ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီဌာန လိုင်စင်ရုံးများတွင် ဝန်ဆောင်ခများ တိုးမြှင့်ကောက်ခံမည်
5344
NP News - စက်တင်ဘာ ၁ဝ
ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနက မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများနှင့်ပတ်သက်သော ကောက်ခံနေသည် အခငွေကြေးဝန်ဆောင်ခများကို ခေတ်နှင့်လျှော်ညီမှုမရှိ၍ သုံးဆခန့် တိုးမြှင့်ကောက်ခံသွား မည်ဟု ထုတ်ပြန်ချက် ထွက်ပေါ်လာသည်။
မကြာမီ တိုးမြှင့်ကောက်ခံသွားမည့် အခငွေကြေးများတွင် ကားလိုင်စင်အမည်ပြောင်းကြေး၊ ဒဏ်ကြေး၊ နယ်ပြောင်းကြေး၊ ယာဉ်မှန်မမှန် စစ်ဆေးခ အပါအဝင်လိုင်စင်ရုံးများတွင် ဆောင်ရွက်ပေးနေသည့် ကားနှင့် ပတ်သက်သောလုပ်ငန်းစဉ်များ ပါဝင်သည်။
“ကားလိုင်စင်ဝင်ရင် လိုင်စင်ကြေးရောယာဉ်စစ်ခရော တိုးကောက်မှာဆိုတော့ အရင်က သုံးသောင်းလောက် ကုန်တဲ့နေရာမှာ တစ်သိန်းလောက်ကုန်လာမှာပေါ့။ ကားနဲ့ပတ်သက်တဲ့ကုန်ကျစရိတ်တိုးလာရင် ကားစီးတဲ့သူတွေ အခက်အခဲရှိလာမယ့်သဘောပါပဲ” ဟု ဝါရင့်ကားဝယ်ရောင်းလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။
ကားဈေးနှုန်းများ မြင့်တက်လာမှုနှင့် ကားအစီးရေတိုးတက်လာမှု စတာတွေကြောင့် ကားလိုင်စင် မှတ်ပုံတင်ကြေး များကို ၂ဝ၁၈ ခုနှစ်ကတည်းက တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီး လက်ရှိတွင် ကားနှင့် ဆက်စပ်နေသည့် ဝန်ဆောင်ခများ ကို ဘာဆက်လက်တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီဌာန နေပြည်တော်က လက်ရှိတွင် ရန်ကုန်နှင့် မန္တလေးတွင် ရှိသည့် လိုင်စင် ရုံးတွေကို ဝန်ဆောင်ခတိုးမြှင့်မှုကို အကြံပြု ပြန်လည်တင်ပြရန် ညွန်ကြားထားပြီး ဝန်ဆောင်ခအပြောင်းအလဲများ ကို မကြာမီ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။
Zawgyi Version;
ကုန္းလမ္းပို႔ေဆာင္ေရးၫြန္ၾကားမႈဦးစီဌာန လိုင္စင္႐ုံးမ်ားတြင္ ဝန္ေဆာင္ခမ်ား တိုးျမႇင့္ေကာက္ခံမည္
NP News - စက္တင္ဘာ ၁ဝ
ကုန္းလမ္းပို႔ေဆာင္ေရးၫြန္ၾကားမႈဦးစီးဌာနက ေမာ္ေတာ္ယာဥ္မွတ္ပုံတင္လုပ္ငန္းမ်ားႏွင့္ပတ္သက္ေသာ ေကာက္ခံေနသည္ အခေငြေၾကးဝန္ေဆာင္ခမ်ားကို ေခတ္ႏွင့္ေလွ်ာ္ညီမႈမရွိ၍ သုံးဆခန႔္ တိုးျမႇင့္ေကာက္ခံသြား မည္ဟု ထုတ္ျပန္ခ်က္ ထြက္ေပၚလာသည္။
မၾကာမီ တိုးျမႇင့္ေကာက္ခံသြားမည့္ အခေငြေၾကးမ်ားတြင္ ကားလိုင္စင္အမည္ေျပာင္းေၾကး၊ ဒဏ္ေၾကး၊ နယ္ေျပာင္းေၾကး၊ ယာဥ္မွန္မမွန္ စစ္ေဆးခ အပါအဝင္လိုင္စင္႐ုံးမ်ားတြင္ ေဆာင္႐ြက္ေပးေနသည့္ ကားႏွင့္ ပတ္သက္ေသာလုပ္ငန္းစဥ္မ်ား ပါဝင္သည္။
“ကားလိုင္စင္ဝင္ရင္ လိုင္စင္ေၾကးေရာယာဥ္စစ္ခေရာ တိုးေကာက္မွာဆိုေတာ့ အရင္က သုံးေသာင္းေလာက္ ကုန္တဲ့ေနရာမွာ တစ္သိန္းေလာက္ကုန္လာမွာေပါ့။ ကားနဲ႔ပတ္သက္တဲ့ကုန္က်စရိတ္တိုးလာရင္ ကားစီးတဲ့သူေတြ အခက္အခဲရွိလာမယ့္သေဘာပါပဲ” ဟု ဝါရင့္ကားဝယ္ေရာင္းလုပ္ငန္းရွင္တစ္ဦးက မွတ္ခ်က္ျပဳသည္။
ကားေဈးႏႈန္းမ်ား ျမင့္တက္လာမႈႏွင့္ ကားအစီးေရတိုးတက္လာမႈ စတာေတြေၾကာင့္ ကားလိုင္စင္ မွတ္ပုံတင္ေၾကး မ်ားကို ၂ဝ၁၈ ခုႏွစ္ကတည္းက တိုးျမႇင့္သတ္မွတ္ေပးခဲ့ၿပီး လက္ရွိတြင္ ကားႏွင့္ ဆက္စပ္ေနသည့္ ဝန္ေဆာင္ခမ်ား ကို ဘာဆက္လက္တိုးျမႇင့္ေကာက္ခံျခင္းျဖစ္ေၾကာင္း သိရသည္။
ကုန္လမ္းပို႔ေဆာင္ေရးၫြန္ၾကားမႈဦးစီဌာန ေနျပည္ေတာ္က လက္ရွိတြင္ ရန္ကုန္ႏွင့္ မႏၲေလးတြင္ ရွိသည့္ လိုင္စင္ ႐ုံးေတြကို ဝန္ေဆာင္ခတိုးျမႇင့္မႈကို အႀကံျပဳ ျပန္လည္တင္ျပရန္ ၫြန္ၾကားထားၿပီး ဝန္ေဆာင္ခအေျပာင္းအလဲမ်ား ကို မၾကာမီ ထုတ္ျပန္သြားမည္ျဖစ္ေၾကာင္း သိရသည္။