တရုတ်နိုင်ငံမှာ ကလေးတွေ တစ်နေ့ကို ၂ နာရီသာ ဖုန်းသုံးခွင့် ကန့်သတ်ဖို့ ကြိုးပမ်းနေ

746

ရောင်နီ (NP News) - သြဂုတ် ၄
တရုတ်နိုင်ငံမှာ အသက် ၁၈ နှစ်အောက် ကလေးငယ်တွေအတွက် ၎င်းတို့ စမတ်ဖုန်းတွေ အသုံးပြုခြင်းကို တစ်ရက်မှာ အများဆုံး နှစ်နာရီအထိသာအသုံးပြုဖို့ ကန့်သတ်ထားသင့်တယ်လို့ တရုတ် Cyberspace Administration of China (CAC) ဗုဒ္ဓဟူးနေ့(သြဂုတ်လ ၂ ရက်) မှာ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံ Cyberspace Administration of China (CAC) က ၎င်းရဲ့ စမတ်စက်ပစ္စည်း ထုတ်လုပ်သူတွေကို အသက် ၁၈ နှစ်အောက် အသုံးပြုသူတွေ အသုံးပြုခြင်းအပေါ်တားမြစ်မယ့် minor mode program လို့ ခေါ်တဲ့ ပရိုဂရမ်တွေ ထည့်သွင်းလုပ်ဆောင်ပေးစေလိုကြောင်း ပြောကြားခဲ့ပါတယ်။
ထုတ်လုပ်သူတွေဟာ အဆိုပြုထားတဲ့ပြုပြင်ပြောင်းလဲမှုတွေအောက် အချိန်ကန့်သတ်ချက်တွေကိုလည်း သတ်မှတ် ရမှာဖြစ်ကြောင်း CAC မှ ပြောကြားခဲ့ပါတယ်။ အသက် ၁၆ နှစ်မှ ၁၈ နှစ်အတွင်း အသုံးပြုသူတွေကို တစ်ရက်ကို နှစ်နာရီသာ ခွင့်ပြုမှာဖြစ်ပြီး အသက် ၈ နှစ်မှ ၁၆ နှစ်အထိ ကလေးတွေကို တစ်ရက် တစ်နာရီ၊ ရှစ်နှစ်အောက် ကလေးတွေကို တစ်ရက် ရှစ်မိနစ်သာ ခွင့်ပြုမယ်လို့ ဆိုပါတယ်။
CAC မှ အဆိုပါလမ်းညွှန်ချက်မူကြမ်း ထုတ်ပြန်ပြီးနောက် တရုတ်နည်းပညာကုမ္ပဏီတွေမှာ ရှယ်ယာအများစု ကျဆင်းသွားခဲ့ပါတယ်။ Bilibili နဲ့ Kuaishou မှာ ၆.၉၈ ရာခိုင်နှုန်းနဲ့ ၃.၅၃ ရာခိုင်နှုန်း၊ WeChat မှတစ်ဆင့် အသုံးပြု ရတဲ့ Tencent Holdings မှာ ၂.၉၉ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။
Shanghai Shenlun ဥပဒေအကျိုးဆောင်ကုမ္ပဏီမှ ရှေ့နေတစ်ဦးဖြစ်တဲ့ ရှီအာဟိုင်လောင်က အစိုးရရဲ့စည်းမျဉ်း တွေဟာ အင်တာနက်ကုမ္ပဏီတွေအတွက် ခေါင်းခဲစရာဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ "ဒီစည်းမျဉ်း ဥပဒေ သစ်ကို မှန်မှန်ကန်ကန် အကောင်အထည်ဖော်ဖို့ အားထုတ်မှုနဲ့ ထပ်လောင်း ကုန်ကျစရိတ်များစွာ လိုအပ်နိုင်တယ်" လို့ ၎င်းက ဆိုပါတယ်။
အာဏာပိုင်တွေက ပြီးခဲ့တဲ့နှစ်တွေအတွင်း လူငယ်တွေ မျက်စိအဝေးမှုန်ခြင်း၊ အင်တာနက်စွဲလမ်းမှုနှုန်းနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ တိုးလာခဲ့ပါတယ်။ အစိုးရဟာ ၂ဝ၂၁ ခုနှစ်က အသက် ၁၈ နှစ်အောက် ဗီဒီယိုဂိမ်း ကစားသူတွေအတွက် ညမထွက်ရအမိန့် ချမှတ်ခဲ့ပါတယ်။ ၎င်းဟာ Tencent လို ဂိမ်းကုမ္ပဏီကြီးတွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခုဖြစ်ခဲ့ပါတယ်။ Bilibili၊ Kuaishouနဲ့ ByteDance လို ဗီဒီယိုမျှဝေတဲ့ ပလပ်ဖောင်းတွေ ဟာ သုံးစွဲသူတွေအတွက် အသုံးပြုမှုကြာချိန်ကန့်သတ်ထားတဲ့ “ဆယ်ကျော်သက်မုဒ်တွေ” ကို ၂ဝ၁၉ ခုနှစ် ကတည်းက ကမ်းလှမ်းခဲ့ပါတယ်။
ByteDance ရဲ့ TikTok အက်ပ် Douyin ဟာ ဆယ်ကျော်သက်တွေကို မိနစ် ၄ဝ ထက်ပို အသုံးမပြုနိုင်ဖို့ ကန့်သတ် ထားပါတယ်။ အာဏာပိုင်တွေကတော့ ၎င်းတို့အနေနဲ့ နည်းပညာကုမ္ပဏီကြီးတွေ ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးကူညီဖို့ ကြိုးပမ်းသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံမွာ ကေလးေတြ တစ္ေန႔ကို ၂ နာရီသာ ဖုန္းသုံးခြင့္ ကန႔္သတ္ဖို႔ ႀကိဳးပမ္းေန
ေရာင္နီ (NP News) - ၾသဂုတ္ ၄
တ႐ုတ္ႏိုင္ငံမွာ အသက္ ၁၈ ႏွစ္ေအာက္ ကေလးငယ္ေတြအတြက္ ၎တို႔ စမတ္ဖုန္းေတြ အသုံးျပဳျခင္းကို တစ္ရက္မွာ အမ်ားဆုံး ႏွစ္နာရီအထိသာအသုံးျပဳဖို႔ ကန႔္သတ္ထားသင့္တယ္လို႔ တ႐ုတ္ Cyberspace Administration of China (CAC) ဗုဒၶဟူးေန႔(ၾသဂုတ္လ ၂ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံ Cyberspace Administration of China (CAC) က ၎ရဲ႕ စမတ္စက္ပစၥည္း ထုတ္လုပ္သူေတြကို အသက္ ၁၈ ႏွစ္ေအာက္ အသုံးျပဳသူေတြ အသုံးျပဳျခင္းအေပၚတားျမစ္မယ့္ minor mode program လို႔ ေခၚတဲ့ ပ႐ိုဂရမ္ေတြ ထည့္သြင္းလုပ္ေဆာင္ေပးေစလိုေၾကာင္း ေျပာၾကားခဲ့ပါတယ္။
ထုတ္လုပ္သူေတြဟာ အဆိုျပဳထားတဲ့ျပဳျပင္ေျပာင္းလဲမႈေတြေအာက္ အခ်ိန္ကန႔္သတ္ခ်က္ေတြကိုလည္း သတ္မွတ္ ရမွာျဖစ္ေၾကာင္း CAC မွ ေျပာၾကားခဲ့ပါတယ္။ အသက္ ၁၆ ႏွစ္မွ ၁၈ ႏွစ္အတြင္း အသုံးျပဳသူေတြကို တစ္ရက္ကို ႏွစ္နာရီသာ ခြင့္ျပဳမွာျဖစ္ၿပီး အသက္ ၈ ႏွစ္မွ ၁၆ ႏွစ္အထိ ကေလးေတြကို တစ္ရက္ တစ္နာရီ၊ ရွစ္ႏွစ္ေအာက္ ကေလးေတြကို တစ္ရက္ ရွစ္မိနစ္သာ ခြင့္ျပဳမယ္လို႔ ဆိုပါတယ္။
CAC မွ အဆိုပါလမ္းၫႊန္ခ်က္မူၾကမ္း ထုတ္ျပန္ၿပီးေနာက္ တ႐ုတ္နည္းပညာကုမၸဏီေတြမွာ ရွယ္ယာအမ်ားစု က်ဆင္းသြားခဲ့ပါတယ္။ Bilibili နဲ႔ Kuaishou မွာ ၆.၉၈ ရာခိုင္ႏႈန္းနဲ႔ ၃.၅၃ ရာခိုင္ႏႈန္း၊ WeChat မွတစ္ဆင့္ အသုံးျပဳ ရတဲ့ Tencent Holdings မွာ ၂.၉၉ ရာခိုင္ႏႈန္း က်ဆင္းခဲ့တယ္လို႔ သိရပါတယ္။
Shanghai Shenlun ဥပေဒအက်ိဳးေဆာင္ကုမၸဏီမွ ေရွ႕ေနတစ္ဦးျဖစ္တဲ့ ရွီအာဟိုင္ေလာင္က အစိုးရရဲ႕စည္းမ်ဥ္း ေတြဟာ အင္တာနက္ကုမၸဏီေတြအတြက္ ေခါင္းခဲစရာျဖစ္လိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။ "ဒီစည္းမ်ဥ္း ဥပေဒ သစ္ကို မွန္မွန္ကန္ကန္ အေကာင္အထည္ေဖာ္ဖို႔ အားထုတ္မႈနဲ႔ ထပ္ေလာင္း ကုန္က်စရိတ္မ်ားစြာ လိုအပ္ႏိုင္တယ္" လို႔ ၎က ဆိုပါတယ္။
အာဏာပိုင္ေတြက ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း လူငယ္ေတြ မ်က္စိအေဝးမႈန္ျခင္း၊ အင္တာနက္စြဲလမ္းမႈႏႈန္းနဲ႔ ပတ္သက္ၿပီး စိုးရိမ္မႈေတြ တိုးလာခဲ့ပါတယ္။ အစိုးရဟာ ၂ဝ၂၁ ခုႏွစ္က အသက္ ၁၈ ႏွစ္ေအာက္ ဗီဒီယိုဂိမ္း ကစားသူေတြအတြက္ ညမထြက္ရအမိန႔္ ခ်မွတ္ခဲ့ပါတယ္။ ၎ဟာ Tencent လို ဂိမ္းကုမၸဏီႀကီးေတြအတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္တစ္ခုျဖစ္ခဲ့ပါတယ္။ Bilibili၊ Kuaishouနဲ႔ ByteDance လို ဗီဒီယိုမွ်ေဝတဲ့ ပလပ္ေဖာင္းေတြ ဟာ သုံးစြဲသူေတြအတြက္ အသုံးျပဳမႈၾကာခ်ိန္ကန႔္သတ္ထားတဲ့ “ဆယ္ေက်ာ္သက္မုဒ္ေတြ” ကို ၂ဝ၁၉ ခုႏွစ္ ကတည္းက ကမ္းလွမ္းခဲ့ပါတယ္။
ByteDance ရဲ႕ TikTok အက္ပ္ Douyin ဟာ ဆယ္ေက်ာ္သက္ေတြကို မိနစ္ ၄ဝ ထက္ပို အသုံးမျပဳႏိုင္ဖို႔ ကန္႔သတ္ ထားပါတယ္။ အာဏာပိုင္ေတြကေတာ့ ၎တို႔အေနနဲ႔ နည္းပညာကုမၸဏီႀကီးေတြ ဖြံ႕ၿဖိဳးတိုးတက္မႈကို ပံ့ပိုးကူညီဖို႔ ႀကိဳးပမ္းသြားမယ္လို႔ ေျပာၾကားခဲ့ပါတယ္။