မိုင်းဆက်မြို့နယ်တွင် ဆာလာအိတ်အတွင်းမှ ငွေကျပ်သိန်း(၇၀၀)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 547

သန့်ဇင်(NP News) - ဩဂုတ် ၂၇

ရှမ်းပြည်နယ်၊ မိုင်းဆက်မြို့နယ်တွင် ဆာလာအိတ်အတွင်းမှ ငွေကျပ်(၇၂၈)သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမူးယစ်ဆေးဝါးတာဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က အဆိုပါ မူးယစ်ဆေးဝါးများကို ဩဂုတ်လ ၂၆ ရက်၊ မွန်းလွဲ ၁၂နာရီခွဲအချိန်တွင် မိုင်းဆက်မြို့နယ်၊ မိုင်းခုတ်မြို့၊ ရှုခင်းသာ(၃)ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ကျေးရွာအနီးတွင် လီလောင်(ခ)ဂျော်နီ(၃၀)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ဆိုင်ကယ်ခွကြားတွင် တင်ဆောင်လာသည့် ဆာလာအိတ်အတွင်းမှ ငွေကျပ် (၇၂၈) သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား(၁၈၂၀၀၀)အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ၎င်းအား မိုင်းခုတ်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

zawgyi version
မိုင္းဆက္ၿမိဳ႕နယ္တြင္ ဆာလာအိတ္အတြင္းမွ ေငြက်ပ္သိန္း(၇၀၀)ေက်ာ္တန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိ

သန႔္ဇင္(NP News) - ဩဂုတ္ ၂၇

ရွမ္းျပည္နယ္၊ မိုင္းဆက္ၿမိဳ႕နယ္တြင္ ဆာလာအိတ္အတြင္းမွ ေငြက်ပ္(၇၂၈)သိန္းတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပားမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတာဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က အဆိုပါ မူးယစ္ေဆးဝါးမ်ားကို ဩဂုတ္လ ၂၆ ရက္၊ မြန္းလြဲ ၁၂နာရီခြဲအခ်ိန္တြင္ မိုင္းဆက္ၿမိဳ႕နယ္၊ မိုင္းခုတ္ၿမိဳ႕၊ ရႈခင္းသာ(၃)ေက်း႐ြာအနီးတြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

အဆိုပါ ေက်း႐ြာအနီးတြင္ လီေလာင္(ခ)ေဂ်ာ္နီ(၃၀)ႏွစ္ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္အား ရပ္တန႔္စစ္ေဆးရွာေဖြခဲ့ရာ ဆိုင္ကယ္ခြၾကားတြင္ တင္ေဆာင္လာသည့္ ဆာလာအိတ္အတြင္းမွ ေငြက်ပ္ (၇၂၈) သိန္းတန္ဖိုးရွိ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၁၈၂၀၀၀)အား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ၎အား မိုင္းခုတ္နယ္ေျမရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒျဖင့္ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္မ်ားအား ေဖာ္ထုတ္စစ္ေဆးလ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕မွ သတင္းထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.