မြန်မာနိုင်ငံ နဲ့ ရုရှားနိုင်ငံကြား Mir ငွေပေးချေမှုကဒ်ကို လာမယ့်အောက်တိုဘာလအတွင်း စတင်အသုံးပြုသွားမယ်လို့ ဝန်ကြီးဒေါက်တာကံဇော်ပြော

 1479

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၂
မြန်မာနိုင်င်ငံနဲ့ ရုရှားနိုင်ငံကြား Mir payment system ကဒ်အသုံးအပြုမှုများကိုလာမယ့် အောက် တိုဘာလမှာ စတင်အသုံးပြုလုပ်ဆောင်သွားဖွယ်ရှိနေကြောင်း၊ ဗဟိုဘဏ် နဲ့ စီးပွားရေးဘဏ်ခြောက်ခုလက်မှတ်ရေးထိုးထားကြောင်း၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည် ထောင် စုဝန်ကြီးဒေါက်တာကံဇော်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဝန်ကြီးဒေါက်တာကံဇော်ဟာ ရုရှားနိုင်ငံ Vladivostok မြို့မှာကျင်းပနေတဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်ကို တက်ရောက်လာချိန်အတွင်း ရုရှားအခြေစိုက်မီဒီယာများနဲ့တွေ့ဆုံချိန်မှာ အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

၎င်းက" Mir cards စနစ်အသုံးပြုမှုတွေကို လာမယ့် အောက်တိုဘာလမှာစတင်အသုံးပြုသွားဖွယ်ရှိနေပါတယ်" လို့ပြောခဲ့ပါတယ်။

ဒါအပြင် ဝန်ကြီးဒေါက်တာကံဇော်က မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံရဲ့ ရေနံတွေကို ငွေကြေးပေးချေနိုင်ဖို့ လက်ရှိအချိန်မှာ တရုတ်နိုင်ငံသုံး ယွမ်ငွေကြေးကိုအသုံးပြုနေရကြောင်း၊ ရုရှားနိုင်ငံသုံး ရူဘယ်လ်နဲ့ပေးချေတာမျိုးမရှိသေးဘဲ ရုရှားနဲ့ငွေကြေးပေးချေမှုတွေအတွက် ကျပ်-ရူဘယ်လ် သဘောတူညီမှုရရှိနိုင်ဖို့ ကြိုးပမ်းနေပြီး မကြာမီသဘောတူညီမှုစာချုပ်လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

ဟိုတည်နဲ့ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး ဒေါက်တာသက်သက်ခိုင်ကလည်း ရုရှားနဲ့ မြန်မာနိုင်ငံကြား ခရီးသွားလုပ်ငန်းပိုမိုကောင်းမွန်စေဖို့လုပ်ဆောင်သွားမှာဖြစ်ရာ စက်တင်ဘာ ၁၂ရက်နေ့မှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့ အပြန်အလှန်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးဖွယ်ရှိနေကြောင်းဆိုပါတယ်။

၎င်းက " ဒီလိုမျိုး စာချုပ်လက်မှတ်ရေးထိုးနိုင်တာက ရုရှား ရင်းနှီးမြှုပ်နှံ့သူတွေအတွက် စိတ်ဝင်စားဖွယ်ကောင်းတဲ့အခွင့်ရေးဖြစ်လာစေမှာပါ၊ ကျွန်မတို့ဟာ မြန်မာနိုင်ငံမှာလာရောက်ရင်းနှီးမြှုပ်နှံ့ကြဖို့ ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ထားပါတယ်" လို့ပြောပါတယ်။

Zawgyi Version

ျမန္မာႏိုင္ငံ နဲ႔ ႐ုရွားႏိုင္ငံၾကား Mir ေငြေပးေခ်မႈကဒ္ကို လာမယ့္ေအာက္တိုဘာလအတြင္း စတင္အသုံးျပဳသြားမယ္လို႔ ဝန္ႀကီးေဒါက္တာကံေဇာ္ေျပာ

ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၂
ျမန္မာႏိုင္င္ငံနဲ႔ ႐ုရွားႏိုင္ငံၾကား Mir payment system ကဒ္အသုံးအျပဳမႈမ်ားကိုလာမယ့္ ေအာက္ တိုဘာလမွာ စတင္အသုံးျပဳလုပ္ေဆာင္သြားဖြယ္ရွိေနေၾကာင္း၊ ဗဟိုဘဏ္ နဲ႔ စီးပြားေရးဘဏ္ေျခာက္ခုလက္မွတ္ေရးထိုးထားေၾကာင္း၊ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာနျပည္ ေထာင္ စုဝန္ႀကီးေဒါက္တာကံေဇာ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဝန္ႀကီးေဒါက္တာကံေဇာ္ဟာ ႐ုရွားႏိုင္ငံ Vladivostok ၿမိဳ႕မွာက်င္းပေနတဲ့ အေရွ႕ဖ်ားစီးပြားေရးဖိုရမ္ကို တက္ေရာက္လာခ်ိန္အတြင္း ႐ုရွားအေျခစိုက္မီဒီယာမ်ားနဲ႔ေတြ႕ဆုံခ်ိန္မွာ အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

၎က" Mir cards စနစ္အသုံးျပဳမႈေတြကို လာမယ့္ ေအာက္တိုဘာလမွာစတင္အသုံးျပဳသြားဖြယ္ရွိေနပါတယ္" လို႔ေျပာခဲ့ပါတယ္။

ဒါအျပင္ ဝန္ႀကီးေဒါက္တာကံေဇာ္က ျမန္မာႏိုင္ငံအေနနဲ႔ ႐ုရွားႏိုင္ငံရဲ႕ ေရနံေတြကို ေငြေၾကးေပးေခ်ႏိုင္ဖို႔ လက္ရွိအခ်ိန္မွာ တ႐ုတ္ႏိုင္ငံသုံး ယြမ္ေငြေၾကးကိုအသုံးျပဳေနရေၾကာင္း၊ ႐ုရွားႏိုင္ငံသုံး ႐ူဘယ္လ္နဲ႔ေပးေခ်တာမ်ိဳးမရွိေသးဘဲ ႐ုရွားနဲ႔ေငြေၾကးေပးေခ်မႈေတြအတြက္ က်ပ္-႐ူဘယ္လ္ သေဘာတူညီမႈရရွိႏိုင္ဖို႔ ႀကိဳးပမ္းေနၿပီး မၾကာမီသေဘာတူညီမႈစာခ်ဳပ္လက္မွတ္ေရးထိုးႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း ေျပာပါတယ္။

ဟိုတည္နဲ႔ခရီးသြားလာေရးဝန္ႀကီးဌာနဝန္ႀကီး ေဒါက္တာသက္သက္ခိုင္ကလည္း ႐ုရွားနဲ႔ ျမန္မာႏိုင္ငံၾကား ခရီးသြားလုပ္ငန္းပိုမိုေကာင္းမြန္ေစဖို႔လုပ္ေဆာင္သြားမွာျဖစ္ရာ စက္တင္ဘာ ၁၂ရက္ေန႔မွာ ခရီးသြားလုပ္ငန္း ဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ အျပန္အလွန္နားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးဖြယ္ရွိေနေၾကာင္းဆိုပါတယ္။

၎က " ဒီလိုမ်ိဳး စာခ်ဳပ္လက္မွတ္ေရးထိုးႏိုင္တာက ႐ုရွား ရင္းႏွီးျမႇဳပ္ႏွံ႔သူေတြအတြက္ စိတ္ဝင္စားဖြယ္ေကာင္းတဲ့အခြင့္ေရးျဖစ္လာေစမွာပါ၊ ကြၽန္မတို႔ဟာ ျမန္မာႏိုင္ငံမွာလာေရာက္ရင္းႏွီးျမႇဳပ္ႏွံ႔ၾကဖို႔ ႐ုရွားစီးပြားေရးလုပ္ငန္းရွင္ေတြကို ဖိတ္ေခၚထားပါတယ္" လို႔ေျပာပါတယ္။

Related news

© 2021. All rights reserved.