ပဲခူးမြို့သို့ ရေဘေးကယ်ဆယ်ရေးသွားသော ပရဟိတအသင်းကား သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အသင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိ

5231
စော(NP News) - ဩဂုတ် ၁၁
ပဲခူးတိုင်း၊ ပဲခူးမြို့သို့ ရေဘေးကယ်ဆယ်ရေးသွားသော ပရဟိတအသင်းကား သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အသင်းသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့(ဩဂုတ်လ ၁၁ရက်)၊ နံနက် (၉)နာရီဝန်းကျင်အချိန်တွင် အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေကျင်မောင်မယ်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“ဒီနေ့မနက်လောက်ကဖြစ်သွားတာပါ။ ကားနှစ်စီးမှာတစ်စီးပဲထိသွားတာပါ။ ကျည်ကတော့ တစ်ချက်ပဲထိသွားပါတယ်။ အသင်းသားတစ်ဦးကတော့ မှန်စထိသွားတာပါ။ မစိုးရိမ်ရပါဘူး”ဟု ရွှေကျင်မောင်မယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းကြောင့် အသင်းဝင်တစ်ဦးဖြစ်သည့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါပရဟိတအသင်းကားသည် ရွှေကျင်လမ်းမှ ညောင်လေးပင်လမ်းအတိုင်းမောင်းနှင်လာစဉ် ပုဇွန်မြောင်းကျေးရွာအရောက်၌ သေနတ်ဖြင့်ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုသည် ပြီးခဲ့သည် (ဩဂုတ်လ ၉ ရက်) နံနက်ပိုင်းမှစတင်ခဲ့ပြီး ပဲခူးမြို့နယ်ရှိ အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင် ရေများဝင်ရောက်နေပြီး ရန်ကုန်-မန္တလေးကားလမ်းပေါ်သို့ ရေကျော်နေမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
ထို့ကြောင့် ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင်ရာ ဘုန်းကြီးကျောင်းများနှင့် ခရစ်ယာန်ကျောင်းများတွင် ယာယီရေဘေးသင့် စခန်း(၁၃)ခုကို ဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုကူညီရေးအသင်းများက ဆက်လက်ကူညီဆောင်ရွက်နေကြောင်း သိရသည်။

zawgyi version
ပဲခူးၿမိဳ႕သို႔ ေရေဘးကယ္ဆယ္ေရးသြားေသာ ပရဟိတအသင္းကား ေသနတ္ျဖင့္ ပစ္ခတ္ခံရၿပီး အသင္းသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိ
ေစာ(NP News) - ဩဂုတ္ ၁၁
ပဲခူးတိုင္း၊ ပဲခူးၿမိဳ႕သို႔ ေရေဘးကယ္ဆယ္ေရးသြားေသာ ပရဟိတအသင္းကား ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ အသင္းသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ဩဂုတ္လ ၁၁ရက္)၊ နံနက္ (၉)နာရီဝန္းက်င္အခ်ိန္တြင္ အထက္ပါကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေ႐ႊက်င္ေမာင္မယ္လူမႈကူညီေရးအသင္းထံမွ သိရသည္။
“ဒီေန႔မနက္ေလာက္ကျဖစ္သြားတာပါ။ ကားႏွစ္စီးမွာတစ္စီးပဲထိသြားတာပါ။ က်ည္ကေတာ့ တစ္ခ်က္ပဲထိသြားပါတယ္။ အသင္းသားတစ္ဦးကေတာ့ မွန္စထိသြားတာပါ။ မစိုးရိမ္ရပါဘူး”ဟု ေ႐ႊက်င္ေမာင္မယ္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။
ေသနတ္ျဖင့္ပစ္ခတ္ခံရျခင္းေၾကာင့္ အသင္းဝင္တစ္ဦးျဖစ္သည့္ အမ်ိဳးသားတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါပရဟိတအသင္းကားသည္ ေ႐ႊက်င္လမ္းမွ ေညာင္ေလးပင္လမ္းအတိုင္းေမာင္းႏွင္လာစဥ္ ပုဇြန္ေျမာင္းေက်း႐ြာအေရာက္၌ ေသနတ္ျဖင့္ပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္း ၎ကဆက္လက္ေျပာၾကားခဲ့သည္။
မိုးသည္းထန္စြာ႐ြာသြန္းမႈသည္ ၿပီးခဲ့သည္ (ဩဂုတ္လ ၉ ရက္) နံနက္ပိုင္းမွစတင္ခဲ့ၿပီး ပဲခူးၿမိဳ႕နယ္ရွိ အနိမ့္ပိုင္းရပ္ကြက္မ်ားႏွင့္ ေက်း႐ြာမ်ားတြင္ ေရမ်ားဝင္ေရာက္ေနၿပီး ရန္ကုန္-မႏၲေလးကားလမ္းေပၚသို႔ ေရေက်ာ္ေနမႈမ်ားျဖစ္ေပၚေနေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေရေဘးသင့္ျပည္သူမ်ားအတြက္ သက္ဆိုင္ရာ ဘုန္းႀကီးေက်ာင္းမ်ားႏွင့္ ခရစ္ယာန္ေက်ာင္းမ်ားတြင္ ယာယီေရေဘးသင့္ စခန္း(၁၃)ခုကို ဖြင့္လွစ္ထားရွိၿပီး သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ လူမႈကူညီေရးအသင္းမ်ားက ဆက္လက္ကူညီေဆာင္႐ြက္ေနေၾကာင္း သိရသည္။