ပျော်ဘွယ်မြို့ ၌ ဆီဘောက်ဆာယာဉ်နှင့် တွဲကား တိုက်မိ၍ (၃)ဦး ထိခိုက်ဒဏ်ရာရရှိ

608

စော (NP News) - ဩဂုတ် ၂၇
မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့တွင် ဆီဘောက်ဆာယာဉ်နှင့် တွဲကား တိုက်မိ၍ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဩဂုတ်လ ၂၆ ရက်) ည(၈)နာရီအချိန်တွင် ပျော်ဘွယ်မြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၂၉၀/၇)ဖာလုံခန့်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်သီလဝါဆိပ်ကမ်းမှ မန္တလေးသို့ မောင်းနှင်လာသော ဂါလံ(၈၀၀၀) ဆံ့ ဆီဘောက်ဆာယာဉ်သည် မန္တလေးမှ ရန်ကုန်သို့ မောင်းနှင်လာသော တွဲကားအား တိုက်မိခဲ့ကြောင်း သိရသည်။
၎င်းဆီဘောက်ဆာယာဉ်သည် တိမ်းမှောက်ခဲ့ရာ ဆီယိုစိမ့်မှုဖြစ်ခဲ့သဖြင့် မီးလောင်မှုမဖြစ်စေရေးအတွက် ပျော်ဘွယ်မြို့နယ်မီးသတ်စခန်းနှင့် ရမည်းသင်းခရိုင်မီးသတ်စခန်းတို့မှ အအေးပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ဆီဘောက်ဆာယာဉ်ပေါ်မှ ယာဉ်မောင်း အပါအဝင် အမျိုးသားတစ်ဦး နှင့် တွဲကား ပေါ်တွင် လိုက်ပါလာသော အမျိုးသမီး (၁)ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများကို ကြက်ခြေနီလူမှုကူညီရေးအသင်း နှင့် အလင်းရောင်ပရဟိတ လူမှုကူညီရေးအသင်း တို့မှ မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Zawgyi Version;
ေပ်ာ္ဘြယ္ၿမိဳ႕ ၌ ဆီေဘာက္ဆာယာဥ္ႏွင့္ တြဲကား တိုက္မိ၍ (၃)ဦး ထိခိုက္ဒဏ္ရာရရွိ
ေစာ (NP News) - ဩဂုတ္ ၂၇
မႏၲေလးတိုင္း၊ ေပ်ာ္ဘြယ္ၿမိဳ႕တြင္ ဆီေဘာက္ဆာယာဥ္ႏွင့္ တြဲကား တိုက္မိ၍ (၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(ဩဂုတ္လ ၂၆ ရက္) ည(၈)နာရီအခ်ိန္တြင္ ေပ်ာ္ဘြယ္ၿမိဳ႕၊ ရန္ကုန္-မႏၲေလးလမ္းေဟာင္း၊ မိုင္တိုင္အမွတ္ (၂၉၀/၇)ဖာလုံခန႔္၌ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ရန္ကုန္သီလဝါဆိပ္ကမ္းမွ မႏၲေလးသို႔ ေမာင္းႏွင္လာေသာ ဂါလံ(၈၀၀၀) ဆံ့ ဆီေဘာက္ဆာယာဥ္သည္ မႏၲေလးမွ ရန္ကုန္သို႔ ေမာင္းႏွင္လာေသာ တြဲကားအား တိုက္မိခဲ့ေၾကာင္း သိရသည္။
၎ဆီေဘာက္ဆာယာဥ္သည္ တိမ္းေမွာက္ခဲ့ရာ ဆီယိုစိမ့္မႈျဖစ္ခဲ့သျဖင့္ မီးေလာင္မႈမျဖစ္ေစေရးအတြက္ ေပ်ာ္ဘြယ္ၿမိဳ႕နယ္မီးသတ္စခန္းႏွင့္ ရမည္းသင္းခ႐ိုင္မီးသတ္စခန္းတို႔မွ အေအးေပးျခင္းမ်ား ေဆာင္႐ြက္ခဲ့ ေၾကာင္း သိရသည္။
အဆိုပါယာဥ္တိုက္မႈေၾကာင့္ ဆီေဘာက္ဆာယာဥ္ေပၚမွ ယာဥ္ေမာင္း အပါအဝင္ အမ်ိဳးသားတစ္ဦး ႏွင့္ တြဲကား ေပၚတြင္ လိုက္ပါလာေသာ အမ်ိဳးသမီး (၁)ဦးတို႔ ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ထိခိုက္ဒဏ္ရာရရွိသူမ်ားကို ၾကက္ေျခနီလူမႈကူညီေရးအသင္း ႏွင့္ အလင္းေရာင္ပရဟိတ လူမႈကူညီေရးအသင္း တို႔မွ မိတၳီလာျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း ျမန္မာႏိုင္ငံမီးသတ္ဦးစီးဌာနမွ ထုတ္ျပန္ထားသည္။