အရန်ဆန်များကို တစ်အိတ်လျှင် (၆၀၀၀၀)ကျပ်နှုန်းထက် မပိုသောဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဟု MRF ထုတ်ပြန်

1106
ယွန်း (NP News) - သြဂုတ် ၈
အရန်ဆန်အိတ် (၅၀၀၀၀)ကို တစ်အိတ်လျှင် (၆၀၀၀၀) ကျပ်နှုန်းထက်မပိုသော ဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ ဇူလိုင်လ(၂)ရက်တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ဆန်စပါးဈေးကွက် နှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ပို့ကုန်ကုမ္ပဏီများ၏ ပူးပေါင်းပါဝင်မှုဖြင့် စုဆောင်းထားသည့် အရန်ဆန်များ အပါအဝင် အခြားသောအစီအစဥ်ဖြင့် စီစဥ်ထားသော အရန်ဆန်များအား ဈေးကွက်အတွင်းသို့ အမြန်ဆုံးရောင်းချသွားမည်ဖြစ်ကြောင်း MRF မှ ပြီးခဲ့သည့် ဇူလိုင်လ(၂၇)ရက်က ထုတ်ပြန်ထားသည်။
ရောင်းချသွားမည့် ဆန်အိတ် (၅၀,၀၀၀) (Well Milled, Polished & Sortexed) ၂၅%အဆင့် ဧည့်မထဆန်များကို တစ်အိတ်လျှင် (၆၀,၀၀၀) ကျပ်နှုန်းထက် မပိုသောဈေးနှုန်းဖြင့် ကနဦး စတင်ရောင်းချရန် စီစဉ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ထုတ်ပြန်ထားသည်။
အဆိုပါ ဆန်အိတ်များကို ယခုလ(သြဂုတ်လ)အတွင်း ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။
၎င်းအရန်ဆန်များကို သက်သာသော ဈေးနှုန်းဖြင့် စက်မှုဇုန်မှ အခြေခံအလုပ်သမား မိသားစုများ၊ ဌာနဆိုင်ရာ လစာနည်းဝန်ထမ်းများအား ရောင်းချပေး ခြင်း၊ လုပ်သားပြည်သူများသို့ ဆန်ကုန်စည်ဒိုင်များ၊ စည်ပင်သာယာဈေး အရောင်းဆိုင်များမှတဆင့် ရောင်းချပေးခြင်း အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း MRF မှ ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် အဆိုပါ အရန်ဆန်အိတ်(၅၀၀၀၀)သည် ကနဦးထုတ်ရောင်းခြင်းဖြစ်ပြီး ဈေးကွက်အခြေအနေပေါ်မူတည်ပြီး လိုအပ်လျှင် လိုအပ်သလို ထုတ်ရောင်းသွားမည်ဖြစ်ကြောင်း သိရသည်။

zawgyi version
အရန္ဆန္မ်ားကို တစ္အိတ္လွ်င္ (၆၀၀၀၀)က်ပ္ႏႈန္းထက္ မပိုေသာေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးမည္ဟု MRF ထုတ္ျပန္
ယြန္း (NP News) - ၾသဂုတ္ ၈
အရန္ဆန္အိတ္ (၅၀၀၀၀)ကို တစ္အိတ္လွ်င္ (၆၀၀၀၀) က်ပ္ႏႈန္းထက္မပိုေသာ ေဈးႏႈန္းမ်ားျဖင့္ ေရာင္းခ်ေပးမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္မွ ထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္(MRF)မွ ဇူလိုင္လ(၂)ရက္တြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားျခင္းျဖစ္သည္။
ဆန္စပါးေဈးကြက္ ႏွင့္ ေဈးႏႈန္းတည္ၿငိမ္ေစေရးအတြက္ ပို႔ကုန္ကုမၸဏီမ်ား၏ ပူးေပါင္းပါဝင္မႈျဖင့္ စုေဆာင္းထားသည့္ အရန္ဆန္မ်ား အပါအဝင္ အျခားေသာအစီအစဥ္ျဖင့္ စီစဥ္ထားေသာ အရန္ဆန္မ်ားအား ေဈးကြက္အတြင္းသို႔ အျမန္ဆုံးေရာင္းခ်သြားမည္ျဖစ္ေၾကာင္း MRF မွ ၿပီးခဲ့သည့္ ဇူလိုင္လ(၂၇)ရက္က ထုတ္ျပန္ထားသည္။
ေရာင္းခ်သြားမည့္ ဆန္အိတ္ (၅၀,၀၀၀) (Well Milled, Polished & Sortexed) ၂၅%အဆင့္ ဧည့္မထဆန္မ်ားကို တစ္အိတ္လွ်င္ (၆၀,၀၀၀) က်ပ္ႏႈန္းထက္ မပိုေသာေဈးႏႈန္းျဖင့္ ကနဦး စတင္ေရာင္းခ်ရန္ စီစဥ္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံဆန္စပါး အသင္းခ်ဳပ္မွ ထုတ္ျပန္ထားသည္။
အဆိုပါ ဆန္အိတ္မ်ားကို ယခုလ(ၾသဂုတ္လ)အတြင္း ေရာင္းခ်ေပးသြားမည္ျဖစ္ေၾကာင္းသိရသည္။
၎အရန္ဆန္မ်ားကို သက္သာေသာ ေဈးႏႈန္းျဖင့္ စက္မႈဇုန္မွ အေျခခံအလုပ္သမား မိသားစုမ်ား၊ ဌာနဆိုင္ရာ လစာနည္းဝန္ထမ္းမ်ားအား ေရာင္းခ်ေပး ျခင္း၊ လုပ္သားျပည္သူမ်ားသို႔ ဆန္ကုန္စည္ဒိုင္မ်ား၊ စည္ပင္သာယာေဈး အေရာင္းဆိုင္မ်ားမွတဆင့္ ေရာင္းခ်ေပးျခင္း အစီအစဥ္မ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း MRF မွ ထုတ္ျပန္ထားသည္။
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္အေနျဖင့္ အဆိုပါ အရန္ဆန္အိတ္(၅၀၀၀၀)သည္ ကနဦးထုတ္ေရာင္းျခင္းျဖစ္ၿပီး ေဈးကြက္အေျခအေနေပၚမူတည္ၿပီး လိုအပ္လွ်င္ လိုအပ္သလို ထုတ္ေရာင္းသြားမည္ျဖစ္ေၾကာင္း သိရသည္။