မကွေး၌ ရေနံပိုက်လိုင်းဖောက်၍ ရေနံခိုးထုတ်နေသော အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးကို အရေးယူ

 3784

NP News - ဩဂုတ် ၇

မကွေးတိုင်း၊ ချောက်မြို့နယ်၌ ရေနံပိုက်လိုင်းကို ဖောက်၍ ရေနံခိုးထုတ်နေသော အမျိုးသားလေးဦးနှင့် အမျိုးသမီးတစ်ဦးကို ရဲတပ်ဖွဲ့မှ အမှုဖွင့်အရေးယူထားကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များမှ သိရသည်။

၎င်းတို့သည် ဩဂုတ်လ ၅ရက်၊ နံနက် ၉နာရီခွဲအချိန်တွင် ချောက်မြိုနယ်၊ (၄)ရပ်ကွက် ရေနံမြေအတွင်းရှိ OB ပိုက်လိုင်းအား ဖောက်ခိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေနံမြေလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ရေနံခိုးယူနေကြောင်း သတင်းအရ အဆိုပါနေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ ရေနံ OB ပိုက်လိုင်းအား ဖောက်၍ ပိုက်ပျော့များဖြင့် သွယ်တန်းပြီး ရေနံပီပါများ အတွင်းသို့ ထည့်သွင်းခိုးယူနေသူများအား တွေ့ရှိခဲ့ကြောင်း နစကမှ ထုတ်ပြန်ထားသည်။

အဆိုပါရေနံခိုးယူမှုတွင် ပါဝင်သူများအနက်မှ အမှတ်(၄)ရပ်ကွက်နေ မဇာဖြူလဲ့ဝင်း(၄၂)နှစ်နှင့် အမှတ်(၆) ရပ်ကွက်နေ ဖိုးပြည့်(ခ) ပြည့်ဟိန်းကျော်(၂၉)နှစ်တို့အား ရေနံခိုးယူရာတွင် အသုံးပြုသည့် မော်တော်ယာဉ်တစ်စီး၊ ဆိုင်ကယ် (၃)စီး၊ ဂါလန်(၅၀)ဆံ့ ရေနံပီပါ(၂)လုံး၊ (၂၅)ဂါလန် ခန့်ပါ ရေနံအိတ် (၁၀)လုံး၊ ရေနံပီပါ အခွံ (၁၀)လုံး၊ တစ်လက်မ ပိုက်ပျော့ပေ(၂၀၀)နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် ဖမ်းဆီးရမိသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအား ချောက်မြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသည့် မဲကြီး(ခ)ကျော်နိုင်ဦး၊ ညီညီနှင့် အောင်အောင်ဦးတို့ (၃)ဦးကိုလည်း ဖမ်းဆီးရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။

zawgyi version
မေကြး၌ ေရနံပိုက္လိုင္းေဖာက္၍ ေရနံခိုးထုတ္ေနေသာ အမ်ိဳးသားေလးဦးႏွင့္ အမ်ိဳးသမီးတစ္ဦးကို အေရးယူ

NP News - ဩဂုတ္ ၇

မေကြးတိုင္း၊ ေခ်ာက္ၿမိဳ႕နယ္၌ ေရနံပိုက္လိုင္းကို ေဖာက္၍ ေရနံခိုးထုတ္ေနေသာ အမ်ိဳးသားေလးဦးႏွင့္ အမ်ိဳးသမီးတစ္ဦးကို ရဲတပ္ဖြဲ႕မွ အမႈဖြင့္အေရးယူထားေၾကာင္း နစက၏ သတင္းထုတ္ျပန္ခ်က္မ်ားမွ သိရသည္။

၎တို႔သည္ ဩဂုတ္လ ၅ရက္၊ နံနက္ ၉နာရီခြဲအခ်ိန္တြင္ ေခ်ာက္ၿမိဳနယ္၊ (၄)ရပ္ကြက္ ေရနံေျမအတြင္းရွိ OB ပိုက္လိုင္းအား ေဖာက္ခိုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေရနံေျမလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားသည္ ေရနံခိုးယူေနေၾကာင္း သတင္းအရ အဆိုပါေနရာသို႔ သြားေရာက္ စစ္ေဆးခဲ့ရာ ေရနံ OB ပိုက္လိုင္းအား ေဖာက္၍ ပိုက္ေပ်ာ့မ်ားျဖင့္ သြယ္တန္းၿပီး ေရနံပီပါမ်ား အတြင္းသို႔ ထည့္သြင္းခိုးယူေနသူမ်ားအား ေတြ႕ရွိခဲ့ေၾကာင္း နစကမွ ထုတ္ျပန္ထားသည္။

အဆိုပါေရနံခိုးယူမႈတြင္ ပါဝင္သူမ်ားအနက္မွ အမွတ္(၄)ရပ္ကြက္ေန မဇာျဖဴလဲ့ဝင္း(၄၂)ႏွစ္ႏွင့္ အမွတ္(၆) ရပ္ကြက္ေန ဖိုးျပည့္(ခ) ျပည့္ဟိန္းေက်ာ္(၂၉)ႏွစ္တို႔အား ေရနံခိုးယူရာတြင္ အသုံးျပဳသည့္ ေမာ္ေတာ္ယာဥ္တစ္စီး၊ ဆိုင္ကယ္ (၃)စီး၊ ဂါလန္(၅၀)ဆံ့ ေရနံပီပါ(၂)လုံး၊ (၂၅)ဂါလန္ ခန႔္ပါ ေရနံအိတ္ (၁၀)လုံး၊ ေရနံပီပါ အခြံ (၁၀)လုံး၊ တစ္လက္မ ပိုက္ေပ်ာ့ေပ(၂၀၀)ႏွင့္ ဆက္စပ္ပစၥည္းမ်ားကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္တြင္ ဖမ္းဆီးရမိေသာ အမ်ိဳးသားတစ္ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးအား ေခ်ာက္ၿမိဳ႕နယ္ရဲစခန္းမွ အမႈဖြင့္အေရးယူထားၿပီး ထြက္ေျပးတိမ္းေရွာင္ေနသည့္ မဲႀကီး(ခ)ေက်ာ္ႏိုင္ဦး၊ ညီညီႏွင့္ ေအာင္ေအာင္ဦးတို႔ (၃)ဦးကိုလည္း ဖမ္းဆီးရမိေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ေဆာင္႐ြက္လ်က္ရွိေၾကာင္း နစကမွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.