ဘဏ်၏ အမည်၊ အမှတ်တံဆိပ်နှင့် အမှတ်အသားများကို အယောင်ဆောင်သုံးစွဲခြင်းများ ပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီတရားစွဲဆိုမည်ဟု KBZ ဘဏ်အသိပေး

 967

ယွန်း (NP News) - သြဂုတ် ၁၄

ကမ္ဘောဇဘဏ်လိမိတက်(KBZ Bank)၏ အမည် အပါအဝင် အမှတ်တံဆိပ်နှင့် စာတမ်းအမှတ်အသားများကို အယောင်ဆောင်သုံးစွဲခြင်းများပြုလုပ်ပါက တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

KBZ ဘဏ်မှ ပြီးခဲ့သည့် ရက်ပိုင်းတွင် နိုင်ငံပိုင်သတင်းစာ၌ အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။

လက်ရှိတွင် မသမာသူလူအချို့သည် KBZ ဘဏ်၏ အမှတ်တံဆိပ်၊ အမည်၊ စာတမ်းအမှတ်အသားများကို အသုံးပြုလျက် ဘဏ်၏ဝန်ဆောင်မှုကို ရယူသုံးစွဲနေသူများအား ထင်ယောင်ထင်မှားဖြစ်စေရန် လိမ် လည်လှည့်ဖြားမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၎င်းတို့သည် KBZ ဘဏ်အားတုပ၍ အီလက်ထရောနစ်နည်းပညာနှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးပြု၍ လူမှုကွန်ယက်များဖြစ်သော (Facebook/Viber/Telegram/Messenger/Phone Message အစရှိသည်) တို့တွင် Account အတုများပြုလုပ်ပြီး ငွေကြေးလိမ်လည်ခြင်းများ၊ အလွဲသုံးစားပြုခြင်းများ၊ အထင်အမြင်လွဲမှားစေရန် အယောင်ဆောင်ခြင်းများကို လုပ်ဆောင်နေကြောင်း KBZ ဘဏ်မှ အသိပေးထားသည်။

အဆိုပါ လုပ်ဆောင်ချက်များသည် တရားဥပဒေနှင့်ဆန့်ကျင်နေသည့်အပြင် KBZ ဘဏ်၏ ပုံရိပ်ကိုထိခိုက်စေပြီး ဘဏ်နှင့်လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ထို့ပြင် ဘဏ်၏ အမည်၊ အမှတ်တံဆိပ်နှင့် စာတမ်းအမှတ်အသားများကို သွယ်ဝိုက်၍ဖြစ်စေ၊ ဆင်တူ ရိုးမှားပြုလုပ်၍ဖြစ်စေ၊ တုပခြင်း၊ ဖော်ပြခြင်း၊ အယောင်ဆောင်သုံးစွဲခြင်းများ မပြုလုပ်ရန် KBZ ဘဏ်မှ အသိပေးထားသည်။

၎င်းတို့၏ အသိပေးချက်အား လိုက်နာခြင်းမရှိပါက ကြေညာထားသည့်နေ့မှစ၍ တည်ဆဲဥပဒေများနှင့်အညီ တရားစွဲဆိုအရေးယူခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် KBZ ဘဏ်၏ ထိခိုက်နစ်နာဆုံးရှုံးမှုများအပေါ် တရားစွဲဆိုခြင်း၊ နစ်နာကြေး၊ လျော်ကြေးများ ဆောင်းဆိုခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
ဘဏ္၏ အမည္၊ အမွတ္တံဆိပ္ႏွင့္ အမွတ္အသားမ်ားကို အေယာင္ေဆာင္သုံးစြဲျခင္းမ်ား ျပဳလုပ္ပါက တည္ဆဲဥပေဒမ်ားႏွင့္အညီတရားစြဲဆိုမည္ဟု KBZ ဘဏ္အသိေပး

ယြန္း (NP News) - ၾသဂုတ္ ၁၄

ကေမာၻဇဘဏ္လိမိတက္(KBZ Bank)၏ အမည္ အပါအဝင္ အမွတ္တံဆိပ္ႏွင့္ စာတမ္းအမွတ္အသားမ်ားကို အေယာင္ေဆာင္သုံးစြဲျခင္းမ်ားျပဳလုပ္ပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ တရားစြဲဆိုသြားမည္ျဖစ္ေၾကာင္း သိရသည္။

KBZ ဘဏ္မွ ၿပီးခဲ့သည့္ ရက္ပိုင္းတြင္ ႏိုင္ငံပိုင္သတင္းစာ၌ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။

လက္ရွိတြင္ မသမာသူလူအခ်ိဳ႕သည္ KBZ ဘဏ္၏ အမွတ္တံဆိပ္၊ အမည္၊ စာတမ္းအမွတ္အသားမ်ားကို အသုံးျပဳလ်က္ ဘဏ္၏ဝန္ေဆာင္မႈကို ရယူသုံးစြဲေနသူမ်ားအား ထင္ေယာင္ထင္မွားျဖစ္ေစရန္ လိမ္ လည္လွည့္ျဖားမႈမ်ား ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

၎တို႔သည္ KBZ ဘဏ္အားတုပ၍ အီလက္ထေရာနစ္နည္းပညာႏွင့္ ဆက္သြယ္ေရးနည္းပညာကို အသုံးျပဳ၍ လူမႈကြန္ယက္မ်ားျဖစ္ေသာ (Facebook/Viber/Telegram/Messenger/Phone Message အစရွိသည္) တို႔တြင္ Account အတုမ်ားျပဳလုပ္ၿပီး ေငြေၾကးလိမ္လည္ျခင္းမ်ား၊ အလြဲသုံးစားျပဳျခင္းမ်ား၊ အထင္အျမင္လြဲမွားေစရန္ အေယာင္ေဆာင္ျခင္းမ်ားကို လုပ္ေဆာင္ေနေၾကာင္း KBZ ဘဏ္မွ အသိေပးထားသည္။

အဆိုပါ လုပ္ေဆာင္ခ်က္မ်ားသည္ တရားဥပေဒႏွင့္ဆန႔္က်င္ေနသည့္အျပင္ KBZ ဘဏ္၏ ပုံရိပ္ကိုထိခိုက္ေစၿပီး ဘဏ္ႏွင့္လုံးဝသက္ဆိုင္ျခင္းမရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ အသိေပးထားသည္။

ထို႔ျပင္ ဘဏ္၏ အမည္၊ အမွတ္တံဆိပ္ႏွင့္ စာတမ္းအမွတ္အသားမ်ားကို သြယ္ဝိုက္၍ျဖစ္ေစ၊ ဆင္တူ ႐ိုးမွားျပဳလုပ္၍ျဖစ္ေစ၊ တုပျခင္း၊ ေဖာ္ျပျခင္း၊ အေယာင္ေဆာင္သုံးစြဲျခင္းမ်ား မျပဳလုပ္ရန္ KBZ ဘဏ္မွ အသိေပးထားသည္။

၎တို႔၏ အသိေပးခ်က္အား လိုက္နာျခင္းမရွိပါက ေၾကညာထားသည့္ေန႔မွစ၍ တည္ဆဲဥပေဒမ်ားႏွင့္အညီ တရားစြဲဆိုအေရးယူျခင္းမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။

ထို႔ျပင္ KBZ ဘဏ္၏ ထိခိုက္နစ္နာဆုံးရႈံးမႈမ်ားအေပၚ တရားစြဲဆိုျခင္း၊ နစ္နာေၾကး၊ ေလ်ာ္ေၾကးမ်ား ေဆာင္းဆိုျခင္းမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.