အခေါက်ရွှေနှင့်ငွေလဲဈေးနှုန်း ကျဆင်းလာသော်လည်း ဈေးကွက်တည်ငြိမ်မှုမရှိ

 5089

NP News - စက်တင်ဘာ ၈

ရန်ကုန်မြို့ရှိ ဈေးကွက်အတွင်း၌ ယနေ့ (စက်တင်ဘာလ ၈ ရက်) တွင် အခေါက်ရွှေဈေးနှင့် နိုင်ငံခြားငွေလဲဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေကာ ပြင်ပပေါက်ဈေး၌ တစ်ဒေါ်လာလျှင် ၃၃၀၀ ကျပ်အထိ ကျဆင်းလာကြောင်း သိရသည်။

ယင်းကဲ့သို့ ဈေးနှုန်းများကျဆင်းလာသော်လည်း ဈေးကွက်တည်ငြိမ်မှုမရှိကြောင်း ဈေးကွက်အတွင်းမှသိရသည်။

ရန်ကုန်မြို့ရှိ ပြင်ပငွေလဲဈေးနှုန်းနှင့် အခေါက်ရွှေဈေးနှုန်းများသည် ယခုတစ်ပတ်အတွင်းဆက်တိုက်ကျဆင်းလာပြီး ယနေ့ ညနေ ၄ နာရီအချိန်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၃၄ သိန်းမှ ၃၄ သိန်းခုနှစ်သောင်း၊ အမေရိကန်တစ်ဒေါ်လာလျှင် ၃၃၀၀ ကျပ်မှ ၃၄၆၅ ကျပ်အထိ ဈေးနှုန်းအပြောင်းအလဲမြန်ဆန်နေကြောင်းသိရသည်။

“ပုံမှန်အရောင်းအဝယ်မဟုတ်တော့ ဈေးတွေကမငြိမ်ဘူးအတက်အကျမြန်နေတယ်။ လောလောဆယ်ကျဈေးနဲ့ ဝယ်မယ့်ရောင်းမယ့်လူတော့ အများကြီးမရှိသေးဘူး။ ဈေးကွက်ကို ဆက်စောင့်ကြည့်နေတဲ့သဘောပါ။ နောက်တစ်ခုက နိုင်ငံတကာဈေးကွက်နဲ့ ချိတ်ဆက်နေတဲ့ကုန်စည်တွေဖြစ်နေတော့ ပုံမှန်မဟုတ်တဲ့အချိန်မှာ ဈေးမငြိမ်တာပါဘဲ”ဟု ရွှေနှင့်ငွေလဲလုပ်ငန်း လုပ်ကိုင်သူဝါရင့် ကုန်သည်တစ်ဦးက NP News ကို ပြောသည်။

လွန်ခဲ့သည့် ရက်ပိုင်းများတွင် စင်ကာပူဘဏ်က မြန်မာဘဏ်များနှင့်အဆက်အသွယ်ဖြတ်တောက်မှု၊ နှစ်သောင်းတန် ငွေစက္ကူသစ်ရိုက်နိပ်ထုတ်ဝေမှုအပါအဝင် အထွေထွေကုန်ဈေးနှုန်းမြင့်တက်မှုများမှတဆင့် ပြည်တွင်းရွှေဈေး နှင့် အမေရိကန်ဒေါ်လာဈေးများ စံချိန်တင်မြင့်တက်ခဲ့သည်။ အခေါက်ရွှေတစ်ကျပ်သားလျှင် ‌ငွေကျပ် သိန်း ၄၀ နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ၄၀၀၀ ကျပ်ကျော်အထိမြင့်တက်ခဲ့ရာ ယခုစက်တင်ဘာလဆန်းတွင် ပြန်လည်ကျဆင်းလာခြင်း ဖြစ်သည်။

လက်ရှိတွင် တရားဝင်ငွေလဲကောင်တာများမှအပ ပြင်ပငွေလဲလုပ်ငန်းများကိုဖမ်းဆီးအရေးယူနေသည့်အပြင် ကုန်စည်တင်သွင်း/တင်ပို့မှုများကိုပါ ထိန်းချုပ်လာခြင်းကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်ကျပ်တည်းကာ ဈေးပြန်ကျလာခြင်းဟု ကျွမ်းကျင်သူများကသုံးသပ်သည်။

ဗဟိုဘဏ်က အမေရိကန်တစ်ဒေါ်လာလျှင်၂၁၀၀ ကျပ် ပုံသေသတ်မှတ်ထားပြီး တရားဝင်ငွေလဲကောင်တာများတွင် ဗဟိုဘဏ်အွန်လိုင်းပေါက်ဈေးသည် တစ်ဒေါ်လာ ၂၉၂၀ ကျပ်ဖြစ်ကြောင်း သိရသည်။

zawgyi version
အေခါက္ေ႐ႊႏွင့္ေငြလဲေဈးႏႈန္း က်ဆင္းလာေသာ္လည္း ေဈးကြက္တည္ၿငိမ္မႈမရွိ
NP News - စက္တင္ဘာ ၈

ရန္ကုန္ၿမိဳ႕ရွိ ေဈးကြက္အတြင္း၌ ယေန႔ (စက္တင္ဘာလ ၈ ရက္) တြင္ အေခါက္ေ႐ႊေဈးႏွင့္ ႏိုင္ငံျခားေငြလဲေဈးႏႈန္းမ်ား ဆက္တိုက္က်ဆင္းေနကာ ျပင္ပေပါက္ေဈး၌ တစ္ေဒၚလာလွ်င္ ၃၃၀၀ က်ပ္အထိ က်ဆင္းလာေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ေဈးႏႈန္းမ်ားက်ဆင္းလာေသာ္လည္း ေဈးကြက္တည္ၿငိမ္မႈမရွိေၾကာင္း ေဈးကြက္အတြင္းမွသိရသည္။

ရန္ကုန္ၿမိဳ႕ရွိ ျပင္ပေငြလဲေဈးႏႈန္းႏွင့္ အေခါက္ေ႐ႊေဈးႏႈန္းမ်ားသည္ ယခုတစ္ပတ္အတြင္းဆက္တိုက္က်ဆင္းလာၿပီး ယေန႔ ညေန ၄ နာရီအခ်ိန္တြင္ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ၃၄ သိန္းမွ ၃၄ သိန္းခုႏွစ္ေသာင္း၊ အေမရိကန္တစ္ေဒၚလာလွ်င္ ၃၃၀၀ က်ပ္မွ ၃၄၆၅ က်ပ္အထိ ေဈးႏႈန္းအေျပာင္းအလဲျမန္ဆန္ေနေၾကာင္းသိရသည္။

“ပုံမွန္အေရာင္းအဝယ္မဟုတ္ေတာ့ ေဈးေတြကမၿငိမ္ဘူးအတက္အက်ျမန္ေနတယ္။ ေလာေလာဆယ္က်ေဈးနဲ႔ ဝယ္မယ့္ေရာင္းမယ့္လူေတာ့ အမ်ားႀကီးမရွိေသးဘူး။ ေဈးကြက္ကို ဆက္ေစာင့္ၾကည့္ေနတဲ့သေဘာပါ။ ေနာက္တစ္ခုက ႏိုင္ငံတကာေဈးကြက္နဲ႔ ခ်ိတ္ဆက္ေနတဲ့ကုန္စည္ေတြျဖစ္ေနေတာ့ ပုံမွန္မဟုတ္တဲ့အခ်ိန္မွာ ေဈးမၿငိမ္တာပါဘဲ”ဟု ေ႐ႊႏွင့္ေငြလဲလုပ္ငန္း လုပ္ကိုင္သူဝါရင့္ ကုန္သည္တစ္ဦးက NP News ကို ေျပာသည္။

လြန္ခဲ့သည့္ ရက္ပိုင္းမ်ားတြင္ စင္ကာပူဘဏ္က ျမန္မာဘဏ္မ်ားႏွင့္အဆက္အသြယ္ျဖတ္ေတာက္မႈ၊ ႏွစ္ေသာင္းတန္ ေငြစကၠဴသစ္႐ိုက္နိပ္ထုတ္ေဝမႈအပါအဝင္ အေထြေထြကုန္ေဈးႏႈန္းျမင့္တက္မႈမ်ားမွတဆင့္ ျပည္တြင္းေ႐ႊေဈး ႏွင့္ အေမရိကန္ေဒၚလာေဈးမ်ား စံခ်ိန္တင္ျမင့္တက္ခဲ့သည္။ အေခါက္ေ႐ႊတစ္က်ပ္သားလွ်င္ ‌ေငြက်ပ္ သိန္း ၄၀ ႏွင့္ အေမရိကန္တစ္ေဒၚလာလွ်င္ ၄၀၀၀ က်ပ္ေက်ာ္အထိျမင့္တက္ခဲ့ရာ ယခုစက္တင္ဘာလဆန္းတြင္ ျပန္လည္က်ဆင္းလာျခင္း ျဖစ္သည္။

လက္ရွိတြင္ တရားဝင္ေငြလဲေကာင္တာမ်ားမွအပ ျပင္ပေငြလဲလုပ္ငန္းမ်ားကိုဖမ္းဆီးအေရးယူေနသည့္အျပင္ ကုန္စည္တင္သြင္း/တင္ပို႔မႈမ်ားကိုပါ ထိန္းခ်ဳပ္လာျခင္းေၾကာင့္ ေဈးကြက္အတြင္း အေရာင္းအဝယ္က်ပ္တည္းကာ ေဈးျပန္က်လာျခင္းဟု ကြၽမ္းက်င္သူမ်ားကသုံးသပ္သည္။

ဗဟိုဘဏ္က အေမရိကန္တစ္ေဒၚလာလွ်င္၂၁၀၀ က်ပ္ ပုံေသသတ္မွတ္ထားၿပီး တရားဝင္ေငြလဲေကာင္တာမ်ားတြင္ ဗဟိုဘဏ္အြန္လိုင္းေပါက္ေဈးသည္ တစ္ေဒၚလာ ၂၉၂၀ က်ပ္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.