လားရှိုးမြို့တွင် MNDAA အဖွဲ့က အရပ်ဝတ်များဖြင့် နေထိုင်မှုများရှိသကဲ့သို့ ပြည်သူပိုင်ပစ္စည်းများကိုလည်း ခိုးယူလုယက်မှုများရှိနေ
1600
သန့်ဇင် (NP News) - နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုးမြို့တွင် MNDAA အဖွဲ့က အရပ်ဝတ်များဖြင့် နေထိုင်မှုများရှိသကဲ့သို့ ပြည်သူပိုင်ပစ္စည်းများကိုလည်း ခိုးယူလုယက်မှုများရှိနေကြောင်း NP News က ဆက်သွယ်မေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။
MNDAA လက်နက်ကိုင်အဖွဲ့က လားရှိုးမြို့ကို ပြီးခဲ့သည့် ဩဂုတ်လ(၃)တွင် ထိန်းချုပ်လိုက်ပြီဖြစ် ကြောင်း ကြေညာခဲ့ပြီးနောက် ၎င်းတို့က မြို့အတွင်းမှ ပြည်သူများအကြားအရပ်ဝတ်များဖြင့် ရောနှော နေထိုင်ကာ အချို့သော ရပ်ကွက်များရှိ နေအိမ်များအောက်တွင် ပုန်းခိုနေကြကြောင်း လားရှိုးမြို့ခံများက ဆိုသည်။
“လားရှိုးမှာက ကိုးကန့်တွေအများကြီးပဲ။ အရပ်ဝတ်တွေနဲ့ သူတို့က ဘယ်လိုနေလဲဆိုတော့ မြေ အောက်လိုမျိုး ရပ်ကွက်(၁၂)တွေ၊ ရပ်ကွက်(၅)တွေရဲ့ မြေအောက်အိမ်တွေဘာတွေရှိတယ်။ အဲဒီလိုမျိုး ဂူ၊ မြေအောက်ထဲမှာ နေကြတာ။ ရွာတွေမှာလည်း ကိုးကန့်တွေပလူပျံနေတာပဲ။ ရွာသားတွေကို တရုတ် ငွေ (၃၀ဝ)၊ (၄၀ဝ)၊ (၅၀ဝ)ပေးပြီး စစ်သားလုပ်ခိုင်းတယ်လေ။ ပိုက်ဆံရတော့ လုပ်တာပေါ့။ တရုတ်ငွေ (၁၀ဝ) ဆိုရင်ပဲ မြန်မာငွေကျပ်(၆၀ဝဝဝ)၊ (၇၀ဝဝဝ)လောက်ရှိတာကို။ အဲဒီတော့ (၃)သိန်း၊ (၄)သိန်းရပြီ လေ။ ဘာမှမလုပ်ပဲနဲ့ နေနေတာ” ဟု ၎င်းကဆိုသည်။
ထို့ပြင် MNDAA လက်နက်ကိုင်အဖွဲ့က ပြည်သူပိုင်ပစ္စည်းများဖြစ်သည့် ကား၊ ဆိုင်ကယ်နှင့် အခြားသော တန်ဖိုးကြီးပစ္စည်းများကို အတင်းအဓ္ဓမလု ယက်ယူဆောင်ခြင်းများကိုလည်း ပေါ်ပေါ် ထင်ထင် ကျူးလွန်နေကြကြောင်း သိရသည်။ “သူတို့မကျေနပ် တဲ့အိမ်ဆိုရင်ယူတယ်။ သူတို့က စစချင်းမှာ စစ်လိုက်တယ်။ ကျွန်မ သူငယ်ချင်းအိမ်ဆိုရင် ဆိုင်ကယ်(၆)စီးရှိတာ (၄)စီးယူသွားတယ်။ အဲဒီကိုးကန့်တွေပဲ။ သူ များအိမ်မှာ ကြိုက်သလိုစားတယ်။ ပိုင်ရှင်ရှေ့မှာပဲယူတာ။ အိမ်စောင့်နေတဲ့ ကောင်လေးကလည်း မပြောရဲဘူး။ ကြောက်လို့ ဒူးတွေတုန်လို့တဲ့။ အဲဒီအိမ်မှာ (၆)ရက်တောင်နေသွား တာတဲ့။ လားရှိုးကနေ ပြေးတော့ မနိုင်တော့လို့ အဲဒီအိမ်မှာစုပြီးတော့ထားခဲ့တဲ့ ပစ္စည်းလေးတွေပေါ့။ ဆိုင်ကယ်တွေလည်းပါတယ်။ စေတနာ့ဝန်ထမ်းလေးတွေ ဆိုင်ကယ်တွေပါသွားတာ။ သူခိုးတွေက MNDAA တွေ အဲဒီကိုးကန့်တွေ။ ပြီး ရင်မခိုးသလိုလိုနဲ့။ သူတို့ခိုးပြီးရင် သူခိုးအသေးစား တွေကပြန်ခိုးတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
လားရှိုးမြို့၌ MNDAA လက်နက်ကိုင်အဖွဲ့ အပြင် PDF လက်နက်ကိုင်အဖွဲ့ဝင်များလည်း နေ ထိုင်ကြကြောင်း သိရသည်။ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့တွင် လူမျိုးရေးခွဲခြားမှုများလည်း ရှိနေပြီး အချို့မှာ ဗမာလူမျိုးများအားတွေ့ရှိပါက မြို့အတွင်း ဝင်ရောက်နေထိုင်ခွင့်မပေးသည့် အခြေ အနေမျိုးနှင့်ပင်ကြုံတွေ့နေရကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ “လားရှိုးဂိတ်” “မယ်ဟန် ဂိတ်”မှာ အရင်က ဗမာဆို (go)။ မလာနဲ့ပြောတာ။ အခုလည်းရှိသေးတယ်။ လားရှိုးမှာရှိတာမှ ကိုးကန့် တွေ အများကြီးပဲ။ အဲဒီတရုတ်ရပ်ကွက်မှာဆိုရင် ရပ်ကွက်(၈)တို့ ရပ်ကွက်(၁၂)ဘက်မှာဆိုရင် သူတို့ရဲ့ ကိုးကန့်တရုတ်တွေရဲ့ အမျိုးအဆွေ ချည်းပဲ” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ပြင် လားရှိုးမြို့မှထွက်ခွာသွားသည့် မြို့ခံများ မှာ ၎င်းတို့တိမ်းရှောင်ရာ ဒေသများတွင် အခက်အခဲများစွာနှင့် ရင်ဆိုင်ရသဖြင့် လားရှိုးမြို့အတွင်း ပြန်လည်ဝင်ရောက်နေထိုင်နေရသော်လည်း MNDAA ၏ ဖိနှိပ်မှုများကိုမူ လက်မခံနိုင်ကြောင်း လားရှိုးမြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
“အိမ်ခန်းခတွေဆိုရင်လည်း (၂)ဆ၊ (၃)ဆနဲ့ ကိုယ်တောင်စားဖို့၊ သောက်ဖို့ကို ရှိတာရောင်းစား နေရတာ။ အဆင်မပြေဘူးလေ။ အချို့အိမ်ရှင်တွေက လည်း လူလည်ကျတာပေါ့။ (၃)လကနေ၊ (၆)လစာ၊ (၈)လစာကို ထပ်ထပ်ပေးသွားတော့ လူတွေက မနေနိုင်တော့ လားရှိုးပြန်ကြတာ။ နေချင်လို့ပြန်နေတာ မဟုတ်ဘူး။ နေစရာကိုမရှိတော့လို့ပြန်ကြတာ။ မကျွေးနိုင်တော့ အကုန်လုံးက လားရှိုးပြန်ပြေးကြတာ။ တကယ်တမ်းတော့ လားရှိုးမြို့ခံတွေက သူပုန် ကို အရမ်းမုန်းတယ်။ ကိုးကန့်တွေဆိုအရမ်းမုန်းတာ လားရှိုးကလူတွေက။ မုန်းပေမယ့်လေ နေစရာမရှိ တော့ ပြန်ဝင်ကြရတာပေါ့” ဟု ၎င်းကပြော သည်။ MNDAA လက်နက်ကိုင်အဖွဲ့အနေဖြင့် လားရှိုးမြို့အပြင် လောက်ကိုင်၊ ချင်းရွှေဟော်၊ သိန္ဒီ၊ ကွတ်ခိုင်၊ ကွမ်းလုံ ဒေသများတွင် မြို့အတွင်းသို့ ဗမာလူမျိုးများ ဝင်ရောက်မှုကို တင်းကြပ်ထားဆဲဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလမှစတင်ကာ လက်ရှိအချိန်အထိ တပ်မတော်က MNDAA လက်နက် ကိုင်အဖွဲ့များ ခိုအောင်းနေထိုင်သည့် လားရှိုးမြို့မှ အဓိကနေရာများကို လေ ကြောင်းတိုက်ခိုက်မှု အကြိမ်(၂၀)ထက်မနည်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
zawgyi version
လားရႈိးၿမိဳ႕တြင္ MNDAA အဖြဲ႕က အရပ္ဝတ္မ်ားျဖင့္ ေနထိုင္မႈမ်ားရွိသကဲ့သို႔ ျပည္သူပိုင္ပစၥည္းမ်ားကိုလည္း ခိုးယူလုယက္မႈမ်ားရွိေန
သန႔္ဇင္ (NP News) - ႏိုဝင္ဘာ ၁၂
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ရွိ လားရႈိးၿမိဳ႕တြင္ MNDAA အဖြဲ႕က အရပ္ဝတ္မ်ားျဖင့္ ေနထိုင္မႈမ်ားရွိသကဲ့သို႔ ျပည္သူပိုင္ပစၥည္းမ်ားကိုလည္း ခိုးယူလုယက္မႈမ်ားရွိေနေၾကာင္း NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။
MNDAA လက္နက္ကိုင္အဖြဲ႕က လားရႈိးၿမိဳ႕ကို ၿပီးခဲ့သည့္ ဩဂုတ္လ(၃)တြင္ ထိန္းခ်ဳပ္လိုက္ၿပီျဖစ္ ေၾကာင္း ေၾကညာခဲ့ၿပီးေနာက္ ၎တို႔က ၿမိဳ႕အတြင္းမွ ျပည္သူမ်ားအၾကားအရပ္ဝတ္မ်ားျဖင့္ ေရာေႏွာ ေနထိုင္ကာ အခ်ိဳ႕ေသာ ရပ္ကြက္မ်ားရွိ ေနအိမ္မ်ားေအာက္တြင္ ပုန္းခိုေနၾကေၾကာင္း လားရႈိးၿမိဳ႕ခံမ်ားက ဆိုသည္။
“လားရႈိးမွာက ကိုးကန႔္ေတြအမ်ားႀကီးပဲ။ အရပ္ဝတ္ေတြနဲ႔ သူတို႔က ဘယ္လိုေနလဲဆိုေတာ့ ေျမ ေအာက္လိုမ်ိဳး ရပ္ကြက္(၁၂)ေတြ၊ ရပ္ကြက္(၅)ေတြရဲ႕ ေျမေအာက္အိမ္ေတြဘာေတြရွိတယ္။ အဲဒီလိုမ်ိဳး ဂူ၊ ေျမေအာက္ထဲမွာ ေနၾကတာ။ ႐ြာေတြမွာလည္း ကိုးကန႔္ေတြပလူပ်ံေနတာပဲ။ ႐ြာသားေတြကို တ႐ုတ္ ေငြ (၃၀ဝ)၊ (၄၀ဝ)၊ (၅၀ဝ)ေပးၿပီး စစ္သားလုပ္ခိုင္းတယ္ေလ။ ပိုက္ဆံရေတာ့ လုပ္တာေပါ့။ တ႐ုတ္ေငြ (၁၀ဝ) ဆိုရင္ပဲ ျမန္မာေငြက်ပ္(၆၀ဝဝဝ)၊ (၇၀ဝဝဝ)ေလာက္ရွိတာကို။ အဲဒီေတာ့ (၃)သိန္း၊ (၄)သိန္းရၿပီ ေလ။ ဘာမွမလုပ္ပဲနဲ႔ ေနေနတာ” ဟု ၎ကဆိုသည္။
ထို႔ျပင္ MNDAA လက္နက္ကိုင္အဖြဲ႕က ျပည္သူပိုင္ပစၥည္းမ်ားျဖစ္သည့္ ကား၊ ဆိုင္ကယ္ႏွင့္ အျခားေသာ တန္ဖိုးႀကီးပစၥည္းမ်ားကို အတင္းအဓၶမလု ယက္ယူေဆာင္ျခင္းမ်ားကိုလည္း ေပၚေပၚ ထင္ထင္ က်ဴးလြန္ေနၾကေၾကာင္း သိရသည္။ “သူတို႔မေက်နပ္ တဲ့အိမ္ဆိုရင္ယူတယ္။ သူတို႔က စစခ်င္းမွာ စစ္လိုက္တယ္။ ကြၽန္မ သူငယ္ခ်င္းအိမ္ဆိုရင္ ဆိုင္ကယ္(၆)စီးရွိတာ (၄)စီးယူသြားတယ္။ အဲဒီကိုးကန႔္ေတြပဲ။ သူ မ်ားအိမ္မွာ ႀကိဳက္သလိုစားတယ္။ ပိုင္ရွင္ေရွ႕မွာပဲယူတာ။ အိမ္ေစာင့္ေနတဲ့ ေကာင္ေလးကလည္း မေျပာရဲဘူး။ ေၾကာက္လို႔ ဒူးေတြတုန္လို႔တဲ့။ အဲဒီအိမ္မွာ (၆)ရက္ေတာင္ေနသြား တာတဲ့။ လားရႈိးကေန ေျပးေတာ့ မႏိုင္ေတာ့လို႔ အဲဒီအိမ္မွာစုၿပီးေတာ့ထားခဲ့တဲ့ ပစၥည္းေလးေတြေပါ့။ ဆိုင္ကယ္ေတြလည္းပါတယ္။ ေစတနာ့ဝန္ထမ္းေလးေတြ ဆိုင္ကယ္ေတြပါသြားတာ။ သူခိုးေတြက MNDAA ေတြ အဲဒီကိုးကန႔္ေတြ။ ၿပီး ရင္မခိုးသလိုလိုနဲ႔။ သူတို႔ခိုးၿပီးရင္ သူခိုးအေသးစား ေတြကျပန္ခိုးတာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။
လားရႈိးၿမိဳ႕၌ MNDAA လက္နက္ကိုင္အဖြဲ႕ အျပင္ PDF လက္နက္ကိုင္အဖြဲ႕ဝင္မ်ားလည္း ေန ထိုင္ၾကေၾကာင္း သိရသည္။ MNDAA ထိန္းခ်ဳပ္ထားသည့္ လားရႈိးၿမိဳ႕တြင္ လူမ်ိဳးေရးခြဲျခားမႈမ်ားလည္း ရွိေနၿပီး အခ်ိဳ႕မွာ ဗမာလူမ်ိဳးမ်ားအားေတြ႕ရွိပါက ၿမိဳ႕အတြင္း ဝင္ေရာက္ေနထိုင္ခြင့္မေပးသည့္ အေျခ အေနမ်ိဳးႏွင့္ပင္ႀကဳံေတြ႕ေနရေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။ “လားရႈိးဂိတ္” “မယ္ဟန္ ဂိတ္”မွာ အရင္က ဗမာဆို (go)။ မလာနဲ႔ေျပာတာ။ အခုလည္းရွိေသးတယ္။ လားရႈိးမွာရွိတာမွ ကိုးကန႔္ ေတြ အမ်ားႀကီးပဲ။ အဲဒီတ႐ုတ္ရပ္ကြက္မွာဆိုရင္ ရပ္ကြက္(၈)တို႔ ရပ္ကြက္(၁၂)ဘက္မွာဆိုရင္ သူတို႔ရဲ႕ ကိုးကန႔္တ႐ုတ္ေတြရဲ႕ အမ်ိဳးအေဆြ ခ်ည္းပဲ” ဟု ၎ကဆက္လက္ေျပာသည္။
ထို႔ျပင္ လားရႈိးၿမိဳ႕မွထြက္ခြာသြားသည့္ ၿမိဳ႕ခံမ်ား မွာ ၎တို႔တိမ္းေရွာင္ရာ ေဒသမ်ားတြင္ အခက္အခဲမ်ားစြာႏွင့္ ရင္ဆိုင္ရသျဖင့္ လားရႈိးၿမိဳ႕အတြင္း ျပန္လည္ဝင္ေရာက္ေနထိုင္ေနရေသာ္လည္း MNDAA ၏ ဖိႏွိပ္မႈမ်ားကိုမူ လက္မခံႏိုင္ေၾကာင္း လားရႈိးၿမိဳ႕မွ စစ္ေဘးေရွာင္အမ်ိဳးသမီးတစ္ဦးက ဆိုသည္။
“အိမ္ခန္းခေတြဆိုရင္လည္း (၂)ဆ၊ (၃)ဆနဲ႔ ကိုယ္ေတာင္စားဖို႔၊ ေသာက္ဖို႔ကို ရွိတာေရာင္းစား ေနရတာ။ အဆင္မေျပဘူးေလ။ အခ်ိဳ႕အိမ္ရွင္ေတြက လည္း လူလည္က်တာေပါ့။ (၃)လကေန၊ (၆)လစာ၊ (၈)လစာကို ထပ္ထပ္ေပးသြားေတာ့ လူေတြက မေနႏိုင္ေတာ့ လားရႈိးျပန္ၾကတာ။ ေနခ်င္လို႔ျပန္ေနတာ မဟုတ္ဘူး။ ေနစရာကိုမရွိေတာ့လို႔ျပန္ၾကတာ။ မေကြၽးႏိုင္ေတာ့ အကုန္လုံးက လားရႈိးျပန္ေျပးၾကတာ။ တကယ္တမ္းေတာ့ လားရႈိးၿမိဳ႕ခံေတြက သူပုန္ ကို အရမ္းမုန္းတယ္။ ကိုးကန႔္ေတြဆိုအရမ္းမုန္းတာ လားရႈိးကလူေတြက။ မုန္းေပမယ့္ေလ ေနစရာမရွိ ေတာ့ ျပန္ဝင္ၾကရတာေပါ့” ဟု ၎ကေျပာ သည္။ MNDAA လက္နက္ကိုင္အဖြဲ႕အေနျဖင့္ လားရႈိးၿမိဳ႕အျပင္ ေလာက္ကိုင္၊ ခ်င္းေ႐ႊေဟာ္၊ သိႏၵီ၊ ကြတ္ခိုင္၊ ကြမ္းလုံ ေဒသမ်ားတြင္ ၿမိဳ႕အတြင္းသို႔ ဗမာလူမ်ိဳးမ်ား ဝင္ေရာက္မႈကို တင္းၾကပ္ထားဆဲျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ စက္တင္ဘာလမွစတင္ကာ လက္ရွိအခ်ိန္အထိ တပ္မေတာ္က MNDAA လက္နက္ ကိုင္အဖြဲ႕မ်ား ခိုေအာင္းေနထိုင္သည့္ လားရႈိးၿမိဳ႕မွ အဓိကေနရာမ်ားကို ေလ ေၾကာင္းတိုက္ခိုက္မႈ အႀကိမ္(၂၀)ထက္မနည္း လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။