အိန္ဒိယနယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကြောင့် မဏိပူရပြည်နယ်၏ လူမျိုးရေးပြဿနာများ ပိုမိုကြီးထွားလာ (ဆောင်းပါး)

 1205

NP News – ဩဂုတ် ၁၈

အိန္ဒိယ-မြန်မာနယ်စပ်မှာ အခြေပြုလှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်ကြသောကွတ်ကီးသူပုန်၊ CNF၊ CDF နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ နိုင်ငံရေး အကြမ်းဖက်မှုများသည် ယခုအခါ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အတွင်း ကသည်းနှင့် ကွတ်ကီးချင်း(Kuki) လူမျိုးများ အထိ နိုင်ငံရေးအကြမ်းဖက်မှုများ ကူးဆက်နေသည်။

မဏိပူရပြည်နယ်တွင် ကသည်းခေါ် Meitei နှင့် Kuki ခေါ် ဇိုချင်းများအကြား အပြန်အလှန် အကြမ်း
ဖက် သတ်ဖြတ်မှု၊ ရွာများရှိ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ မေလ(၃)ရက်က စတင်ဖြစ်ပွားခဲ့ပြီး ကသည်းနှင့် ကွတ်ကီးချင်း လူမျိုးများအကြား အပြန်အလှန်စွပ်စွဲပြောဆိုမှု နှင့် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခဲ့သည်။

မဏိပူရ ခေါ် ကသည်းပြည်နယ်သည် ၁၉၄၉ ခုနှစ်တွင် အိန္ဒိယဝန်ကြီးချုပ် ပန်ဒစ်နေရူး၊ မြန်မာဝန်ကြီး
ချုပ် ဦးနုတို့နှင့်အတူ ကသည်းဘုရင် Maha Raja တို့ သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး အိန္ဒိယနိုင်ငံအတွင်း ပူးပေါင်းခဲ့သော ဒေသငယ်လေးဖြစ်ခဲ့သည်။ လူဦးရေ ၆၀ ရာခိုင်နှုန်းကျော်သည် ကသည်းလူမျိုးများဖြစ်ကြပြီး ၁၈၄၅ ခုနှစ်၌ ကသည်းဘုရင်များက လက်ခံခေါ်ယူခဲ့ခြင်းကြောင့် ကွတ်ကီးချင်းလူမျိုး အနည်းစုသည် မြန်မာပြည်ဘက်မှ မဏိပူရပြည်နယ်ရှိ မြန်မာပြည်နှင့် ထိစပ်နေသော တောင်တန်းများတွင် နေထိုင်ခွင့် ရရှိခဲ့သူများ ဖြစ်လာခဲ့သည်။

၎င်းတို့သည် ၁၉၅၁ ခုနှစ် အိန္ဒိယနိုင်ငံ၏ Foreigner Act အရ scheduled Tribes အဖြစ် အိန္ဒိယနိုင်ငံ သားများ ဖြစ်သွားခဲ့ကြသည်။ သို့သော် ၁၉၆၀ ခုနှစ်နှင့် ၂၀၂၁ နောက်ပိုင်း မဏိပူရပြည်နယ်အတွင်းမြန်မာနိုင်ငံ တီးတိန်၊ တွန်းဇန်၊ ကလေး၊ တမူးဘက်မှ ဝင်ရောက်သွားခဲ့သည့် (မြန်မာဘက်အခေါ်) တီးတိန်းချင်း (သို့မဟုတ်) ဇို (သို့မဟုတ်) ကွတ်ကီးချင်းများကို အိန္ဒိယနိုင်ငံဘက်က တရားမဝင် ခိုးဝင်လာသူများအဖြစ် သတ်မှတ်ထားသည်။

အိန္ဒိယနိုင်ငံ ဗဟိုအစိုးရနှင့် မဏိပူရပြည်နယ်အစိုးရ အပါအဝင် အိန္ဒိယ သတင်းဌာနတို့၏ အဆိုအရ မြန်မာပြည်ဘက်မှ တရားမဝင် ဝင်ရောက်လာသည့် ဇို-ကွတ်ကီးချင်းများကြောင့် ယခုအခါ မဏိပူရပြည်နယ်၌ နိုင်ငံရေးပြဿနာများ၊ လူမျိုးရေး မုန်းတီးမှုများ၊ အချင်းချင်း အပြန်အလှန်သတ်ဖြတ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။ မြန်မာနယ်စပ်နှင့် ထိစပ်နေသည့် အိန္ဒိယတောင်တန်းများအပေါ်တွင် ကွတ်ကီးချင်းများက ရွာသစ်တည်ခြင်း၊ ဘိန်းစိုက်ပျိုးခြင်းများ ပြုလုပ်နေကြသည်ဟုလည်း သိရသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် မြန်မာပြည်ဘက် ကလေး-တမူးလမ်းကြောနှင့် ချန်ဒယ်၊ လန်မကားနှင့် ဇင်းငတ်ခရိုင်များသည် မူးယစ်မောင်ခိုလုပ်ငန်းများ အကြီးအကျယ်ပြုလုပ်နေကြကြောင်း ရေးသားထောက်ပြနေကြသည်။

ထိုကဲ့သို့သော မဏိပူရပြည်နယ်အတွင်းမှ လူမျိုးရေးမုန်းတီးမှု၊ နိုင်ငံရေး အကြမ်းဖက်မှု၊ မူးယစ်မှောင်ခိုမှု၊ လက်နက်မှောင်ခိုမှုများကို ကာကွယ် တားဆီးနိုင်ရန်အတွက် မဏိပူရပြည်နယ်နှင့် မြန်မာနယ်စပ်အ ကြား နှစ်နိုင်ငံနယ်ခြားကို ခြံစည်းရိုးကာခြင်း၊ မြန်မာပြည်ဘက်မှ တရားမဝင် ဝင်ရောက်လာသူများကို Biometric စနစ်ဖြင့် မှတ်တမ်းကောက်ယူခြင်း၊ ကသည်းတောင်တန်းများရှိ ကွတ်ကီးရွာများ အပါအဝင် မဏိပူရပြည်နယ်၌ သန်းခေါင်စာရင်းကောက်ပြီး မှတ်ပုံတင်ထုတ်ပေးရန်အတွက် ဗဟိုအစိုးရကို ဒေသခံ ကသည်းလူမျိုးများက တောင်းဆိုလာကြသည်။

သို့သော်လည်း ကွတ်ကီးလူမျိုးများက ထိုကဲ့သို့ စနစ်တကျ လူဦးရေစာရင်း ကောက်ယူခြင်း၊ နယ်ခြားခြံစည်းရိုးကာခြင်းများကို ဝေဖန်ကန့်ကွက်နေကြပြီး မဏိပူရပြည်နယ်ထဲမှ သီးခြား ပြည်နယ်တစ်ခု ခွဲထုတ်ပေးရန် တောင်းဆိုလာကြသည်။

တချိန်တည်း၌ပင် အိန္ဒိယနယ်စပ် မဏိပူရ၊ မီဇိုရမ် နှင့် ထွိပူရပြည်နယ်များကို ခြေကုတ်ရယူထားသော မြန်မာတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် CNF ၊ CDF ၊ AA ၊ ALP နှင့် PDF အကြမ်းဖက်အဖွဲ့များသည် စစ်ဘေးရှောင်ပြည်သူများနှင့် ရောနှောနေကြပြီး မြန်မာပြည်ဘက်မှ မူးယစ်ဆေးဝါးနှင့် လက် နက်များကို အိန္ဒိယနိုင်ငံအတွင်းသို့ ခိုးသွင်းပြီး မှောင်ခိုလုပ်ငန်းဖြင့် ငွေကြေးရှာဖွေလျက် ရှိကြသည်။

မဏိပူရပြည်နယ်အတွင်း ကသည်းနှင့် ကွတ်ကီးချင်းများအကြား နိုင်ငံရေးအကြမ်းဖက်မှု၊ လူသတ်မှု၊ လက်နက်ကိုင် ပုန်ကန်မှုများ၏ နောက်ကွယ်၌ နိုင်ငံခြားလက်ပါစေ (Foreign Agents) များရှိနေကြောင်း အထူးသဖြင့် တရုတ်နိုင်ငံက ပါဝင်နေသည်ဟု ယူဆကြောင်း အိန္ဒိယစစ်တပ် စစ်ဦးစီးချုပ်ဟောင်းက မကြာသေးမီက ထုတ်ဖော်ပြောဆိုထားခဲ့သကဲ့သို့ အိန္ဒိယအရှေ့မြှောက်ဒေသရှိ အိန္ဒိယအစိုးရအား ပုန်ကန်နေသူများကို မြန်မာနိုင်ငံမှ KIA က စစ်သင်တန်းပေးလက်နက်တက်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။

ဆိုလိုသည်မှာ KIA ၏ နောက်ကွယ်၌ တရုတ်အစိုးရ ပါဝင်ပတ်သက်နေသည်ဟု အိန္ဒိယထောက်လှမ်းရေးက သိရှိထားခြင်းဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဘက်၌ PDF အကြမ်းဖက်သမားများသည် မကွေးတိုင်း မြောက်ခြမ်းနှင့် စစ်ကိုင်းတိုင်း အနောက်ခြမ်းတို့တွင် အိန္ဒိယနယ်စပ်၌ ခြေကုတ်ယူထားသည့် ချင်းလက်နက်ကိုင် အဖွဲ့များနှင့် ပူးပေါင်းလှုပ်ရှားမှုများလုပ်ဆောင်ကြပြီး စစ်ကိုင်းတိုင်း မြောက်ခြမ်းနှင့် ချင်းတွင်းမြစ်အရှေ့ဘက်ခြမ်းများ၌ KIA နှင့် ပူးတွဲလှုပ်ရှားနေကြခြင်းကြောင့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းများ၌ PDF အကြမ်းဖက်သမားများ အင်အား တောင့်တင်းနေရခြင်း ဖြစ်သည်။

အကယ်၍သာ အိန္ဒိယအစိုးရက နယ်စပ်၌ ခြံစည်းရိုးကာ၍ လူဝင်လူထွက်ကို စနစ်တကျ စာရင်းကောက်မှတ်တမ်းတင်လိုက်မည်ဆိုလျှင် အိန္ဒိယနယ်စပ်ကို ခြေကုတ်ယူပြီး လှုပ်ရှားနေကြသည့် ချင်းလက်နက် ကိုင်များနှင့် အကြမ်းဖက် PDF များကိုပါ ထိန်းချုပ်ရာရောက်ပြီး စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းက အကြမ်းဖက်မှုများ လျော့ကျလာနိုင်သည်။

အိန္ဒိယနိုင်ငံ ဗဟိုအစိုးရအနေဖြင့်လည်း ၎င်း၏နယ်စပ်ကို ခြေကုတ်ယူ လှုပ်ရှားနေသည့် တိုင်းရင်းသား လက်နက်ကိုင်များကို ခိုလှုံခွင့်၊ လှုပ်ရှားခွင့် မပေးဘဲ မြန်မာအစိုးရနှင့်အတူ နယ်စပ်ဒေသလုံခြုံရေးကို ပူးပေါင်းဆောင်ရွက်ခြင်းသည် အိန္ဒိယနိုင်ငံ၏ အမျိုးသားလုံခြုံရေးနှင့် အမျိုးသား အကျိုးစီးပွားကိုပါ ကာကွယ်ပေးရာရောက်ပြီး လက်ရှိ မဏိပူရပြည်နယ်အတွင်းက ကသည်း-ကွတ်ကီးလူမျိုးစုများ အကြား နိုင်ငံရေး အကြမ်းဖက်မှုနှင့် လူမျိုးရေးမုန်းတီမှု၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် တရားဥပဒေ စိုးမိုးရေးကိုပါ တိုက်ရိုက် အကျိုးရှိစေမည် ဖြစ်ပါသည်။

zawgyi version
အိႏၵိယနယ္စပ္ရွိ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕မ်ားေၾကာင့္ မဏိပူရျပည္နယ္၏ လူမ်ိဳးေရးျပႆနာ မ်ား ပိုမိုႀကီးထြားလာ (ေဆာင္းပါး)

NP News – ဩဂုတ္ ၁၈

အိႏၵိယ-ျမန္မာနယ္စပ္မွာ အေျချပဳလႈပ္ရွားေနသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားျဖစ္ၾကေသာ
ကြတ္ကီးသူပုန္၊ CNF၊ CDF ႏွင့္ PDF အၾကမ္းဖက္အဖြဲ႕မ်ား၏ ႏိုင္ငံေရး အၾကမ္းဖက္မႈမ်ားသည္ ယခုအခါ အိႏၵိယႏိုင္ငံ မဏိပူရျပည္နယ္အတြင္း ကသည္းႏွင့္ ကြတ္ကီးခ်င္း(Kuki) လူမ်ိဳးမ်ား အထိ ႏိုင္ငံေရးအၾကမ္းဖက္မႈမ်ား ကူးဆက္ေနသည္။

မဏိပူရျပည္နယ္တြင္ ကသည္းေခၚ Meitei ႏွင့္ Kuki ေခၚ ဇိုခ်င္းမ်ားအၾကား အျပန္အလွန္ အၾကမ္း
ဖက္ သတ္ျဖတ္မႈ၊ ႐ြာမ်ားရွိ လူေနအိမ္မ်ားကို မီးရႈိ႕ဖ်က္ဆီးျခင္းမ်ား ေမလ(၃)ရက္က စတင္ျဖစ္ပြားခဲ့ၿပီး ကသည္းႏွင့္ ကြတ္ကီးခ်င္း လူမ်ိဳးမ်ားအၾကား အျပန္အလွန္စြပ္စြဲေျပာဆိုမႈ ႏွင့္ တိုက္ခိုက္မႈမ်ား ျဖစ္ေပၚလာခဲ့သည္။

မဏိပူရ ေခၚ ကသည္းျပည္နယ္သည္ ၁၉၄၉ ခုႏွစ္တြင္ အိႏၵိယဝန္ႀကီးခ်ဳပ္ ပန္ဒစ္ေန႐ူး၊ ျမန္မာဝန္ႀကီး
ခ်ဳပ္ ဦးႏုတို႔ႏွင့္အတူ ကသည္းဘုရင္ Maha Raja တို႔ သေဘာတူ လက္မွတ္ေရးထိုးခဲ့ၿပီး အိႏၵိယႏိုင္ငံအတြင္း ပူးေပါင္းခဲ့ေသာ ေဒသငယ္ေလးျဖစ္ခဲ့သည္။ လူဦးေရ ၆၀ ရာခိုင္ႏႈန္းေက်ာ္သည္ ကသည္းလူမ်ိဳးမ်ားျဖစ္ၾကၿပီး ၁၈၄၅ ခုႏွစ္၌ ကသည္းဘုရင္မ်ားက လက္ခံေခၚယူခဲ့ျခင္းေၾကာင့္ ကြတ္ကီးခ်င္းလူမ်ိဳး အနည္းစုသည္ ျမန္မာျပည္ဘက္မွ မဏိပူရျပည္နယ္ရွိ ျမန္မာျပည္ႏွင့္ ထိစပ္ေနေသာ ေတာင္တန္းမ်ားတြင္ ေနထိုင္ခြင့္ ရရွိခဲ့သူမ်ား ျဖစ္လာခဲ့သည္။

၎တို႔သည္ ၁၉၅၁ ခုႏွစ္ အိႏၵိယႏိုင္ငံ၏ Foreigner Act အရ scheduled Tribes အျဖစ္ အိႏၵိယႏိုင္ငံ သားမ်ား ျဖစ္သြားခဲ့ၾကသည္။ သို႔ေသာ္ ၁၉၆၀ ခုႏွစ္ႏွင့္ ၂၀၂၁ ေနာက္ပိုင္း မဏိပူရျပည္နယ္အတြင္းျမန္မာႏိုင္ငံ တီးတိန္၊ တြန္းဇန္၊ ကေလး၊ တမူးဘက္မွ ဝင္ေရာက္သြားခဲ့သည့္ (ျမန္မာဘက္အေခၚ) တီးတိန္းခ်င္း (သို႔မဟုတ္) ဇို (သို႔မဟုတ္) ကြတ္ကီးခ်င္းမ်ားကို အိႏၵိယႏိုင္ငံဘက္က တရားမဝင္ ခိုးဝင္လာသူမ်ားအျဖစ္ သတ္မွတ္ထားသည္။

အိႏၵိယႏိုင္ငံ ဗဟိုအစိုးရႏွင့္ မဏိပူရျပည္နယ္အစိုးရ အပါအဝင္ အိႏၵိယ သတင္းဌာနတို႔၏ အဆိုအရ ျမန္မာျပည္ဘက္မွ တရားမဝင္ ဝင္ေရာက္လာသည့္ ဇို-ကြတ္ကီးခ်င္းမ်ားေၾကာင့္ ယခုအခါ မဏိပူရျပည္နယ္၌ ႏိုင္ငံေရးျပႆနာမ်ား၊ လူမ်ိဳးေရး မုန္းတီးမႈမ်ား၊ အခ်င္းခ်င္း အျပန္အလွန္သတ္ျဖတ္မႈမ်ား ျဖစ္ေပၚေနေၾကာင္း သိရသည္။ ျမန္မာနယ္စပ္ႏွင့္ ထိစပ္ေနသည့္ အိႏၵိယေတာင္တန္းမ်ားအေပၚတြင္ ကြတ္ကီးခ်င္းမ်ားက ႐ြာသစ္တည္ျခင္း၊ ဘိန္းစိုက္ပ်ိဳးျခင္းမ်ား ျပဳလုပ္ေနၾကသည္ဟုလည္း သိရသည္။

ထို႔ေၾကာင့္ လက္ရွိအခ်ိန္တြင္ ျမန္မာျပည္ဘက္ ကေလး-တမူးလမ္းေၾကာႏွင့္ ခ်န္ဒယ္၊ လန္မကားႏွင့္ ဇင္းငတ္ခ႐ိုင္မ်ားသည္ မူးယစ္ေမာင္ခိုလုပ္ငန္းမ်ား အႀကီးအက်ယ္ျပဳလုပ္ေနၾကေၾကာင္း ေရးသားေထာက္ျပေနၾကသည္။

ထိုကဲ့သို႔ေသာ မဏိပူရျပည္နယ္အတြင္းမွ လူမ်ိဳးေရးမုန္းတီးမႈ၊ ႏိုင္ငံေရး အၾကမ္းဖက္မႈ၊ မူးယစ္ေမွာင္ခိုမႈ၊ လက္နက္ေမွာင္ခိုမႈမ်ားကို ကာကြယ္ တားဆီးႏိုင္ရန္အတြက္ မဏိပူရျပည္နယ္ႏွင့္ ျမန္မာနယ္စပ္အ ၾကား ႏွစ္ႏိုင္ငံနယ္ျခားကို ၿခံစည္း႐ိုးကာျခင္း၊ ျမန္မာျပည္ဘက္မွ တရားမဝင္ ဝင္ေရာက္လာသူမ်ားကို Biometric စနစ္ျဖင့္ မွတ္တမ္းေကာက္ယူျခင္း၊ ကသည္းေတာင္တန္းမ်ားရွိ ကြတ္ကီး႐ြာမ်ား အပါအဝင္ မဏိပူရျပည္နယ္၌ သန္းေခါင္စာရင္းေကာက္ၿပီး မွတ္ပုံတင္ထုတ္ေပးရန္အတြက္ ဗဟိုအစိုးရကို ေဒသခံ ကသည္းလူမ်ိဳးမ်ားက ေတာင္းဆိုလာၾကသည္။

သို႔ေသာ္လည္း ကြတ္ကီးလူမ်ိဳးမ်ားက ထိုကဲ့သို႔ စနစ္တက် လူဦးေရစာရင္း ေကာက္ယူျခင္း၊ နယ္ျခားၿခံစည္း႐ိုးကာျခင္းမ်ားကို ေဝဖန္ကန္႔ကြက္ေနၾကၿပီး မဏိပူရျပည္နယ္ထဲမွ သီးျခား ျပည္နယ္တစ္ခု ခြဲထုတ္ေပးရန္ ေတာင္းဆိုလာၾကသည္။

တခ်ိန္တည္း၌ပင္ အိႏၵိယနယ္စပ္ မဏိပူရ၊ မီဇိုရမ္ ႏွင့္ ထြိပူရျပည္နယ္မ်ားကို ေျခကုတ္ရယူထားေသာ ျမန္မာတိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မ်ားျဖစ္သည့္ CNF ၊ CDF ၊ AA ၊ ALP ႏွင့္ PDF အၾကမ္းဖက္အဖြဲ႕မ်ားသည္ စစ္ေဘးေရွာင္ျပည္သူမ်ားႏွင့္ ေရာေႏွာေနၾကၿပီး ျမန္မာျပည္ဘက္မွ မူးယစ္ေဆးဝါးႏွင့္ လက္ နက္မ်ားကို အိႏၵိယႏိုင္ငံအတြင္းသို႔ ခိုးသြင္းၿပီး ေမွာင္ခိုလုပ္ငန္းျဖင့္ ေငြေၾကးရွာေဖြလ်က္ ရွိၾကသည္။

မဏိပူရျပည္နယ္အတြင္း ကသည္းႏွင့္ ကြတ္ကီးခ်င္းမ်ားအၾကား ႏိုင္ငံေရးအၾကမ္းဖက္မႈ၊ လူသတ္မႈ၊ လက္နက္ကိုင္ ပုန္ကန္မႈမ်ား၏ ေနာက္ကြယ္၌ ႏိုင္ငံျခားလက္ပါေစ (Foreign Agents) မ်ားရွိေနေၾကာင္း အထူးသျဖင့္ တ႐ုတ္ႏိုင္ငံက ပါဝင္ေနသည္ဟု ယူဆေၾကာင္း အိႏၵိယစစ္တပ္ စစ္ဦးစီးခ်ဳပ္ေဟာင္းက မၾကာေသးမီက ထုတ္ေဖာ္ေျပာဆိုထားခဲ့သကဲ့သို႔ အိႏၵိယအေရွ႕ေျမႇာက္ေဒသရွိ အိႏၵိယအစိုးရအား ပုန္ကန္ေနသူမ်ားကို ျမန္မာႏိုင္ငံမွ KIA က စစ္သင္တန္းေပးလက္နက္တက္ဆင္ေပးခဲ့ျခင္း ျဖစ္သည္။

ဆိုလိုသည္မွာ KIA ၏ ေနာက္ကြယ္၌ တ႐ုတ္အစိုးရ ပါဝင္ပတ္သက္ေနသည္ဟု အိႏၵိယေထာက္လွမ္းေရးက သိရွိထားျခင္းျဖစ္သည္။

ထို႔ျပင္ ျမန္မာႏိုင္ငံဘက္၌ PDF အၾကမ္းဖက္သမားမ်ားသည္ မေကြးတိုင္း ေျမာက္ျခမ္းႏွင့္ စစ္ကိုင္းတိုင္း အေနာက္ျခမ္းတို႔တြင္ အိႏၵိယနယ္စပ္၌ ေျခကုတ္ယူထားသည့္ ခ်င္းလက္နက္ကိုင္ အဖြဲ႕မ်ားႏွင့္ ပူးေပါင္းလႈပ္ရွားမႈမ်ားလုပ္ေဆာင္ၾကၿပီး စစ္ကိုင္းတိုင္း ေျမာက္ျခမ္းႏွင့္ ခ်င္းတြင္းျမစ္အေရွ႕ဘက္ျခမ္းမ်ား၌ KIA ႏွင့္ ပူးတြဲလႈပ္ရွားေနၾကျခင္းေၾကာင့္ စစ္ကိုင္းတိုင္းႏွင့္ မေကြးတိုင္းမ်ား၌ PDF အၾကမ္းဖက္သမားမ်ား အင္အား ေတာင့္တင္းေနရျခင္း ျဖစ္သည္။

အကယ္၍သာ အိႏၵိယအစိုးရက နယ္စပ္၌ ၿခံစည္း႐ိုးကာ၍ လူဝင္လူထြက္ကို စနစ္တက် စာရင္းေကာက္မွတ္တမ္းတင္လိုက္မည္ဆိုလွ်င္ အိႏၵိယနယ္စပ္ကို ေျခကုတ္ယူၿပီး လႈပ္ရွားေနၾကသည့္ ခ်င္းလက္နက္ ကိုင္မ်ားႏွင့္ အၾကမ္းဖက္ PDF မ်ားကိုပါ ထိန္းခ်ဳပ္ရာေရာက္ၿပီး စစ္ကိုင္းတိုင္းႏွင့္ မေကြးတိုင္းအတြင္းက အၾကမ္းဖက္မႈမ်ား ေလ်ာ့က်လာႏိုင္သည္။

အိႏၵိယႏိုင္ငံ ဗဟိုအစိုးရအေနျဖင့္လည္း ၎၏နယ္စပ္ကို ေျခကုတ္ယူ လႈပ္ရွားေနသည့္ တိုင္းရင္းသား လက္နက္ကိုင္မ်ားကို ခိုလႈံခြင့္၊ လႈပ္ရွားခြင့္ မေပးဘဲ ျမန္မာအစိုးရႏွင့္အတူ နယ္စပ္ေဒသလုံၿခဳံေရးကို ပူးေပါင္းေဆာင္႐ြက္ျခင္းသည္ အိႏၵိယႏိုင္ငံ၏ အမ်ိဳးသားလုံၿခဳံေရးႏွင့္ အမ်ိဳးသား အက်ိဳးစီးပြားကိုပါ ကာကြယ္ေပးရာေရာက္ၿပီး လက္ရွိ မဏိပူရျပည္နယ္အတြင္းက ကသည္း-ကြတ္ကီးလူမ်ိဳးစုမ်ား အၾကား ႏိုင္ငံေရး အၾကမ္းဖက္မႈႏွင့္ လူမ်ိဳးေရးမုန္းတီမႈ၊ ႏိုင္ငံေရး မတည္ၿငိမ္မႈႏွင့္ တရားဥပေဒ စိုးမိုးေရးကိုပါ တိုက္႐ိုက္ အက်ိဳးရွိေစမည္ ျဖစ္ပါသည္။

Related news

© 2021. All rights reserved.