မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီပစ္စည်းများတင်ဆောင်လာသည့် ရုရှားကုန်တင် လေယာဉ် ရန်ကုန်သို့ရောက်ရှိ

 1241

Pearl (NP News) - စက်တင်ဘာ ၁၀

မိုခါမုန်တိုင်းသင့်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူအညီပစ္စည်းများ တင်ဆောင်လာသည့် ရုရှား ကုန်တင်လေယာဉ် ရန်ကုန်သို့ရောက်ရှိခဲ့ကြောင်း နစကထံမှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါလေယာဉ်သည် ယမန်နေ့ (စက်တင်ဘာလ ၉ ရက်)၊ နံနက် (၄) နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။


ရောက်ရှိလာသည့်ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို နံနက်(၉)နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ဧည့်ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းအစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း နှင့် ရုရှားနိုင်ငံ EMERCOM မှ Mr. Andrei KHOMENKO တို့က အကူအညီပစ္စည်းများကို လွှဲပြောင်းလက်ခံလက်မှတ်ရေးထိုးပြီး လဲလှယ်ကြကြောင်း နစကမှ ဆိုသည်။

ရုရှားကုန်တင်လေယာဉ်တင်ဆောင်လာသော အကူအညီပစ္စည်းများတွင် ငါးသေတ္တာဘူး (Preserved Fish) ၁၃ ဒသမ ၉၅ တန်၊ ပါစတာ(Macaronl) ၁ဝ ဒသမ ၅ တန်၊ မိုးကာတဲ(၁၀)ဦးဆံ့ ၂၅ လုံး ၂ ဒသမ ၉ တန်၊ မီးစက်(Mobile Electric Power Station)၁လုံး ၂ ဒသမ ၈ တန်တို့ဖြစ်ကြောင်း သိရသည်၊၊

Zawgyi Version;
မိုခါမုန္တိုင္းသင့္ျပည္သူမ်ားအတြက္ လူသားခ်င္းစာနာမႈအကူအညီပစၥည္းမ်ားတင္ေဆာင္လာသည့္ ႐ုရွားကုန္တင္ ေလယာဥ္ ရန္ကုန္သို႔ေရာက္ရွိ
Pearl (NP News) - စက္တင္ဘာ ၁၀

မိုခါမုန္တိုင္းသင့္ျပည္သူမ်ားအတြက္ လူသားခ်င္းစာနာမႈအကူအညီပစၥည္းမ်ား တင္ေဆာင္လာသည့္ ႐ုရွား ကုန္တင္ေလယာဥ္ ရန္ကုန္သို႔ေရာက္ရွိခဲ့ေၾကာင္း နစကထံမွ သတင္းထုတ္ျပန္ထားသည္။

အဆိုပါေလယာဥ္သည္ ယမန္ေန႔ (စက္တင္ဘာလ ၉ ရက္)၊ နံနက္ (၄) နာရီ ၃ဝ မိနစ္အခ်ိန္ခန႔္တြင္ ရန္ကုန္အျပည္ ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိခဲ့ေၾကာင္း သိရသည္။


ေရာက္ရွိလာသည့္ပစၥည္းမ်ား လႊဲေျပာင္းေပးအပ္ပြဲကို နံနက္(၉)နာရီတြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ ဧည့္ခန္းမေဆာင္၌ က်င္းပခဲ့ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းအစိုးရအဖြဲ႕လူမႈေရးရာဝန္ႀကီး ဦးေအာင္ဝင္းသိန္း ႏွင့္ ႐ုရွားႏိုင္ငံ EMERCOM မွ Mr. Andrei KHOMENKO တို႔က အကူအညီပစၥည္းမ်ားကို လႊဲေျပာင္းလက္ခံလက္မွတ္ေရးထိုးၿပီး လဲလွယ္ၾကေၾကာင္း နစကမွ ဆိုသည္။

႐ုရွားကုန္တင္ေလယာဥ္တင္ေဆာင္လာေသာ အကူအညီပစၥည္းမ်ားတြင္ ငါးေသတၱာဘူး (Preserved Fish) ၁၃ ဒသမ ၉၅ တန္၊ ပါစတာ(Macaronl) ၁ဝ ဒသမ ၅ တန္၊ မိုးကာတဲ(၁၀)ဦးဆံ့ ၂၅ လုံး ၂ ဒသမ ၉ တန္၊ မီးစက္(Mobile Electric Power Station)၁လုံး ၂ ဒသမ ၈ တန္တို႔ျဖစ္ေၾကာင္း သိရသည္၊၊

Related news

© 2021. All rights reserved.