံျပဳ
ေရာင္နီ (NP News) - ၾသဂုတ္ ၂

ကုလသမဂၢယဥ္ေက်းမႈေအဂ်င္စီ ယူနက္စကိုက ကဗ်ာေတြ၊ စာေတြ၊ ပန္းခ်ီေတြမွာ ပါဝင္ေလ့ရွိတဲ့ အီတလီႏိုင္ငံရဲ႕ သမိုင္းဝင္ ဗင္းနစ္ၿမိဳ႕ကို ၎ရဲ႕ကမာၻ႔အေမြအႏွစ္စာရင္းမွာ ထည့္သြင္းဖို႔ တနလၤာေန႔ (ဇူလိုင္ ၃၁ ရက္) မွာ အႀကံျပဳထားပါတယ္။

အီတလီအာဏာပိုင္မ်ားအေနနဲ႔လည္း သမိုင္းဝင္ၿမိဳ႕နဲ႔ ၎ရဲ႕ပတ္ဝန္းက်င္ေနရာ၊ ေရကန္ေတြ လုံၿခဳံလွပေစဖို႔ ႀကိဳးပမ္းမႈေတြ အရွိန္ျမႇင့္လုပ္ေဆာင္ဖို႔ လိုအပ္ေၾကာင္း ၎က ေျပာၾကားခဲ့ပါတယ္။

ရာသီဥတုေဖာက္ျပန္မႈနဲ႔ အစုလိုက္အၿပဳံလိုက္ ခရီးသြားလုပ္ငန္းမွ ျဖစ္ေပၚလာတဲ့ျပႆနာမ်ားစြာေၾကာင့္ ဗင္းနစ္ၿမိဳ႕ဟာ "ျပန္မရႏိုင္တဲ့ ပ်က္စီးမႈအႏၲရာယ္ ရွိေနၿပီျဖစ္တယ္" လို႔ ယူနက္စကိုက ၎ရဲ႕အႀကံျပဳခ်က္မွာ ေျပာၾကားခဲ့ပါတယ္။

အႀကံျပဳခ်က္ဟာ အခုလာမယ့္ စက္တင္ဘာလအတြင္း ရီယာ့ဒ္ၿမိဳ႕မွာ ျပဳလုပ္မယ့္ ယူနက္စကိုရဲ႕ ကမာၻ႔အေမြအႏွစ္ ေကာ္မတီအစည္းအေဝးမွာ တင္သြင္းမွာျဖစ္တယ္လို႔ သိရပါတယ္။ ဖြံ႕ၿဖိဳးတိုးတက္မႈ၊ ရာသီဥတုေျပာင္းလဲမႈနဲ႔ အစုလိုက္အၿပဳံလိုက္ ခရီးသြားလာမႈ အပါအဝင္ လူတို႔ရဲ႕ဝင္ေရာက္စြက္ဖက္မႈေၾကာင့္ ယိုယြင္းပ်က္စီးမႈေတြ ဆက္တိုက္ျဖစ္ေပၚေနျခင္းဟာ ၿမိဳ႕ရဲ႕တန္ဖိုးကို ေနာက္ျပန္ဆုတ္ ျပင္ဆင္ခြင့္မရွိႏိုင္တဲ့ေျပာင္းလဲျခင္းေတြ ျဖစ္ေစႏိုင္တယ္လို႔ ယူနက္စကိုက ေျပာၾကားခဲ့ပါတယ္။

"ဒီႏွစ္ရွည္လမ်ား ျပႆနာအခ်ိဳ႕ဟာ ဗင္းနစ္ရဲ႕ေမြးရာပါ ဝိေသသလကၡဏာေတြနဲ႔ ဂုဏ္ရည္မ်ားကို ယိုယြင္းသြားေစ တယ္" လို႔ ယူနက္စကို က ေျပာၾကားၿပီး၊ အထပ္ျမင့္ အေဆာက္အအုံမ်ား အပါအဝင္ ဖြံ႕ၿဖိဳးတိုးတက္မႈေတြဟာ သိသိသာသာ အပ်က္သေဘာေဆာင္တဲ့သက္ေရာက္မႈေတြျဖစ္ႏိုင္တယ္လို႔ သတိေပးထားပါတယ္။

ဒါ့အျပင္ လူသားတို႔ရဲ႕လႈံ႕ေဆာ္မႈနဲ႔ သဘာဝေျပာင္းလဲမႈေတြရဲ႕ေပါင္းစပ္အက်ိဳးသက္ေရာက္မႈေတြဟာ အေဆာက္အဦးေတြနဲ႔ ၿမိဳ႕ျပဧရိယာေတြ တည္ေဆာက္ရာမွာ ယိုယြင္းပ်က္စီးမႈေတြျဖစ္ေစတယ္လို႔ ၎က ဆိုပါတယ္။

အဆိုပါအႀကံျပဳခ်က္ကို ကမာၻတစ္ဝန္းရွိ သမိုင္းဝင္ေနရာေတြအတြက္ ကမာၻ႔အေမြအႏွစ္ တံဆိပ္မ်ား ခ်ီးျမႇင့္ျခင္းကိုႀကီးၾကပ္တဲ့ ရီယာ့ဒ္ၿမိဳ႕မွာ လာမယ့္စက္တင္ဘာ ၁ဝ ရက္မွ ၂၅ ရက္အထိျပဳလုပ္မယ့္ ယူနက္စကိုရဲ႕ ကမာၻ႔အေမြအႏွစ္ေကာ္မတီအစည္းအေဝးမွာ ေဆြးေႏြးသြားမွာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.