လာမည့်ရက်ပိုင်းအတွင်း ကာတာကလပ် Al-Arabi ကို ပြောင်းရွှေ့ကြေးယူရို(၄၅)သန်းဖြင့် ပြောင်းရွှေ့သွားဖွယ်ရှိနေတဲ့ ပီအက်စ်ဂျီကွင်းလယ်လူ မာကိုဗာရက်တီ

 416

Pika (NP News) - စက်တင်ဘာ ၁၁

ပီအက်စ်ဂျီအသင်း ကွင်းလယ်လူမာကိုဗာရက်တီသည် ကာတာကလပ်Al-Arabiကို ယူရို(၄၅)သန်းဖြင့် ပြောင်းရွှေ့ ရန် သဘောတူညီခဲ့ကြောင်း သိရသည်။

မာကိုဗာရက်တီသည် ပီအက်စ်ဂျီအသင်းတွင် ၂ဝ၂၆ ခုနှစ် မတိုင်ခင်အချိန်အထိ ကစားရမည့် သဘောတူစာချုပ် အသစ်ကို ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလတွင် ချုပ်ဆိုခဲ့ကြောင်းလည်း သိရသည်။ သို့သော်လည်း မာကိုဗာရက်တီသည် ပီအက်စ်ဂျီအသင်းအတွက် ဘယ်တော့မှ ကစားရမည်မဟုတ်ကြောင်း ပီအက်စ်ဂျီနည်းပြလူးဝစ်အမ်းရစ်ချ်က ပြောဆိုခဲ့ပြီးနောက် ယခုကဲ့သို့ ပြောင်းရွှေ့ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

ပီအက်စ်ဂျီအသင်း နှင့် Al-Arabi အသင်းတို့သည့် မာကိုဗာရက်တီအပြောင်းအရွှေ့အတွက် နှုတ်အားဖြင့် သဘော တူညီမှုရရှိပြီးပြီဖြစ်ပြီ လာမည့်ရက်ပိုင်းအတွင်း Al-Arabi အသင်းကို ယူရို(၄၅)သန်းဖြင့် ပြောင်းရွှေ့သွားနိုင်ဖွယ်ရှိ ကြောင်း ဘောလုံးသတင်းထောက် ဖာဘရီဇီရိုရိုမာနိုက ပြောကြားခဲ့သည်။

မာကိုဗာရက်တီသည် ၂ဝ၁၂ ခုနှစ်တွင် Pescara အသင်းမှ ပီအက်စ်ဂျီအသင်းသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး ပီအက်စ်ဂျီအသင်းတွင် (၁၁)နှစ်ကြာ ကစားခဲ့ကြောင်းလည်း သိရသည်။ မာကိုဗာရက်တီသည် ပီအက်စ်ဂျီအသင်း အတွက် ပြိုင်ပွဲစုံပွဲပေါင်း(၄၁၆)ပွဲကစားခဲ့ပြီး ဆုဖလားပေါင်း(၃ဝ) ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

မာကိုဗာရက်တီသည် လာမည့်ရက်ပိုင်းအတွင်း ကာတာကလပ် Al-Arabi သို့ ပြောင်းရွှေ့သွားနိုင်ဖွယ်ရှိနေပြီး စက်တင်ဘာလ(၂၄)ရက်တွင် Al Rayyan အသင်း နှင့် ယှဉ်ပြိုင်ကစားမည့်ပွဲတွင် ပွဲဦးထွက်ကစားနိုင်ဖွယ်ရှိနေ ကြောင်းလည်း သိရသည်။

Zawgyi Version;
လာမည့္ရက္ပိုင္းအတြင္း ကာတာကလပ္ Al-Arabi ကို ေျပာင္းေ႐ႊ႕ေၾကးယူ႐ို(၄၅)သန္းျဖင့္ ေျပာင္းေ႐ႊ႕သြားဖြယ္ ရွိေနတဲ့ ပီအက္စ္ဂ်ီကြင္းလယ္လူ မာကိုဗာရက္တီ
Pika (NP News) - စက္တင္ဘာ ၁၁

ပီအက္စ္ဂ်ီအသင္း ကြင္းလယ္လူမာကိုဗာရက္တီသည္ ကာတာကလပ္Al-Arabiကို ယူ႐ို(၄၅)သန္းျဖင့္ ေျပာင္းေ႐ႊ႕ ရန္ သေဘာတူညီခဲ့ေၾကာင္း သိရသည္။

မာကိုဗာရက္တီသည္ ပီအက္စ္ဂ်ီအသင္းတြင္ ၂ဝ၂၆ ခုႏွစ္ မတိုင္ခင္အခ်ိန္အထိ ကစားရမည့္ သေဘာတူစာခ်ဳပ္ အသစ္ကို ၿပီးခဲ့သည့္ႏွစ္ဒီဇင္ဘာလတြင္ ခ်ဳပ္ဆိုခဲ့ေၾကာင္းလည္း သိရသည္။ သို႔ေသာ္လည္း မာကိုဗာရက္တီသည္ ပီအက္စ္ဂ်ီအသင္းအတြက္ ဘယ္ေတာ့မွ ကစားရမည္မဟုတ္ေၾကာင္း ပီအက္စ္ဂ်ီနည္းျပလူးဝစ္အမ္းရစ္ခ်္က ေျပာဆိုခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ေျပာင္းေ႐ႊ႕ရန္ စီစဥ္ခဲ့ျခင္းျဖစ္ေၾကာင္း မီဒီယာမ်ားက ေဖာ္ျပခဲ့သည္။

ပီအက္စ္ဂ်ီအသင္း ႏွင့္ Al-Arabi အသင္းတို႔သည့္ မာကိုဗာရက္တီအေျပာင္းအေ႐ႊ႕အတြက္ ႏႈတ္အားျဖင့္ သေဘာ တူညီမႈရရွိၿပီးၿပီျဖစ္ၿပီ လာမည့္ရက္ပိုင္းအတြင္း Al-Arabi အသင္းကို ယူ႐ို(၄၅)သန္းျဖင့္ ေျပာင္းေ႐ႊ႕သြားႏိုင္ဖြယ္ရွိ ေၾကာင္း ေဘာလုံးသတင္းေထာက္ ဖာဘရီဇီ႐ို႐ိုမာႏိုက ေျပာၾကားခဲ့သည္။

မာကိုဗာရက္တီသည္ ၂ဝ၁၂ ခုႏွစ္တြင္ Pescara အသင္းမွ ပီအက္စ္ဂ်ီအသင္းသို႔ ေျပာင္းေ႐ႊ႕လာခဲ့ျခင္းျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းတြင္ (၁၁)ႏွစ္ၾကာ ကစားခဲ့ေၾကာင္းလည္း သိရသည္။ မာကိုဗာရက္တီသည္ ပီအက္စ္ဂ်ီအသင္း အတြက္ ၿပိဳင္ပြဲစုံပြဲေပါင္း(၄၁၆)ပြဲကစားခဲ့ၿပီး ဆုဖလားေပါင္း(၃ဝ) ဆြတ္ခူးႏိုင္ခဲ့ေၾကာင္း သိရသည္။

မာကိုဗာရက္တီသည္ လာမည့္ရက္ပိုင္းအတြင္း ကာတာကလပ္ Al-Arabi သို႔ ေျပာင္းေ႐ႊ႕သြားႏိုင္ဖြယ္ရွိေနၿပီး စက္တင္ဘာလ(၂၄)ရက္တြင္ Al Rayyan အသင္း ႏွင့္ ယွဥ္ၿပိဳင္ကစားမည့္ပြဲတြင္ ပြဲဦးထြက္ကစားႏိုင္ဖြယ္ရွိေန ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.