၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးပါက ရွေးကောက်ပွဲကို အဆောလျင်ဆုံးကျင်းပနိုင်ရေး ဆောင်ရွက်မည်ဟု တပ်ချုပ် တရားဝင်အသိပေး

 648

မျိုးကြီး (NP News) - စက်တင်ဘာ ၁ဝ

၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးပါက ရွေးကောက်ပွဲကို အဆောလျင်ဆုံးကျင်းပနိုင်ရေး ဆောင်ရွက်မည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရားဝင်ပြောဆိုလိုက်သည်။

၎င်းက ယမန်နေ့(စက်တင်ဘာ ၉ ရက်)တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်မိသားစုဝင်များနှင့် တွေ့ဆုံစဉ်အထက်ပါကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး ဆောင်ရွက်ရာ၌ မဲစာရင်းများ မှန်ကန်မှုရှိရန် နှင့် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိရေး ဆောင်ရွက်ရန်လိုအပ်သည်ဟု နစကဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

ထို့ကြောင့် ၂ဝ၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ရရှိလာသည့်အချက်အလက်များအပေါ်မူတည်ကာ မဲစာရင်းများထွက်ပေါ်လာမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

သန်းခေါင်စာရင်းများကောက်ယူပြီးစီးမှသာ ရွေးကောက်ပွဲကို ကျင်းပနိုင်မည်ဖြစ်ကြောင်း ၎င်းက တရားဝင်ပြောခဲ့သည်။

ထို့ကြောင့် သန်းခေါင်စာရင်းများ ကောက်ယူပြီးပါက ရွေးကောက်ပွဲကို အဆောလျင်ဆုံးကျင်းပနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး သန်းခေါင်စာရင်းလုပ်ငန်းများ အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် တပ်မတော်အနေဖြင့် နယ်မြေစိုးမိုးရေး၊ နယ်မြေစည်းရုံးရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်ချုပ်က ထပ်မံပြောခဲ့သည်။

ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၁၅) ရက် အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း နစကဘက်က ကြေညာထားသည်။

၎င်းကဲ့သို့ သန်းခေါင်စာရင်းကောက်ယူရာတွင် တွေ့ကြုံလာနိုင်သည့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ထားနိုင်ရေးအတွက် စမ်းသပ်သန်းခေါင်စာရင်းကို ယခု ၂ဝ၂၃ ခုနှစ် အောက်တိုဘာလတွင် မြို့နယ်ပေါင်း(၂ဝ)ရှိ စာရင်းကောက်ကွက် (၁ဝဝ)တွင် ပဏာမဆောင်ရွက်ရန် ပြင်ဆင်ထားကြောင်း သိရသည်။

လက်ရှိတွင် နစက၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် လာမည့်ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် (PR)အား ကျင့်သုံးကာ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထို့ပြင် ရွေးကောက်ပွဲ၌ မဲပေးရာတွင်လည်း ၎င်းတို့တီထွင်ထားသော မြန်မာအီလက်ထရွန်နစ်မဲပေးစက်ကိုသာ အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားဝင်အသိပေးထားသည်။

Zawgyi Version;
၂ဝ၂၄ ခုႏွစ္ သန္းေခါင္စာရင္းေကာက္ယူၿပီးပါက ေ႐ြးေကာက္ပြဲကို အေဆာလ်င္ဆုံးက်င္းပႏိုင္ေရး ေဆာင္႐ြက္မည္ဟု တပ္ခ်ဳပ္ တရားဝင္အသိေပး
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၁ဝ

၂၀၂၄ ခုႏွစ္ သန္းေခါင္စာရင္းေကာက္ယူၿပီးပါက ေ႐ြးေကာက္ပြဲကို အေဆာလ်င္ဆုံးက်င္းပႏိုင္ေရး ေဆာင္႐ြက္မည္ဟု ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တရားဝင္ေျပာဆိုလိုက္သည္။

၎က ယမန္ေန႔(စက္တင္ဘာ ၉ ရက္)တြင္ အေရွ႕ေျမာက္တိုင္းစစ္ဌာနခ်ဳပ္၊ လားရႈိးတပ္နယ္မွ အရာရွိ၊ စစ္သည္မိသားစုဝင္မ်ားႏွင့္ ေတြ႕ဆုံစဥ္အထက္ပါကဲ့သို႔ ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္ေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ေ႐ြးေကာက္ပြဲျပန္လည္က်င္းပႏိုင္ေရး ေဆာင္႐ြက္ရာ၌ မဲစာရင္းမ်ား မွန္ကန္မႈရွိရန္ ႏွင့္ ဆႏၵမဲေပးခြင့္ရွိသူအားလုံး မဲေပးခြင့္ရရွိေရး ေဆာင္႐ြက္ရန္လိုအပ္သည္ဟု နစကဥကၠ႒ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။

ထို႔ေၾကာင့္ ၂ဝ၂၄ ခုႏွစ္တြင္ ျပည္လုံးကြၽတ္သန္းေခါင္စာရင္းေကာက္ယူျခင္းလုပ္ငန္းမ်ားကို ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး ရရွိလာသည့္အခ်က္အလက္မ်ားအေပၚမူတည္ကာ မဲစာရင္းမ်ားထြက္ေပၚလာမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာသည္။

သန္းေခါင္စာရင္းမ်ားေကာက္ယူၿပီးစီးမွသာ ေ႐ြးေကာက္ပြဲကို က်င္းပႏိုင္မည္ျဖစ္ေၾကာင္း ၎က တရားဝင္ေျပာခဲ့သည္။

ထို႔ေၾကာင့္ သန္းေခါင္စာရင္းမ်ား ေကာက္ယူၿပီးပါက ေ႐ြးေကာက္ပြဲကို အေဆာလ်င္ဆုံးက်င္းပႏိုင္ေရး ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး သန္းေခါင္စာရင္းလုပ္ငန္းမ်ား ေအာင္ျမင္စြာေကာက္ယူႏိုင္ေရးအတြက္ တပ္မေတာ္အေနျဖင့္ နယ္ေျမစိုးမိုးေရး၊ နယ္ေျမစည္း႐ုံးေရးကို ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း တပ္ခ်ဳပ္က ထပ္မံေျပာခဲ့သည္။

ျပည္လုံးကြၽတ္လူဦးေရႏွင့္ အိမ္အေၾကာင္းအရာသန္းေခါင္စာရင္းကို ၂ဝ၂၄ ခုႏွစ္၊ ေအာက္တိုဘာလ (၁)ရက္မွ (၁၅) ရက္ အထိ ေကာက္ယူသြားမည္ျဖစ္ေၾကာင္း နစကဘက္က ေၾကညာထားသည္။

၎ကဲ့သို႔ သန္းေခါင္စာရင္းေကာက္ယူရာတြင္ ေတြ႕ႀကဳံလာႏိုင္သည့္ အခက္အခဲမ်ားကို ႀကိဳတင္ျပင္ဆင္ထားႏိုင္ေရးအတြက္ စမ္းသပ္သန္းေခါင္စာရင္းကို ယခု ၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာလတြင္ ၿမိဳ႕နယ္ေပါင္း(၂ဝ)ရွိ စာရင္းေကာက္ကြက္ (၁ဝဝ)တြင္ ပဏာမေဆာင္႐ြက္ရန္ ျပင္ဆင္ထားေၾကာင္း သိရသည္။

လက္ရွိတြင္ နစက၏ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္အေနျဖင့္ လာမည့္ေ႐ြးေကာက္ပြဲကို အခ်ိဳးက်ကိုယ္စားျပဳစနစ္ (PR)အား က်င့္သုံးကာ ေ႐ြးေကာက္ပြဲကို က်င္းပသြားမည္ျဖစ္ေၾကာင္း ေၾကညာထားသည္။

ထို႔ျပင္ ေ႐ြးေကာက္ပြဲ၌ မဲေပးရာတြင္လည္း ၎တို႔တီထြင္ထားေသာ ျမန္မာအီလက္ထ႐ြန္နစ္မဲေပးစက္ကိုသာ အသုံးျပဳေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း တရားဝင္အသိေပးထားသည္။

Related news

© 2021. All rights reserved.