တရုတ်ကုမ္ပဏီပိုင် TikTok အပ်ပ်ကို DPC က ယူရို(၃၄၅)သန်း ဒဏ်ရိုက်ခဲ့ဟုဆို

1711
Pika (NP News) - စက်တင်ဘာ ၁၆
တရုတ်ကုမ္ပဏီပိုင်ဆိုင်သော ကမ္ဘာကျော် လူမှုကွန်ရက်ဖြစ်တဲ့ TikTok သည် ၎င်း၏ ပလက်ဖောင်းပေါ်တွင် ကလေးသူငယ်များ၏ ကိုယ်ရေးကိုယ်တာ ဒေတာအချက်အလက်များကို ကာကွယ်ပေးရန် ပျက်ကွက်ခဲ့သည့်အတွက် အိုင်ယာလန်ဒေတာကာကွယ်ရေးကော်မရှင် (DPC)က ယူရို(၃၄၅)သန်း ဒဏ်ရိုက်ခဲ့ကြောင်းသိရသည်၊၊

ဥရောပသမဂ္ဂ၏ အထွေထွေဒေတာကာကွယ်ရေးစည်းမျဉ်း (GDPR) အရ TikTok သည် ကလေးသူငယ် အသုံးပြုသူများနှင့်ပတ်သက်သည့် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ဘေးကင်းအောင် မဆောင်ရွက်ပေးနိုင်ခဲ့ခြင်းအတွက် DPC က ယခုကဲ့သို့ ဒဏ်ငွေပေးဆောင်စေခိုင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် TikTok သည် GDPR က ချမှတ်ထားသော စည်းမျဉ်း(၈)ချက်ကို ချိုးဖောက်ခဲ့ကြောင်း DPC ကပြောကြားခဲ့သည်။
TikTok က "DPC ရဲ့ ဒဏ်ငွေပေးဆောင်စေခိုင်းခြင်းကို လေးစားစွာနဲ့ပဲ ကန့်ကွက်ပါတယ်။DPC ရဲ့ဝေဖန်ပြောဆိုချက်တွေဟာ ပြီးခဲ့တဲ့သုံးနှစ်ကရှိခဲ့တဲ့ feature တွေ၊ setting ကို ရည်ညွှန်းပြောဆိုနေတာဖြစ်ပါတယ်။ DPC က စုံစမ်းစစ်ဆေးမှုတွေ မလုပ်ဆောင်ခင်မှာပဲ ကျွန်တော်တို့ဘက်က အဲဒီအချက်တွေနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေကို ပြုလုပ်ခဲ့ပါတယ်၊၊ အသက်(၁၆)နှစ်အောက် အသုံးပြုသူတွေရဲ့ အကောင့်တွေကို ပုံသေသတ်မှတ်လိုက်တာမျိုးတွေစတဲ့ setting အပြောင်းအလဲတွေကို လုပ်ခဲ့ပါတယ်"ဟု ထုတ်ပြန်ထားသည်။
DPC က စုံစမ်းစစ်ဆေးမှုများ မလုပ်ဆောင်ခင် TikTok သည် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းပေးခဲ့ကြောင်း ဥရောပရှိ TikTok ၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ အကြီးအကဲ Elaine Fox က ထုတ်ပြန်ပြောကြားခဲ့သည်။
၎င်းက "DPC ရဲ့ စုံစမ်းစစ်ဆေးမှုမတိုင်ခင်မှာပဲ TikTok ဟာအသက်(၁၃)နှစ်နဲ့ (၁၄)နှစ်အောက် အသုံးပြုသူတွေရဲ့ အကောင့်တွေကို သီးသန့်ပုံသေသတ်မှတ်လိုက်တာမျိုးတွေစတဲ့ setting တွေကိုလည်း ပြောင်းလဲခဲ့ပါတယ်"ဟု ပြောဆိုခဲ့သည်။

zawgyi version
တ႐ုတ္ကုမၸဏီပိုင္ TikTok အပ္ပ္ကို DPC က ယူ႐ို(၃၄၅)သန္း ဒဏ္႐ိုက္ခဲ့ဟုဆို
Pika (NP News) - စက္တင္ဘာ ၁၆
တ႐ုတ္ကုမၸဏီပိုင္ဆိုင္ေသာ ကမာၻေက်ာ္ လူမႈကြန္ရက္ျဖစ္တဲ့ TikTok သည္ ၎၏ ပလက္ေဖာင္းေပၚတြင္ ကေလးသူငယ္မ်ား၏ ကိုယ္ေရးကိုယ္တာ ေဒတာအခ်က္အလက္မ်ားကို ကာကြယ္ေပးရန္ ပ်က္ကြက္ခဲ့သည့္အတြက္ အိုင္ယာလန္ေဒတာကာကြယ္ေရးေကာ္မရွင္ (DPC)က ယူ႐ို(၃၄၅)သန္း ဒဏ္႐ိုက္ခဲ့ေၾကာင္းသိရသည္၊၊
ဥေရာပသမဂၢ၏ အေထြေထြေဒတာကာကြယ္ေရးစည္းမ်ဥ္း (GDPR) အရ TikTok သည္ ကေလးသူငယ္ အသုံးျပဳသူမ်ားႏွင့္ပတ္သက္သည့္ ကိုယ္ေရးကိုယ္တာ အခ်က္အလက္မ်ားကို ေဘးကင္းေအာင္ မေဆာင္႐ြက္ေပးႏိုင္ခဲ့ျခင္းအတြက္ DPC က ယခုကဲ့သို႔ ဒဏ္ေငြေပးေဆာင္ေစခိုင္းခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ TikTok သည္ GDPR က ခ်မွတ္ထားေသာ စည္းမ်ဥ္း(၈)ခ်က္ကို ခ်ိဳးေဖာက္ခဲ့ေၾကာင္း DPC ကေျပာၾကားခဲ့သည္။
TikTok က "DPC ရဲ႕ ဒဏ္ေငြေပးေဆာင္ေစခိုင္းျခင္းကို ေလးစားစြာနဲ႔ပဲ ကန႔္ကြက္ပါတယ္။DPC ရဲ႕ေဝဖန္ေျပာဆိုခ်က္ေတြဟာ ၿပီးခဲ့တဲ့သုံးႏွစ္ကရွိခဲ့တဲ့ feature ေတြ၊ setting ကို ရည္ၫႊန္းေျပာဆိုေနတာျဖစ္ပါတယ္။ DPC က စုံစမ္းစစ္ေဆးမႈေတြ မလုပ္ေဆာင္ခင္မွာပဲ ကြၽန္ေတာ္တို႔ဘက္က အဲဒီအခ်က္ေတြနဲ႔ပတ္သက္ၿပီး အေျပာင္းအလဲေတြကို ျပဳလုပ္ခဲ့ပါတယ္၊၊ အသက္(၁၆)ႏွစ္ေအာက္ အသုံးျပဳသူေတြရဲ႕ အေကာင့္ေတြကို ပုံေသသတ္မွတ္လိုက္တာမ်ိဳးေတြစတဲ့ setting အေျပာင္းအလဲေတြကို လုပ္ခဲ့ပါတယ္"ဟု ထုတ္ျပန္ထားသည္။
DPC က စုံစမ္းစစ္ေဆးမႈမ်ား မလုပ္ေဆာင္ခင္ TikTok သည္ လုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ားကို ေျဖရွင္းေပးခဲ့ေၾကာင္း ဥေရာပရွိ TikTok ၏ ကိုယ္ေရးကိုယ္တာဆိုင္ရာ အႀကီးအကဲ Elaine Fox က ထုတ္ျပန္ေျပာၾကားခဲ့သည္။
၎က "DPC ရဲ႕ စုံစမ္းစစ္ေဆးမႈမတိုင္ခင္မွာပဲ TikTok ဟာအသက္(၁၃)ႏွစ္နဲ႔ (၁၄)ႏွစ္ေအာက္ အသုံးျပဳသူေတြရဲ႕ အေကာင့္ေတြကို သီးသန႔္ပုံေသသတ္မွတ္လိုက္တာမ်ိဳးေတြစတဲ့ setting ေတြကိုလည္း ေျပာင္းလဲခဲ့ပါတယ္"ဟု ေျပာဆိုခဲ့သည္။