မြန်မာနိုင်ငံရှိ စာသင်ကျောင်းများကို Safe Zone အဖြစ် သတ်မှတ်ကြေညာပေးရန် အာဆီယံဘာသာရေးခေါင်းဆောင်များ အစည်းအဝေး၌ IBEC ဆရာတော် တောင်းဆို

 2803

မြူနစ် (NP News) - သြဂုတ် ၁၂

မြန်မာနိုင်ငံရှိ စာသင်ကျောင်းများကို Safe Zone အဖြစ် သတ်မှတ်ကြေညာပေးရန် အာဆီယံနိုင်ငံ ဘာရေးရေးခေါင်းဆောင်များအစည်းအဝေး၌ IBEC ဆရာတော်က တောင်းဆိုလိုက်သည်။

အာဆီယံနိုင်ငံ ဘာသာရေးခေါင်းဆောင်များအစည်းအဝေးကို ပြီးခဲ့သော ၇ ရက်နှင့် ၈ ရက်တို့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ကျင်းပခဲ့သည်။

၎င်းအစည်းအဝေး၌ အထူးဧည့်သည်တော်အဖြစ် တက်ရောက်မိန့်ခွန်းပြောကြားရန်အတွက် ကမ္ဘာ့ငြိမ်း ချမ်းရေးသံတမန်၊ IBEC ဆရာတော် ဦးသောဘိတအား အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက ဖိတ်ကြားခဲ့ကြောင်း သိရသည်။

“အဲဒီတော့ ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် ပဋိပက္ခဖြစ်နေတဲ့ နေရာတောင်မှ ပညာရေး၊ ကျန်းမာရေးတွေနဲ့ပတ် သက်ရင် ဘယ်အဖွဲ့အစည်းကမှ ချုပ်ကိုင်ဖို့ မလုပ်အပ်ဘူး။ ဒါတွေကို တကယ့် Free Zone အဖြစ်နဲ့ Safe Zone အဖြစ်နဲ့ ဆောင်ရွက်ဖို့ သင့်တယ်လို့ အဲဒါကို ဘုန်းဘုန်းက အဓိကထားပြီးတော့ ဆွေးနွေးခဲ့တယ်။ အာဆီယံအနေနဲ့လည်း ဒါကို statement ထုတ်ပြန်ပြီးတော့မှ မေတ္တာရပ်ခံဖို့ အကြံပြုပေးခဲ့တယ်” ဟု ဆရာတော်ဦးသောဘိတက NP News ကို မိန့်ကြားသည်။

ပညာရေး၊ ကျန်းမာရေးကိစ္စများသည် တပ်မတော်နှင့် မဆိုင်သကဲ့သို့ NUG နှင့်လည်း မသက်ဆိုင်ကြောင်း၊ ပညာရေးသည် လူထုနှင့်သာ သက်ဆိုင်ပြီး မည်သည့်အဖွဲ့အစည်းကမျှ အနှောက်အယှက်ပေး၍ မရကြောင်း ဆရာတော်က မိန့်သည်။

“အဲဒါကို အာဆီယံတင် မဟုတ်ဘဲ ကမ္ဘာ့ကုလသမဂ္ဂတို့၊ နိုင်ငံတကာတို့ကပါပေါ့။ ဥပမာ ဒီကျောင်းဟာ ပညာရေးဆိုတာ စစ်တပ်နဲ့လည်း မဆိုင်ဘူး။ NUG နဲ့လည်း မဆိုင်ဘူး။ ပညာရေးသည် လူထုရဲ့ ပညာရေး ဖြစ်တဲ့အတွက် ဒါတွေနဲ့ပတ်သက်တဲ့ဟာကို အနှောက်အယှက်ပေးစရာမလိုဘူး။ အဲဒါမျိုးကို ကျောင်းမှာ လွတ်လပ်စွာ ပညာသင်ကြားတဲ့ဟာ ဆရာ၊ ဆရာမတွေလည်း ပညာသင်ကြားခွင့်ရှိရမယ်။ လုံခြုံမှုရှိရမယ်။ ကျောင်းသူ၊ ကျောင်းသားတွေလည်း အနှောင့်အယှက်မပေးရဘူး။ အဲဒီတော့ ဘယ်ကျောင်းတော့ မတက်ရဘူးဆိုတဲ့ ခြိမ်းခြောက်တာမျိုးတွေ မရှိရေအောင် အဲဒါမျိုးတွေကို အာဆီယံရပ်ဝန်းဒေသကနေပြီး ကမ္ဘာ့ကုလသမဂ္ဂကပါ နိုင်ငံတကာခေါင်းဆောင်တွေကနေ ဘုန်းဘုန်းတို့ရဲ့ တိုင်းပြည်ရဲ့ကိုယ်စားပြောကြားပေးဖို့ အထူးမေတ္တာရပ်ခံခဲ့တယ်” ဟု ဆရာတော် ဦးသောဘိတက မိန့်ကြားသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် တပ်မတော်က နိုင်ငံတော်အာဏာရယူခဲ့ပြီးနောက် နိုင်ငံအတွင်း၌ ဆရာ၊ ဆရာမများ အကြမ်းဖက်သတ်ဖြတ်ခံရခြင်း၊ စာသင်ကျောင်းများ မီးရှို့ခြိမ်းခြောက်ခံရခြင်းနှင့် စာသင် ကျောင်းများ မဖွင့်ရန် တားဆီးပိတ်ပင်ခြင်းများ ရှိနေသည်။

စစ်ကိုင်းတိုင်းသည် ပဋိပက္ခများစွာ ဖြစ်ပွားနေသော ဒေသတစ်ခုဖြစ်ပြီး တိုင်းအတွင်းရှိ (၈၀)ရာခိုင်နှုန်းသော အခြေခံပညာကျောင်းများမှာ ကောင်းမွန်ပိုင်နိုင်စွာ ပညာသင်ကြားပေးနိုင်ခြင်းမရှိကြောင်း IBEC ဆရာတော်က ထပ်မံမိန့်ကြားထားသည်။

“စစ်ကိုင်းတိုင်းမှာက ၈၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဘယ်ဖက်ကမှ သေချာပညာမသင်ကြားနိုင်ဘူး။ နိုင်ငံ့ဝန်ထမ်း ဆရာ၊ ဆရာမတွေဆိုရင်လည်း သူတို့ ကျရာတာဝန်တွေမှာ မသွားနိုင်ဘူး။ သွားလို့လည်း မရဘူး။ အဲဒီတော့ ဒီပညာရေးဇုန်တွေ အားလုံးက ရပ်တန့်နေတယ်။ မြို့တွေလောက်ပဲ နည်းနည်းပါးပါးဖွင့်နိုင်တယ်။ ကျေးလက်တွေဆိုရင်လည်း မဖွင့်နိုင်တော့ဘူး။ ဖွင့်ပါတယ်ဆိုတဲ့ဟာတွေကလည်း သူတို့စနစ် တကျ ဘာမှ မသင်နိုင်ဘူး” ဟု ဆရာတော်ဦးသောဘိတက မိန့်ကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေဆဲပဋိပက္ခများအတွင်း ဗုံးထောင်ဖောက်ခွဲ၊ မီးရှို့ခံခဲ့ရသည့် စာသင်ကျောင်းများစွာရှိထားပြီး ပညာရေးဝန်ထမ်း၊ ဆရာ၊ ဆရာမဦးရေ (၁၀၀)နီးပါးသည်လည်း အကြမ်းဖက်သတ်ဖြတ်ခြင်းကို ခံထားရသည်။

zawgyi version
ျမန္မာႏိုင္ငံရွိ စာသင္ေက်ာင္းမ်ားကို Safe Zone အျဖစ္ သတ္မွတ္ေၾကညာေပးရန္ အာဆီယံဘာသာေရးေခါင္းေဆာင္မ်ား အစည္းအေဝး၌ IBEC ဆရာေတာ္ ေတာင္းဆို

ျမဴနစ္ (NP News) - ၾသဂုတ္ ၁၂

ျမန္မာႏိုင္ငံရွိ စာသင္ေက်ာင္းမ်ားကို Safe Zone အျဖစ္ သတ္မွတ္ေၾကညာေပးရန္ အာဆီယံႏိုင္ငံ ဘာေရးေရးေခါင္းေဆာင္မ်ားအစည္းအေဝး၌ IBEC ဆရာေတာ္က ေတာင္းဆိုလိုက္သည္။

အာဆီယံႏိုင္ငံ ဘာသာေရးေခါင္းေဆာင္မ်ားအစည္းအေဝးကို ၿပီးခဲ့ေသာ ၇ ရက္ႏွင့္ ၈ ရက္တို႔တြင္ အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာၿမိဳ႕၌ က်င္းပခဲ့သည္။

၎အစည္းအေဝး၌ အထူးဧည့္သည္ေတာ္အျဖစ္ တက္ေရာက္မိန႔္ခြန္းေျပာၾကားရန္အတြက္ ကမာၻ႔ၿငိမ္း ခ်မ္းေရးသံတမန္၊ IBEC ဆရာေတာ္ ဦးေသာဘိတအား အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒိုက ဖိတ္ၾကားခဲ့ေၾကာင္း သိရသည္။

“အဲဒီေတာ့ ဘယ္ႏိုင္ငံမွာပဲျဖစ္ျဖစ္ ပဋိပကၡျဖစ္ေနတဲ့ ေနရာေတာင္မွ ပညာေရး၊ က်န္းမာေရးေတြနဲ႔ပတ္ သက္ရင္ ဘယ္အဖြဲ႕အစည္းကမွ ခ်ဳပ္ကိုင္ဖို႔ မလုပ္အပ္ဘူး။ ဒါေတြကို တကယ့္ Free Zone အျဖစ္နဲ႔ Safe Zone အျဖစ္နဲ႔ ေဆာင္႐ြက္ဖို႔ သင့္တယ္လို႔ အဲဒါကို ဘုန္းဘုန္းက အဓိကထားၿပီးေတာ့ ေဆြးေႏြးခဲ့တယ္။ အာဆီယံအေနနဲ႔လည္း ဒါကို statement ထုတ္ျပန္ၿပီးေတာ့မွ ေမတၱာရပ္ခံဖို႔ အႀကံျပဳေပးခဲ့တယ္” ဟု ဆရာေတာ္ဦးေသာဘိတက NP News ကို မိန႔္ၾကားသည္။

ပညာေရး၊ က်န္းမာေရးကိစၥမ်ားသည္ တပ္မေတာ္ႏွင့္ မဆိုင္သကဲ့သို႔ NUG ႏွင့္လည္း မသက္ဆိုင္ေၾကာင္း၊ ပညာေရးသည္ လူထုႏွင့္သာ သက္ဆိုင္ၿပီး မည္သည့္အဖြဲ႕အစည္းကမွ် အေႏွာက္အယွက္ေပး၍ မရေၾကာင္း ဆရာေတာ္က မိန႔္သည္။

“အဲဒါကို အာဆီယံတင္ မဟုတ္ဘဲ ကမာၻ႔ကုလသမဂၢတို႔၊ ႏိုင္ငံတကာတို႔ကပါေပါ့။ ဥပမာ ဒီေက်ာင္းဟာ ပညာေရးဆိုတာ စစ္တပ္နဲ႔လည္း မဆိုင္ဘူး။ NUG နဲ႔လည္း မဆိုင္ဘူး။ ပညာေရးသည္ လူထုရဲ႕ ပညာေရး ျဖစ္တဲ့အတြက္ ဒါေတြနဲ႔ပတ္သက္တဲ့ဟာကို အေႏွာက္အယွက္ေပးစရာမလိုဘူး။ အဲဒါမ်ိဳးကို ေက်ာင္းမွာ လြတ္လပ္စြာ ပညာသင္ၾကားတဲ့ဟာ ဆရာ၊ ဆရာမေတြလည္း ပညာသင္ၾကားခြင့္ရွိရမယ္။ လုံၿခဳံမႈရွိရမယ္။ ေက်ာင္းသူ၊ ေက်ာင္းသားေတြလည္း အေႏွာင့္အယွက္မေပးရဘူး။ အဲဒီေတာ့ ဘယ္ေက်ာင္းေတာ့ မတက္ရဘူးဆိုတဲ့ ၿခိမ္းေျခာက္တာမ်ိဳးေတြ မရွိေရေအာင္ အဲဒါမ်ိဳးေတြကို အာဆီယံရပ္ဝန္းေဒသကေနၿပီး ကမာၻ႔ကုလသမဂၢကပါ ႏိုင္ငံတကာေခါင္းေဆာင္ေတြကေန ဘုန္းဘုန္းတို႔ရဲ႕ တိုင္းျပည္ရဲ႕ကိုယ္စားေျပာၾကားေပးဖို႔ အထူးေမတၱာရပ္ခံခဲ့တယ္” ဟု ဆရာတော် ဦးေသာဘိတက မိန႔္ၾကားသည္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလတြင္ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူခဲ့ၿပီးေနာက္ ႏိုင္ငံအတြင္း၌ ဆရာ၊ ဆရာမမ်ား အၾကမ္းဖက္သတ္ျဖတ္ခံရျခင္း၊ စာသင္ေက်ာင္းမ်ား မီးရႈိ႕ၿခိမ္းေျခာက္ခံရျခင္းႏွင့္ စာသင္ ေက်ာင္းမ်ား မဖြင့္ရန္ တားဆီးပိတ္ပင္ျခင္းမ်ား ရွိေနသည္။

စစ္ကိုင္းတိုင္းသည္ ပဋိပကၡမ်ားစြာ ျဖစ္ပြားေနေသာ ေဒသတစ္ခုျဖစ္ၿပီး တိုင္းအတြင္းရွိ (၈၀)ရာခိုင္ႏႈန္းေသာ အေျခခံပညာေက်ာင္းမ်ားမွာ ေကာင္းမြန္ပိုင္ႏိုင္စြာ ပညာသင္ၾကားေပးႏိုင္ျခင္းမရွိေၾကာင္း IBEC ဆရာေတာ္က ထပ္မံမိန႔္ၾကားထားသည္။

“စစ္ကိုင္းတိုင္းမွာက ၈၀ ရာခိုင္ႏႈန္းေလာက္ရွိတယ္။ ဘယ္ဖက္ကမွ ေသခ်ာပညာမသင္ၾကားႏိုင္ဘူး။ ႏိုင္ငံ့ဝန္ထမ္း ဆရာ၊ ဆရာမေတြဆိုရင္လည္း သူတို႔ က်ရာတာဝန္ေတြမွာ မသြားႏိုင္ဘူး။ သြားလို႔လည္း မရဘူး။ အဲဒီေတာ့ ဒီပညာေရးဇုန္ေတြ အားလုံးက ရပ္တန႔္ေနတယ္။ ၿမိဳ႕ေတြေလာက္ပဲ နည္းနည္းပါးပါးဖြင့္ႏိုင္တယ္။ ေက်းလက္ေတြဆိုရင္လည္း မဖြင့္ႏိုင္ေတာ့ဘူး။ ဖြင့္ပါတယ္ဆိုတဲ့ဟာေတြကလည္း သူတို႔စနစ္ တက် ဘာမွ မသင္ႏိုင္ဘူး” ဟု ဆရာေတာ္ဦးေသာဘိတက မိန႔္ၾကားသည္။

ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားေနဆဲပဋိပကၡမ်ားအတြင္း ဗုံးေထာင္ေဖာက္ခြဲ၊ မီးရႈိ႕ခံခဲ့ရသည့္ စာသင္ေက်ာင္းမ်ားစြာရွိထားၿပီး ပညာေရးဝန္ထမ္း၊ ဆရာ၊ ဆရာမဦးေရ (၁၀၀)နီးပါးသည္လည္း အၾကမ္းဖက္သတ္ျဖတ္ျခင္းကို ခံထားရသည္။

Related news

© 2021. All rights reserved.