ရုရှားနိုင်ငံထံက Su-30 အမျိုးအစား တိုက်လေယာဉ်နှစ်စင်းကို လက်ခံရရှိထားဟု မြန်မာအစိုးရပြော

 4607

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁ဝ

အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံများရဲ့ပိတ်ဆို့မှုခံထားရပေမယ့် မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံထုတ် Su-30 အမျိုးအစား ဘက်စုံသုံးတိုက်ခိုက်ရေးလေယာဉ်နှစ်စင်းကို လက်ခံရရှိထားတယ်လို့ မြန်မာစက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက စက်တင်ဘာ ၁ဝ ရက်တွင် Vladivostok မြို့မှာ ကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ် ကို တက်ရောက်လာချိန်မှာ အခုလိုမျိုး ထုတ်ဖော်ပြောကြားလိုက်တာဖြစ်ပါတယ်။

ဝန်ကြီးဒေါက်တာချာလီသန်းက "ရုရှားနိုင်ငံထုတ် Su-30 အမျိုးအစားတိုက် လေယာဉ်နှစ်စင်းကို လွှဲပြောင်းလက်ခံ ရရှိထားပါတယ်” လို့ ပြောပါတယ်။ မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံထုတ် Su-30 အမျိုးအစား ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ် ၆ စင်း လွှဲပြောင်းရယူနိုင်ဖို့ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံထုတ် တိုက်လေယာဉ်များကို ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ် ဇူလိုင်လမှ လွှဲပြောင်းရဖွယ်ခဲ့ဖွယ် ရှိနေပြီး ရုရှားတိုက်လေယာဉ်နဲ့ပတ်သက်တဲ့ အင်ဂျင်နီယာတွေ၊ နည်းပညာသမားတွေဟာ တိုက်လေယာဉ်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများကို လေ့ကျင့်သင်ကြားပေးနိုင်ဖို့ ပြီးခဲ့တဲ့နှစ်အတွင်း ရောက်ရှိခဲ့ဖူးကြောင်း ရုရှားသတင်း တွေက ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံကို လွှဲပြောင်းပေးခဲ့တဲ့ ရုရှားနိုင်ငံထုတ် Su-30 အမျိုးအစား တိုက်လေယာဉ် တွေကို နေပြည်တော်မှာ ဖြန့်ကြတ်ချထားကြောင်း သိရပါတယ်။ အဆိုပါတိုက်လေယာဉ်ဟာ ရုရှားနိုင်ငံထုတ် ဘက်စုံသုံး တိုက်လေယာဉ်တွေထဲမှာ အဓိကတိုက်လေယာဉ်ဖြစ်ပြီး Su-30 အမျိုးအစား တိုက်လေယာဉ်တွေကို ၂ဝ၁၈ ခုနှစ်က ကျင်းပခဲ့တဲ့ စင်ကာပူလေကြောင်းပြပွဲမှာ ပထမဆုံးမိတ်ဆက်ပြသခဲ့ကြောင်း သိရပါတယ်။

Zawgyi Version;
႐ုရွားႏိုင္ငံထံက Su-30 အမ်ိဳးအစား တိုက္ေလယာဥ္ႏွစ္စင္းကို လက္ခံရရွိထားဟု ျမန္မာအစိုးရေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁ဝ

အေမရိကန္ အပါအဝင္ အေနာက္အုပ္စုႏိုင္ငံမ်ားရဲ႕ပိတ္ဆို႔မႈခံထားရေပမယ့္ ျမန္မာႏိုင္ငံဟာ ႐ုရွားႏိုင္ငံထုတ္ Su-30 အမ်ိဳးအစား ဘက္စုံသုံးတိုက္ခိုက္ေရးေလယာဥ္ႏွစ္စင္းကို လက္ခံရရွိထားတယ္လို႔ ျမန္မာစက္မႈဝန္ႀကီး ေဒါက္တာခ်ာလီသန္းက စက္တင္ဘာ ၁ဝ ရက္တြင္ Vladivostok ၿမိဳ႕မွာ က်င္းပေနတဲ့ အေရွ႕ဖ်ားစီးပြားေရးဖိုရမ္ ကို တက္ေရာက္လာခ်ိန္မွာ အခုလိုမ်ိဳး ထုတ္ေဖာ္ေျပာၾကားလိုက္တာျဖစ္ပါတယ္။

ဝန္ႀကီးေဒါက္တာခ်ာလီသန္းက "႐ုရွားႏိုင္ငံထုတ္ Su-30 အမ်ိဳးအစားတိုက္ ေလယာဥ္ႏွစ္စင္းကို လႊဲေျပာင္းလက္ခံ ရရွိထားပါတယ္” လို႔ ေျပာပါတယ္။ ျမန္မာႏိုင္ငံဟာ ႐ုရွားႏိုင္ငံထုတ္ Su-30 အမ်ိဳးအစား ဘက္စုံသုံး တိုက္ခိုက္ေရး ေလယာဥ္ ၆ စင္း လႊဲေျပာင္းရယူႏိုင္ဖို႔ လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရပါတယ္။

ျမန္မာႏိုင္ငံဟာ ႐ုရွားႏိုင္ငံထုတ္ တိုက္ေလယာဥ္မ်ားကို ၿပီးခဲ့တဲ့ ၂ဝ၂၂ ခုႏွစ္ ဇူလိုင္လမွ လႊဲေျပာင္းရဖြယ္ခဲ့ဖြယ္ ရွိေနၿပီး ႐ုရွားတိုက္ေလယာဥ္နဲ႔ပတ္သက္တဲ့ အင္ဂ်င္နီယာေတြ၊ နည္းပညာသမားေတြဟာ တိုက္ေလယာဥ္ျပဳျပင္ ထိန္းသိမ္းေရးလုပ္ငန္းမ်ားကို ေလ့က်င့္သင္ၾကားေပးႏိုင္ဖို႔ ၿပီးခဲ့တဲ့ႏွစ္အတြင္း ေရာက္ရွိခဲ့ဖူးေၾကာင္း ႐ုရွားသတင္း ေတြက ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံကို လႊဲေျပာင္းေပးခဲ့တဲ့ ႐ုရွားႏိုင္ငံထုတ္ Su-30 အမ်ိဳးအစား တိုက္ေလယာဥ္ ေတြကို ေနျပည္ေတာ္မွာ ျဖန႔္ၾကတ္ခ်ထားေၾကာင္း သိရပါတယ္။ အဆိုပါတိုက္ေလယာဥ္ဟာ ႐ုရွားႏိုင္ငံထုတ္ ဘက္စုံသုံး တိုက္ေလယာဥ္ေတြထဲမွာ အဓိကတိုက္ေလယာဥ္ျဖစ္ၿပီး Su-30 အမ်ိဳးအစား တိုက္ေလယာဥ္ေတြကို ၂ဝ၁၈ ခုႏွစ္က က်င္းပခဲ့တဲ့ စင္ကာပူေလေၾကာင္းျပပြဲမွာ ပထမဆုံးမိတ္ဆက္ျပသခဲ့ေၾကာင္း သိရပါတယ္။

Related news

© 2021. All rights reserved.