မန္တလေးမြို့၌ စုံတွဲတစ်တွဲအား ဓားထောက်လုယက်သူများကို ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးပေးခဲ့
2041
သန့်ဇင် (NP News) - စက်တင်ဘာ ၁၀
မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်တွင် သမီးရည်းစားစုံတွဲတစ်တွဲအား ဓားထောက်လုယက်သူ(၂)ဦးကို ဒေသခံပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြောင်း နန်းတော်ရှေ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာ ၉ ရက်) ညနေ ၆နာရီ ၂၅ မိနစ်အချိန်တွင် အောင်မြေသာစံမြို့နယ်၊ ၆၂ လမ်း နှင့် ၁၂ လမ်းကြားတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သမီးရည်းစားအတွဲက ဆိုင်ကယ်နဲ့သွားနေတာကို သူတို့က ဓားထောက်ပြီးတော့ ဖုန်းနဲ့ ဆိုင်ကယ်ကိုလုတာ။ လုတော့ အဲဒီထဲက တစ်ယောက်က ကောင်မလေးကို ပါးတွေ နားတွေ ရိုက်တယ်။ ကောင်လေးကိုကျတော့ ဘောင်းဘီတွေ ချွတ်ခိုင်းတယ်ပေါ့” ဟု နန်းတော်ရှေ့လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါ ဓားထောက်လုယက်သူနှစ်ဦးမှာ မန္တလေးမြို့၊ အနောက်ပြင်ရပ်ကွက်၊ ၂၂ လမ်းတွင် နေထိုင်သူများဖြစ်ပြီး လုယက်စဉ် အနားရှိပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြောင်း သိရသည်။
“လုတော့ ဘေးကလူတွေမြင်လို့ အကုန်လုံးဝိုင်းဖမ်းတာမှာ တစ်ယောက်ကိုမိတယ်။ ဓားကိုင်ထားတဲ့ တစ်ယောက်ကတော့ ထွက်ပြေးသွားပြီး အုပ်စက်ရပ်ကွက်မှာရှိတဲ့ နဒီချောင်းကြီးထဲခုန်ချပြီး ပုန်းနေတာပေါ့နော်။ ဓားက အရှည်တစ်ပေကျော်လောက်ရှိတယ်။ အဲဒါနဲ့ အကုန်လုံးဝိုင်းပြီး မီးတွေနဲ့ရှာကြတော့ ရေထဲကနေ တွေ့တယ်ပေါ့နော်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ဓားထောက်လုယက်မှုကျူးလွန်သူများအား သက်ဆိုင်ရာမှ အမှတ်(၁)နယ်မြေခံရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး အရေးယူဆောင်ရွက်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့တွင် အထက်ပါကဲ့သို့ အုပ်စုဖွဲ့လုယက်မှုများ ယခင်လများကလည်း မကြာခဏရှိခဲ့ရာ အများပြည်သူများက စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း သိရသည်။
Zawgyi Version;
မႏၲေလးၿမိဳ႕၌ စုံတြဲတစ္တြဲအား ဓားေထာက္လုယက္သူမ်ားကို ျပည္သူမ်ားက ဝိုင္းဝန္း ဖမ္းဆီးေပးခဲ့
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၀
မႏၲေလးတိုင္း၊ ေအာင္ေျမသာစံၿမိဳ႕နယ္တြင္ သမီးရည္းစားစုံတြဲတစ္တြဲအား ဓားေထာက္လုယက္သူ(၂)ဦးကို ေဒသခံျပည္သူမ်ားက ဝိုင္းဝန္းဖမ္းဆီးေပးခဲ့ေၾကာင္း နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာ ၉ ရက္) ညေန ၆နာရီ ၂၅ မိနစ္အခ်ိန္တြင္ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၆၂ လမ္း ႏွင့္ ၁၂ လမ္းၾကားတြင္ အထက္ပါကဲ့သို႔ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“သမီးရည္းစားအတြဲက ဆိုင္ကယ္နဲ႔သြားေနတာကို သူတို႔က ဓားေထာက္ၿပီးေတာ့ ဖုန္းနဲ႔ ဆိုင္ကယ္ကိုလုတာ။ လုေတာ့ အဲဒီထဲက တစ္ေယာက္က ေကာင္မေလးကို ပါးေတြ နားေတြ ႐ိုက္တယ္။ ေကာင္ေလးကိုက်ေတာ့ ေဘာင္းဘီေတြ ခြၽတ္ခိုင္းတယ္ေပါ့” ဟု နန္းေတာ္ေရွ႕လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
အဆိုပါ ဓားေထာက္လုယက္သူႏွစ္ဦးမွာ မႏၲေလးၿမိဳ႕၊ အေနာက္ျပင္ရပ္ကြက္၊ ၂၂ လမ္းတြင္ ေနထိုင္သူမ်ားျဖစ္ၿပီး လုယက္စဥ္ အနားရွိျပည္သူမ်ားက ဝိုင္းဝန္းဖမ္းဆီးခဲ့ေၾကာင္း သိရသည္။
“လုေတာ့ ေဘးကလူေတြျမင္လို႔ အကုန္လုံးဝိုင္းဖမ္းတာမွာ တစ္ေယာက္ကိုမိတယ္။ ဓားကိုင္ထားတဲ့ တစ္ေယာက္ကေတာ့ ထြက္ေျပးသြားၿပီး အုပ္စက္ရပ္ကြက္မွာရွိတဲ့ နဒီေခ်ာင္းႀကီးထဲခုန္ခ်ၿပီး ပုန္းေနတာေပါ့ေနာ္။ ဓားက အရွည္တစ္ေပေက်ာ္ေလာက္ရွိတယ္။ အဲဒါနဲ႔ အကုန္လုံးဝိုင္းၿပီး မီးေတြနဲ႔ရွာၾကေတာ့ ေရထဲကေန ေတြ႕တယ္ေပါ့ေနာ္” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေနာက္ ဓားေထာက္လုယက္မႈက်ဴးလြန္သူမ်ားအား သက္ဆိုင္ရာမွ အမွတ္(၁)နယ္ေျမခံရဲစခန္းသို႔ ဖမ္းဆီးေခၚေဆာင္သြားၿပီး အေရးယူေဆာင္႐ြက္မႈမ်ားျပဳလုပ္လ်က္ရွိေၾကာင္း သိရသည္။
မႏၲေလးၿမိဳ႕တြင္ အထက္ပါကဲ့သို႔ အုပ္စုဖြဲ႕လုယက္မႈမ်ား ယခင္လမ်ားကလည္း မၾကာခဏရွိခဲ့ရာ အမ်ားျပည္သူမ်ားက စိုးရိမ္ပူပန္မႈမ်ား ရွိေနေၾကာင္း သိရသည္။