တောင်သာမြို့နယ်ရှိ ရုံးစည်ကြီးတိုက်နယ်ရဲစခန်းကို PDF အဖွဲ့က အင်အားသုံးတိုက်ခိုက်သော်လည်း လုံခြုံရေးတပ်ဖွဲ့မှ ပြန်လည်ခုခံနိုင်ခဲ့

 733

NP News - နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ ရုံးစည်ကြီးတိုက်နယ်ရဲစခန်းကို PDF အဖွဲ့က အင်အားသုံးတိုက်ခိုက်သော်လည်း လုံခြုံရေးတပ်ဖွဲ့မှ ပြန်လည်ခုခံနိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာလ ၁၁ ရက်)၊ နံနက် ၅ နာရီခန့်က တောင်သာမြို့နယ်၊ တောင်သာ-မိတ္ထီလာ လမ်းပိုင်းရှိ ရုံးစည်ကြီး တိုက်နယ်ရဲစခန်းကို PDF အဖွဲ့က အင်းအားအလုံးအရင်းသုံးကာ Drone များအသုံးပြု တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ရုံးစည်ကြီးက ပုံမှန်တိုက်ပွဲအမြဲဖြစ်နေတဲ့နေရာပါ။ နေ့တိုင်းနီးပါးဖြစ်နေတာ။ ရုံးစည်က တော်တော်အခြေအနေဆိုးပေမယ့် သေတာတော့မကြားမိဘူး”ဟု ဒေသခံတစ်ဦးက NP News ကိုပြောသည်။

အဆိုပါ တိုက်ပွဲအတွင်း PDF အဖွဲ့က အင်းအားသုံးတိုက်ခိုက်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်နိုင်ခဲ့သောကြောင့် PDF အဖွဲ့ဝင်များ ထွက်ပြေးသွားခဲ့ရကြောင်း သိရသည်။‌

အလားတူ ယနေ့(နိုဝင်ဘာ ၁၂ရက်)နံနက်အစောပိုင်းကလည်း တောင်သာမြို့နယ်ရှိ ဇဂျမ်းရဲစခန်း နှင့် အထက်တန်းကျောင်းကို PDF အဖွဲ့က Drone ဖြင့် ဗုံး(၂)လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ “တောင်သာ-ဇဂျမ်းလမ်းမှာတော့ စစ်ဆေးတာတွေရှိတယ်။ မနက်ကတိုက်ပွဲမှာ ဇဂျမ်းက အိမ်(၂)လုံး မီးလောင်သွားတယ်လို့ ကြားတယ်”ဟု အထက်ပါ ဒေသခံက ဆိုသည်။

တောင်သာမြို့နယ်ရှိ ရုံးစည်ကြီးရဲစခန်းနှင့် အနီးတစ်ဝိုက်တွင် တပ်မတော်လုံခြုံရေးတပ်ဖွဲ့နှင့် PDF လက်နက်ကိုင်တို့အကြား မကြာခဏပစ်ခတ်မှုများရှိနေကြောင်း သိရသည်။

zawgyi version
ေတာင္သာၿမိဳ႕နယ္ရွိ ႐ုံးစည္ႀကီးတိုက္နယ္ရဲစခန္းကို PDF အဖြဲ႕က အင္အားသုံးတိုက္ခိုက္ေသာ္လည္း လုံၿခဳံေရးတပ္ဖြဲ႕မွ ျပန္လည္ခုခံႏိုင္ခဲ့
NP News - ႏိုဝင္ဘာ ၁၂

မႏၲေလးတိုင္းေဒသႀကီး၊ ေတာင္သာၿမိဳ႕နယ္ရွိ ႐ုံးစည္ႀကီးတိုက္နယ္ရဲစခန္းကို PDF အဖြဲ႕က အင္အားသုံးတိုက္ခိုက္ေသာ္လည္း လုံၿခဳံေရးတပ္ဖြဲ႕မွ ျပန္လည္ခုခံႏိုင္ခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ႏိုဝင္ဘာလ ၁၁ ရက္)၊ နံနက္ ၅ နာရီခန႔္က ေတာင္သာၿမိဳ႕နယ္၊ ေတာင္သာ-မိတၳီလာ လမ္းပိုင္းရွိ ႐ုံးစည္ႀကီး တိုက္နယ္ရဲစခန္းကို PDF အဖြဲ႕က အင္းအားအလုံးအရင္းသုံးကာ Drone မ်ားအသုံးျပဳ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“႐ုံးစည္ႀကီးက ပုံမွန္တိုက္ပြဲအၿမဲျဖစ္ေနတဲ့ေနရာပါ။ ေန႔တိုင္းနီးပါးျဖစ္ေနတာ။ ႐ုံးစည္က ေတာ္ေတာ္အေျခအေနဆိုးေပမယ့္ ေသတာေတာ့မၾကားမိဘူး”ဟု ေဒသခံတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါ တိုက္ပြဲအတြင္း PDF အဖြဲ႕က အင္းအားသုံးတိုက္ခိုက္ခဲ့ေသာ္လည္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ျပန္လည္ခုခံတိုက္ခိုက္ႏိုင္ခဲ့ေသာေၾကာင့္ PDF အဖြဲ႕ဝင္မ်ား ထြက္ေျပးသြားခဲ့ရေၾကာင္း သိရသည္။‌

အလားတူ ယေန႔(ႏိုဝင္ဘာ ၁၂ရက္)နံနက္အေစာပိုင္းကလည္း ေတာင္သာၿမိဳ႕နယ္ရွိ ဇဂ်မ္းရဲစခန္း ႏွင့္ အထက္တန္းေက်ာင္းကို PDF အဖြဲ႕က Drone ျဖင့္ ဗုံး(၂)လုံး ပစ္ခ်တိုက္ခိုက္ခဲ့ေၾကာင္းသိရသည္။ “ေတာင္သာ-ဇဂ်မ္းလမ္းမွာေတာ့ စစ္ေဆးတာေတြရွိတယ္။ မနက္ကတိုက္ပြဲမွာ ဇဂ်မ္းက အိမ္(၂)လုံး မီးေလာင္သြားတယ္လို႔ ၾကားတယ္”ဟု အထက္ပါ ေဒသခံက ဆိုသည္။

ေတာင္သာၿမိဳ႕နယ္ရွိ ႐ုံးစည္ႀကီးရဲစခန္းႏွင့္ အနီးတစ္ဝိုက္တြင္ တပ္မေတာ္လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ PDF လက္နက္ကိုင္တို႔အၾကား မၾကာခဏပစ္ခတ္မႈမ်ားရွိေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.