မြင်းခြံမြို့၌ မီးလောင်မှုကြောင့် လူနေအိမ်(၂)လုံးမီးလောင် ပျက်စီး

 637

သန့်ဇင် (NP News) - စက်တင်ဘာ ၁ဝ

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် မီးလောင်မှုကြောင့် လူနေအိမ်(၂)လုံး ပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း အဖြူရောင် လက်များလူမှုကူညီရေးအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယနေ့(စက်တင်ဘာလ ၁ဝ ရက်) နံနက် ၁ နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၈)ရပ်ကွက်၊ နယ်မြေ(၅)တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ဘယ်က စလောင်တာလဲကို မသိရဘူးဗျ။ မီးလောင်သွားတာကတော့ (၂) အိမ်ပါ။ တစ်အိမ်ကတော့ အကုန်လုံး မီးလောင်ပျက်စီးသွားတယ်။ တစ်အိမ်ကတော့ အကုန်လုံးတော့ မဟုတ်ဘူးပေါ့” ဟု အဖြူရောင်လက်များ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် လူနေအိမ်(၂)လုံးမီးလောင်ပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း သိရသည်။

“အဲဒီရပ်ကွက်ကတော့ သူဋ္ဌေးများတယ်ဗျ။ တိုက်အိမ်တွေ ချည်းပါပဲ။ လူထိခိုက်မှုတော့ မရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါမီးလောင်မှုအား မြင်းခြံမြို့နယ်မီးသတ်တပ်ဖွဲ့ နှင့် အခြားအသင်းအဖွဲ့များက တစ်နာရီကြာမီးငြှိမ်းသတ် ခဲ့ရပြီး မီးလောင်မှုဖြစ်စဉ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား သက်ဆိုင်ရာနှင့်မီးသတ်တပ်ဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ျမင္းၿခံၿမိဳ႕၌ မီးေလာင္မႈေၾကာင့္ လူေနအိမ္(၂)လုံးမီးေလာင္ ပ်က္စီး
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁ဝ

မႏၲေလးတိုင္း၊ ျမင္းၿခံၿမိဳ႕တြင္ မီးေလာင္မႈေၾကာင့္ လူေနအိမ္(၂)လုံး ပ်က္စီးဆုံးရႈံးသြားခဲ့ေၾကာင္း အျဖဴေရာင္ လက္မ်ားလူမႈကူညီေရးအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယေန႔(စက္တင္ဘာလ ၁ဝ ရက္) နံနက္ ၁ နာရီအခ်ိန္တြင္ ျမင္းၿခံၿမိဳ႕၊ အမွတ္(၈)ရပ္ကြက္၊ နယ္ေျမ(၅)တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

“ဘယ္က စေလာင္တာလဲကို မသိရဘူးဗ်။ မီးေလာင္သြားတာကေတာ့ (၂) အိမ္ပါ။ တစ္အိမ္ကေတာ့ အကုန္လုံး မီးေလာင္ပ်က္စီးသြားတယ္။ တစ္အိမ္ကေတာ့ အကုန္လုံးေတာ့ မဟုတ္ဘူးေပါ့” ဟု အျဖဴေရာင္လက္မ်ား လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။

အဆိုပါမီးေလာင္မႈေၾကာင့္ လူေနအိမ္(၂)လုံးမီးေလာင္ပ်က္စီးသြားခဲ့ၿပီး လူထိခိုက္မႈမရွိေၾကာင္း သိရသည္။

“အဲဒီရပ္ကြက္ကေတာ့ သူေ႒းမ်ားတယ္ဗ်။ တိုက္အိမ္ေတြ ခ်ည္းပါပဲ။ လူထိခိုက္မႈေတာ့ မရွိပါဘူး” ဟု ၎က ဆက္လက္ေျပာသည္။

အဆိုပါမီးေလာင္မႈအား ျမင္းၿခံၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ ႏွင့္ အျခားအသင္းအဖြဲ႕မ်ားက တစ္နာရီၾကာမီးျငႇိမ္းသတ္ ခဲ့ရၿပီး မီးေလာင္မႈျဖစ္စဥ္ႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးအား သက္ဆိုင္ရာႏွင့္မီးသတ္တပ္ဖြဲ႕မွ စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.