တမူးမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က ပစ္စည်းလုယက်သည့်အပြင် အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ဟု ရဲတပ်ဖွဲ့ဆို

 1733

NP News - ဩဂုတ် ၁၂

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် အကြမ်းဖက်အဖွဲ့က ပစ္စည်းများလုယက်သည့်အပြင် အမျိုးသားတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဩဂုတ်လ ၉ ရက်၊ ညနေ ၉နာရီခွဲအချိန်တွင် တမူးမြို့နယ်၊ စန္ဒကူး(၃) ရပ်ကွက်တွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှထုတ်ပြန်ထားသည်။

အဆိုပါရပ်ကွက်တွင်နေထိုင်သည့် သေဆုံးသူအမျိုးသားသည် ၎င်း၏နေအိမ်၌ရှိနေစဉ် အကြမ်းဖက်အဖွဲ့ အင်အား(၄)ဦးခန့်က သေနတ်များကိုင်ဆောင်ကာရောက်ရှိလာပြီး နေအိမ်ရှိ ဆိုင်ကယ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံး နှင့် ငွေသားများအား လုယက်ယူဆောင်ကာ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စန္ဒကူး(၃)ရပ်ကွက်တွင်နေထိုင်သည့် ဦးပိန်းကမ်(၄၉)နှစ်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ လုယက်သတ်ဖြတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းစီး၍ အပြစ်ပေးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေတွင်း ပိတ်ဆို့စုံစမ်းရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

zawgyi version
တမူးၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕က ပစၥည္းလုယက္သည့္အျပင္ အမ်ိဳးသားတစ္ဦးအား ေသနတ္ျဖင့္ ပစ္ခတ္သတ္ျဖတ္ခဲ့ဟု ရဲတပ္ဖြဲ႕ဆို

NP News - ဩဂုတ္ ၁၂

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕နယ္တြင္ အၾကမ္းဖက္အဖြဲ႕က ပစၥည္းမ်ားလုယက္သည့္အျပင္ အမ်ိဳးသားတစ္ဦးအား ေသနတ္ျဖင့္ ပစ္သတ္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ဩဂုတ္လ ၉ ရက္၊ ညေန ၉နာရီခြဲအခ်ိန္တြင္ တမူးၿမိဳ႕နယ္၊ စႏၵကူး(၃) ရပ္ကြက္တြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွထုတ္ျပန္ထားသည္။

အဆိုပါရပ္ကြက္တြင္ေနထိုင္သည့္ ေသဆုံးသူအမ်ိဳးသားသည္ ၎၏ေနအိမ္၌ရွိေနစဥ္ အၾကမ္းဖက္အဖြဲ႕ အင္အား(၄)ဦးခန႔္က ေသနတ္မ်ားကိုင္ေဆာင္ကာေရာက္ရွိလာၿပီး ေနအိမ္ရွိ ဆိုင္ကယ္တစ္စီး၊ လက္ကိုင္ဖုန္းတစ္လုံး ႏွင့္ ေငြသားမ်ားအား လုယက္ယူေဆာင္ကာ ေသနတ္ျဖင့္ ပစ္ခတ္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္ခံရမႈေၾကာင့္ စႏၵကူး(၃)ရပ္ကြက္တြင္ေနထိုင္သည့္ ဦးပိန္းကမ္(၄၉)ႏွစ္တြင္ က်ည္ထိမွန္ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ပြားရာေနရာ၌ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။

အထက္ပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လုယက္သတ္ျဖတ္မႈက်ဴးလြန္ခဲ့သည့္ အၾကမ္းဖက္သမားမ်ားအား ေဖာ္ထုတ္ဖမ္းစီး၍ အျပစ္ေပးအေရးယူႏိုင္ေရးလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမတြင္း ပိတ္ဆို႔စုံစမ္းရွာေဖြျခင္းမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.