အာဖဂန်မိဘမဲ့ကလေးများကို မရိန်းတပ်သားက မွေးစားခြင်းအား ပြန်လည်ရုပ်သိမ်းရမည်ဟု အမေရိကန်အစိုးရက စွက်ဖက်ခဲ့ကြောင်း လျှို့ဝှက်မှတ်တမ်းများ ပေါက်ကြား

 1432

Htay Oung (NP News) - စက်တင်ဘာ ၁၆

အာဖဂန်စစ်ပွဲကာလ ကလေးငယ်များကို မိဘမဲ့အဖြစ်သတ်မှတ်ပြီး မွေးစားခွင့်ပြုခြင်းဟာ နိုင်ငံတကာဥပဒေချိုးဖောက်မှုအဖြစ် ကမ္ဘာတစ်ဝှမ်းက ရှုမြင်ခံရနိုင်တယ်လို့ ဗာဂျီးနီးယားပြည်နယ်မှ တရားသူကြီးတစ်ဦးအပေါ် အမေရိကန်အစိုးရက သတိပေးခဲ့ကြောင်း ပြန်လည်သုံးသပ်တဲ့ လျှို့ဝှက်တရားရုံးမှတ်တမ်းများအရ သိရှိရတယ်လို့ AP သတင်းဌာနက ယမန်နေ့ (စက်တင်ဘာလ ၁၅ ရက်)မှာ ရေးသားပါတယ်။

ဒေသန္တရဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ခွင့် ကိစ္စရပ်များမှာ ဖက်ဒရယ်အစိုးရကိုယ်တိုင် ၀င်ရောက်စွက်ဖက်ခြင်းမျိုးဟာ ရှားရှားပါးပါးလို့ ဆိုနိုင်ပေမယ့် ကလေးရဲ့ နောင်ရေးနဲ့ ပတ်သက်ပြီး ဒေါ်နယ်ထရမ့် နဲ့ ဘိုင်ဒင်အစိုးရလက်ထက်များတစ်လျှောက်လုံး စိုးရိမ်တကြီးရှိခဲ့ကြောင်း ပေါ်လွင်နေပါတယ်။

ယခု အသက် ၄ နှစ်ရှိပြီဖြစ်တဲ့ ကလေးငယ်ကို အမေရိကန်ရှိသူ့ရဲ့ အာဖဂန်ဆွေမျိုးသားချင်းများထံ ပြန်လည်အပ်နှံရန်၊ ပျက်ကွက်ပါက အာဖဂန်ဒုက္ခသည်များ ပြန်လည်နေရာချထားရေး အမေရိကန်အစိုးရရဲ့ ကြိုးပမ်းမှုများကို ထိခိုက်စေနိုင်ကြောင်း၊ နိုင်ငံတကာ လုံခြုံရေးဆိုင်ရာသဘောတူညီချက်များအပေါ် ခြိမ်းခြောက်မှုအဖြစ် အစ္စလာမ်မစ်အစွန်းရောက်များက ဝါဒဖြန့် အသုံးချခံရနိုင်ကြောင်း၊ နိုင်ငံရပ်ခြားမှာ တာ၀န်ထမ်းဆောင်နေတဲ့ အမေရိကန်စစ်သားများကို အန္တရာယ်မကင်းဖြစ်စေနိုင်တဲ့အတွက် တရားရုံးရောက် အဲဒီလို အမှုမျိုးမှာ ကြား၀င် ဆောင်ရွက်နေတဲ့ တရားရေးဌာနရှေ့နေများနဲ့ အခြားအမေရိကန်အရာရှိတို့ကို သတိပေးထားတယ်လို့ ဆိုပါတယ်။

မရိန်းတပ် ဗိုလ်မှူး ဂျော့ခ်ျရှူးဝါးမတ်စ်နဲ့ သူ့ရဲ့ဇနီးတို့ဟာ ၂၀၂၁ ခုနှစ်ကတည်းက သူတို့ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ သမီးငယ်လေးကို ဗာဂျီးနီးယားပြည်နယ် တရားရုံးက မွေးစားခွင့်လက်မှတ်ထုတ်ပေးရေး ကိစ္စမှာ တရားရေးဌာနအပေါ် (အမေရိကန်အစိုးရက) ဖိအားပေး စွက်ဖက်ခဲ့ကြောင်း သိရှိရပါတယ်။

သူတို့ရဲ့ ကလေးငယ်လေးကို အမေရိကန် မရိန်းစစ်သားက ပြန်ပေးဆွဲခဲ့တယ်လို အာဖဂန်လူငယ်ဇနီးမောင်နှံ နှစ်ဦးတို့က ၂၀၂၂ ခုနှစ်မှာ စွပ်စွဲခဲ့ပါတယ်။ မိဘနှစ်ပါးနဲ့ မွေးချင်းငါးဦး သေဆုံးခဲ့ရတဲ့ အမေရိကန်စစ်တပ်ရဲ့ အာဖဂန် စီးနင်းတိုက်ခိုက်မှုအတွင်း အပျက်အစီးများကြားမှ ကလေးငယ်ကို လွန်ခဲ့သည့် နှစ်နှစ်ခန့်မှာ မိမိတို့ ကယ်ဆယ်ထားခဲ့ခြင်း ဖြစ် ကြောင်း၊ ကဘူးလ်အမေရိကန်စစ်ဆေးရုံမှာ လနဲ့ချီကြာမြင့်ပြီးနောက်မှာ သမီးငယ်လေးဟာ သူ့ရဲ့ဝမ်းကွဲအကိုတော်စပ်သူ့ ကြင်စဦးဇနီးမောင်နှံ မိမိတို့နဲ့အတူ နေထိုင်လာခဲ့ကြောင်း၊ အဆိုပါ သမီးငယ်လေးကို ဆက်လက်ဆေးဝါးကုသဖို့အတွက် မရိန်းတပ် ဥပဒေဆိုင်ရာ အရာရှိ ဂျော့ရှူးဝါး မတ်စ်ရဲ့ အကူအညီနဲ့ အမေရိကန်ကို ထွက်ခွာလာခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် အာဖဂန်မှ အမေရိကန်တပ်များ ဖရိုဖရဲ ဆုတ်ခွာစဉ် သမီးငယ်လေးဟာ သူတို့နဲ့အတူ ကဘူးလ်လေဆိပ်မှာ အတူရှိနေခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် သြဂုတ်နှောင်းပိုင်း အမေရိကန်ကို ပင်ပန်းနွမ်းနယ်စွာ ရောက်ရှိလာတဲ့ အာဖဂန်ဇနီးမောင်နှံတို့ကို ဂျော့ခ်ျရှူးဝါးမတ်စ်က အင်တာနေရှင်နယ်ဆိုက်ရောက်ဗီဇာနဲ့ ခေါ်ထုတ်သွားခဲ့ပြီး စစ်ဆေးရေးအရာရှိများထံ တွေ့ဆုံစေခဲ့ကြောင်း၊ အဲဒီအခါကျမှ စာရွက်စာတမ်းများမှာ သမီးငယ်လေးရဲ့ အုပ်ထ်ိန်းသူဟာ ဂျော့ခ်ျရှူဝါး ဖြစ်နေပြီး အမည်မှာလည်း သူ့ရဲ့ မျိုးရိုးအမည် “မတ်စ်” လို့ တွဲလျှက် ဖော်ပြထားတာကို အံ့အားသင့်ဖွယ် တွေ့ ရှိရကြောင်း၊ အမေရိကန်ကို ရောက်ရှိပြီး ၅-ရက်အကြာမှာ မတ်စ်က သူတို့ကို အတင်းတွန်းထိုးလဲကျစေပြီး စာရွက်စာတန်းများကို ယူဆောင်သွားခဲ့ကြောင်း၊ ဒီအတွက် ၂၀၂၂ ခုနှစ်မှာ တရားစွဲဆိုရခြင်း ဖြစ်တယ်လို့ သိရှိရပါတယ်။

ဒါပေမယ့် အများအမြင်မှာတော့ အာဖဂန်စစ်ပွဲမှာ မိဘမဲ့ဖြစ်ရရှာသူကလေးငယ်တစ်ဦး အမေရိကန် မရိန်းတပ်သားတစ်ဦးက အိမ်အရောက်ခေါ်ယူလာပုံ ပြင်းထန်ခိုင်မာတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ခရစ်ယာန်ဘာသာ သက်၀င်ယုံကြည်သူတစ်ယေက်ရဲ့ ချီးကျူးဖွယ်ဇာတ်လမ်းဖြစ်နေပါတယ်။ ဖက်ဒရယ် အစိုးရထံ ပေးပို့ထားတဲ့ စာရွက်စာတမ်းများ၊ အီးမေးလ်များနဲ့ အခြားစာရွက်စာတမ်းများပေါ်မှာ အမေရိကန်စစ်တပ်အတွင်း သူ့ရဲ့ ရာထူးအဆင့်အတန်းကို ဖော်ပြခဲ့ကြောင်း၊ ဒီအတွက် ဒေါ်နယ်ထရမ်အစိုးရ အဆင်ြ့မင့်အရာရှိများထံ ကလေးမွေးစားခွင့် အယူခံအတွက် မြို့ ငယ်တရားရုံးတကာကို လှည့်လည်ရာမှာ သမီးငယ်လေးကို မိုင်ပေါင်း ၇၀၀၀ ခန့်အဝေးမှာ ပြုစုပျိုးထောင်ပေးခဲ့သူ အာဖဂန်နစ္စတန်ဇနီးမောင်နှံတို့အတွက် မျက်စိသူငယ် နားသူငယ်ဖြစ်ကုန်ရပါတယ်။

မတ်စ်ကလည်း သူနဲ့ သူ့ဇနီးတို့ဟာ သမီးငယ်လေးရဲ့ တရား၀င်မိဘများ ဖြစ်ကြောင်း အခိုင်မာပြောဆိုထားပြီး သူတို့အပေါ် တရားစွဲဆိုမှုကို ပယ်ချပေးရန် ပြည်နယ်တရားသူကြီးထံ တောင်းဆိုထားပါတယ်။ အဲ့ဒီအချိန် ၃ နှစ်ခွဲအရွယ် သမီးငယ်လေးဟာ တရားရုံး အမှုပေါင်း လေးခုထက်မနည်းရဲ့ လောင်းကြေး အရှုပ်အထွေးမှာ ဗဟိုချက်ဖြစ်နေပါတယ်။ အမှုများဟာ အဝေးတစ်နေရာမှ ရောက်ရှိလာသူ လူငယ်အာဖဂန်ဇနီး မောင်နှံက အမေရိကန် မရိန်းတပ်ဥပဒေအရာရှိငယ်တစ်ဦးအပေါ် ထိုးနှက်ချက်ဖြစ်နေပြီး နောက်ကွယ်မှာ အိမ်ဖြူတော်နဲ့ ကဘူးလ်မှာ လက်ရှိအာဏာရ တာလီဘန်အစိုးရတို့ရဲ့ ပုံရိပ်များနဲ့ လွှမ်းမိုးနေပါတယ်။

မရိန်းတပ်အနေနဲ့ တမင်ရည်ရွယ်ချက်ရှိရှိ လွဲမှားဖော်ပြကြောင်းနဲ့ အမေရိကန်နိုင်ငံသို့ ခေါ်ဆောင်ခံရတဲ့ ကလေးငယ်များအပေါ် ကာကွယ်ရန်အတွက် အရေးကြီးအတားအဆီးများကို လှည့်ဖျားကျော်ဖြတ်သွားခဲ့တယ်လို့ တရားရေးဌာနက သုံးသပ်ပါတယ်။

သမီးငယ်လေး၊ သူ့မိသားစုနဲ့ အမေရိကန်ပြည်ထောင်စုတို့အပေါ် ကြီးမားတဲ့ ထိခိုက်နစ်နာမှုတွေ ဆက်တိုက် ဖြစ်ပေါ်နေကြောင်း ပြည်နယ်နဲ့ ကာကွယ်ရေးဌာနတာဝန်ရှိသူများက လက်မှတ်ရေးထိုးထားတဲ့ ကြေညာချက်များကို တရားရုံးစာရွက်စာတမ်းများတွင် တွေ့မြင်နေရပါတယ်။ စိတ်အနှောက်အယှက်ဖြစ်စရာအကောင်း ဆုံးကတော့ သမီးငယ်လေးဟာ မတ်စ်တို့နဲ့အတူ ယနေ့တိုင်နေ့ ရှိနေခြင်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စာရွက်စာတမ်းတွေဟာ ၂၀၁၉ ခုနှစ် အမေရိကန်တပ်များ ၀င်ရောက်စီးနင်းတိုက်ခိုက်ခံရစဉ် သေဆုံးသူများအနက်မှ အသက်ရှင်လျှက်ဆွဲထုတ်ခံခဲ့ရသူ ကလေးငယ်တစ်ဦးအပေါ် ခါးသီးစွာချုပ်နှောင်မှုအဖြစ် တံဆိပ်ကပ်ထားကြပါတယ်။ သတင်းမီဒီယာများအနေနဲ့ကတော့ အဲ့ဒီစီးနင်းတိုက်ခိုက်မှုမှာ ဂျော့ခ်ျရှူးဝါးမတ်စ် ကိုယ်တိုင် ပါ၀င်ခြင်း ရှိ-မရှိ အသတ်ခံရသူတွေဟာ ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း အနံခံရေးသားကြပါတယ်။

၂၀၁၉ ခုနှစ် စက်တင်ဘာလ ၅ရက် အေးမြလှတဲ့ ညတစ်ညမှာ ဝေးလံခေါင်ဖျား အာဖဂန်ကျေးရွာလေးတစ်ရွာကို အမေရိကန်စစ်သားများ ရောက်ရှိလာကြပါတယ်။ စိုးရွံံံစွာ အိပ်ယာ၀င်နေကြသူတို့ဟာ ပထမဆုံး ရဟတ်ယာဉ်အသံများကို ကြားရခဲ့ပါတယ်။ အဲ့ဒီနောက် သေနတ်သံများနဲ့အတူ ရွံစေးနဲ့ လိမ်းကျံထားတဲ့ တဲအိမ်ကလေး တစ်အိမ်ဟာ ပေါက်ကွဲသွားပြီး အတွင်းရှိနေသူများရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများဟာ လွင့်စင်ထွက်လာကြပါတယ်။ ပြိုလဲသွားတဲ့ တဲအိမ်အပျက်အစီးများအောက်မှာ လသားအရွယ် သမီးငယ်လေးကို အသက်ရှင်လျက်တွေ့ရှိခဲ့ရပါတယ်။

သေဆုံးသူတွေဟာ လယ်သမားမိသားစုဖြစ်ပြီး စစ်သွေးကြွများနဲ့ ပတ်သက်ဆက်နွယ်ခြင်း မရှိကြောင်း အနီးအနားနေထိုင်သူ မိတ်ဆွေများက ပြောကြပါတယ်။ ကလေးငယ်ကို ကျေးရွာက ပိုင်ဆိုင်တယ်လို့ အဲ့ဒီအချိန် အာဖဂန် အစိုးရကနဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့တို့က ကနဦး ဆုံးဖြတ်ခဲ့ပြီး နောက်ပိုင်းမှာ ဆွေမျိုးသားချင်း တော်စပ်သူများ လက်၀ယ် အပ်နှံခဲ့ပါတယ်။

အာဖဂန်နစ္စတန်မှာ ရှေ့နေအဖြစ် အချိန်ပိုင်းတာဝန်ထမ်းဆောင်နေသူ မတ်စ်ဟာ ကလေးငယ်ကို အမေရိကန် စစ်ဆေးရုံတစ်ခုမှာ တွေ့ဆုံခဲ့ပြီး အိမ်ပြန်တဲ့အခါ ခေါ်ယူသွားဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောပါတယ်။ နိုင်ငံခြားသား အယ်လ်ကိုင်ဒါတို့ကို စီးနင်းတိုက်ခိုက်စဉ် အသက်ရှင်လျှက် ကျန်ရစ်သူ ကလေးငယ်ဟာ နိုင်ငံမဲ့၊ မိဘမဲ့ဖြစ်ပြီး သူ့အနေနဲ့ တရား၀င် မွေးစားခွင့် ရှိတယ်လို့ ထုချေခဲ့ပါတယ်။ ဒါပေမဲ့ ကလေးငယ်ဟာ အာဖဂန်ဇာတိဖွား ဖြစ်ကြောင်း တရားရုံးက ဆုံးဖြတ်ပြီး ဗိုလ်မှူးဂျော့ခ်ျရှူးဝါးရဲ့ လျှောက်လဲချက်ကို ပယ်ချခဲ့ပါတယ်။

ယခုအချိန်ထိ AP သတင်းဌာန ကြည့်ရှုခွင့်ရရှိခဲ့တဲ့ စာရွက်စာတမ်းများဟာ အပေါ်ယံမျှသာဖြစ်ပြီး အများစုကို လျှို့ဝှက်အဆင့် သတ်မှတ်ထားပါတယ်။ အမေရိကန်အစိုးရရဲ့ ပါ၀င်ပတ်သက်မှုဟာ အများအမြင်မှာ ပဟေဠိ ဖြစ်နေပြီး အမှုနဲ့ ပတ်သက်လို့ လူသိရှင်ကြား ပြောဆိုခြင်း မပြုရန် တားဆီးထားကြောင်း သတင်းမှာ ဆက်လက် ဖော်ပြပါတယ်။

(AP News.,15 September 2023,” Secret records: Government says Marine’s adoption of Afghan orphan seen as abduction, must be undone ကို ‌ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

zawgyi version
အာဖဂန္မိဘမဲ့ကေလးမ်ားကို မရိန္းတပ္သားက ေမြးစားျခင္းအား ျပန္လည္႐ုပ္သိမ္းရမည္ဟု အေမရိကန္အစိုးရက စြက္ဖက္ခဲ့ေၾကာင္း လွ်ိဳ႕ဝွက္မွတ္တမ္းမ်ား ေပါက္ၾကား
Htay Oung (NP News) - စက္တင္ဘာ ၁၆

အာဖဂန္စစ္ပြဲကာလ ကေလးငယ္မ်ားကို မိဘမဲ့အျဖစ္သတ္မွတ္ၿပီး ေမြးစားခြင့္ျပဳျခင္းဟာ ႏိုင္ငံတကာဥပေဒခ်ိဳးေဖာက္မႈအျဖစ္ ကမာၻတစ္ဝွမ္းက ရႈျမင္ခံရႏိုင္တယ္လို႔ ဗာဂ်ီးနီးယားျပည္နယ္မွ တရားသူႀကီးတစ္ဦးအေပၚ အေမရိကန္အစိုးရက သတိေပးခဲ့ေၾကာင္း ျပန္လည္သုံးသပ္တဲ့ လွ်ိဳ႕ဝွက္တရား႐ုံးမွတ္တမ္းမ်ားအရ သိရွိရတယ္လို႔ AP သတင္းဌာနက ယမန္ေန႔ (စက္တင္ဘာလ ၁၅ ရက္)မွာ ေရးသားပါတယ္။

ေဒသႏၲရဆိုင္ရာ ထိန္းသိမ္းေစာင့္ေရွာက္ခြင့္ ကိစၥရပ္မ်ားမွာ ဖက္ဒရယ္အစိုးရကိုယ္တိုင္ ၀င္ေရာက္စြက္ဖက္ျခင္းမ်ိဳးဟာ ရွားရွားပါးပါးလို႔ ဆိုႏိုင္ေပမယ့္ ကေလးရဲ႕ ေနာင္ေရးနဲ႔ ပတ္သက္ၿပီး ေဒၚနယ္ထရမ့္ နဲ႔ ဘိုင္ဒင္အစိုးရလက္ထက္မ်ားတစ္ေလွ်ာက္လုံး စိုးရိမ္တႀကီးရွိခဲ့ေၾကာင္း ေပၚလြင္ေနပါတယ္။

ယခု အသက္ ၄ ႏွစ္ရွိၿပီျဖစ္တဲ့ ကေလးငယ္ကို အေမရိကန္ရွိသူ႔ရဲ႕ အာဖဂန္ေဆြမ်ိဳးသားခ်င္းမ်ားထံ ျပန္လည္အပ္ႏွံရန္၊ ပ်က္ကြက္ပါက အာဖဂန္ဒုကၡသည္မ်ား ျပန္လည္ေနရာခ်ထားေရး အေမရိကန္အစိုးရရဲ႕ ႀကိဳးပမ္းမႈမ်ားကို ထိခိုက္ေစႏိုင္ေၾကာင္း၊ ႏိုင္ငံတကာ လုံၿခဳံေရးဆိုင္ရာသေဘာတူညီခ်က္မ်ားအေပၚ ၿခိမ္းေျခာက္မႈအျဖစ္ အစၥလာမ္မစ္အစြန္းေရာက္မ်ားက ဝါဒျဖန႔္ အသုံးခ်ခံရႏိုင္ေၾကာင္း၊ ႏိုင္ငံရပ္ျခားမွာ တာ၀န္ထမ္းေဆာင္ေနတဲ့ အေမရိကန္စစ္သားမ်ားကို အႏၲရာယ္မကင္းျဖစ္ေစႏိုင္တဲ့အတြက္ တရား႐ုံးေရာက္ အဲဒီလို အမႈမ်ိဳးမွာ ၾကား၀င္ ေဆာင္႐ြက္ေနတဲ့ တရားေရးဌာနေရွ႕ေနမ်ားနဲ႔ အျခားအေမရိကန္အရာရွိတို႔ကို သတိေပးထားတယ္လို႔ ဆိုပါတယ္။

မရိန္းတပ္ ဗိုလ္မႉး ေဂ်ာ့ခ္်ရႉးဝါးမတ္စ္နဲ႔ သူ႔ရဲ႕ဇနီးတို႔ဟာ ၂၀၂၁ ခုႏွစ္ကတည္းက သူတို႔ထိန္းသိမ္းေစာင့္ေရွာက္လာခဲ့တဲ့ သမီးငယ္ေလးကို ဗာဂ်ီးနီးယားျပည္နယ္ တရား႐ုံးက ေမြးစားခြင့္လက္မွတ္ထုတ္ေပးေရး ကိစၥမွာ တရားေရးဌာနအေပၚ (အေမရိကန္အစိုးရက) ဖိအားေပး စြက္ဖက္ခဲ့ေၾကာင္း သိရွိရပါတယ္။

သူတို႔ရဲ႕ ကေလးငယ္ေလးကို အေမရိကန္ မရိန္းစစ္သားက ျပန္ေပးဆြဲခဲ့တယ္လို အာဖဂန္လူငယ္ဇနီးေမာင္ႏွံ ႏွစ္ဦးတို႔က ၂၀၂၂ ခုႏွစ္မွာ စြပ္စြဲခဲ့ပါတယ္။ မိဘႏွစ္ပါးနဲ႔ ေမြးခ်င္းငါးဦး ေသဆုံးခဲ့ရတဲ့ အေမရိကန္စစ္တပ္ရဲ႕ အာဖဂန္ စီးနင္းတိုက္ခိုက္မႈအတြင္း အပ်က္အစီးမ်ားၾကားမွ ကေလးငယ္ကို လြန္ခဲ့သည့္ ႏွစ္ႏွစ္ခန႔္မွာ မိမိတို႔ ကယ္ဆယ္ထားခဲ့ျခင္း ျဖစ္ ေၾကာင္း၊ ကဘူးလ္အေမရိကန္စစ္ေဆး႐ုံမွာ လနဲ႔ခ်ီၾကာျမင့္ၿပီးေနာက္မွာ သမီးငယ္ေလးဟာ သူ႔ရဲ႕ဝမ္းကြဲအကိုေတာ္စပ္သူ႔ ၾကင္စဦးဇနီးေမာင္ႏွံ မိမိတို႔နဲ႔အတူ ေနထိုင္လာခဲ့ေၾကာင္း၊ အဆိုပါ သမီးငယ္ေလးကို ဆက္လက္ေဆးဝါးကုသဖို႔အတြက္ မရိန္းတပ္ ဥပေဒဆိုင္ရာ အရာရွိ ေဂ်ာ့ရႉးဝါး မတ္စ္ရဲ႕ အကူအညီနဲ႔ အေမရိကန္ကို ထြက္ခြာလာျခင္းျဖစ္ေၾကာင္း၊ ၂၀၂၁ ခုႏွစ္ အာဖဂန္မွ အေမရိကန္တပ္မ်ား ဖ႐ိုဖရဲ ဆုတ္ခြာစဥ္ သမီးငယ္ေလးဟာ သူတို႔နဲ႔အတူ ကဘူးလ္ေလဆိပ္မွာ အတူရွိေနခဲ့တယ္လို႔ ဆိုပါတယ္။

၂၀၂၁ ခုႏွစ္ ၾသဂုတ္ေႏွာင္းပိုင္း အေမရိကန္ကို ပင္ပန္းႏြမ္းနယ္စြာ ေရာက္ရွိလာတဲ့ အာဖဂန္ဇနီးေမာင္ႏွံတို႔ကို ေဂ်ာ့ခ္်ရႉးဝါးမတ္စ္က အင္တာေနရွင္နယ္ဆိုက္ေရာက္ဗီဇာနဲ႔ ေခၚထုတ္သြားခဲ့ၿပီး စစ္ေဆးေရးအရာရွိမ်ားထံ ေတြ႕ဆုံေစခဲ့ေၾကာင္း၊ အဲဒီအခါက်မွ စာ႐ြက္စာတမ္းမ်ားမွာ သမီးငယ္ေလးရဲ႕ အုပ္ထ္ိန္းသူဟာ ေဂ်ာ့ခ္်ရႉဝါး ျဖစ္ေနၿပီး အမည္မွာလည္း သူ႔ရဲ႕ မ်ိဳး႐ိုးအမည္ “မတ္စ္” လို႔ တြဲလွ်က္ ေဖာ္ျပထားတာကို အံ့အားသင့္ဖြယ္ ေတြ႕ ရွိရေၾကာင္း၊ အေမရိကန္ကို ေရာက္ရွိၿပီး ၅-ရက္အၾကာမွာ မတ္စ္က သူတို႔ကို အတင္းတြန္းထိုးလဲက်ေစၿပီး စာ႐ြက္စာတန္းမ်ားကို ယူေဆာင္သြားခဲ့ေၾကာင္း၊ ဒီအတြက္ ၂၀၂၂ ခုႏွစ္မွာ တရားစြဲဆိုရျခင္း ျဖစ္တယ္လို႔ သိရွိရပါတယ္။

ဒါေပမယ့္ အမ်ားအျမင္မွာေတာ့ အာဖဂန္စစ္ပြဲမွာ မိဘမဲ့ျဖစ္ရရွာသူကေလးငယ္တစ္ဦး အေမရိကန္ မရိန္းတပ္သားတစ္ဦးက အိမ္အေရာက္ေခၚယူလာပုံ ျပင္းထန္ခိုင္မာတဲ့ စိတ္ပိုင္းျဖတ္မႈနဲ႔ ခရစ္ယာန္ဘာသာ သက္၀င္ယုံၾကည္သူတစ္ေယက္ရဲ႕ ခ်ီးက်ဴးဖြယ္ဇာတ္လမ္းျဖစ္ေနပါတယ္။ ဖက္ဒရယ္ အစိုးရထံ ေပးပို႔ထားတဲ့ စာ႐ြက္စာတမ္းမ်ား၊ အီးေမးလ္မ်ားနဲ႔ အျခားစာ႐ြက္စာတမ္းမ်ားေပၚမွာ အေမရိကန္စစ္တပ္အတြင္း သူ႔ရဲ႕ ရာထူးအဆင့္အတန္းကို ေဖာ္ျပခဲ့ေၾကာင္း၊ ဒီအတြက္ ေဒၚနယ္ထရမ္အစိုးရ အဆင္ျ့မင့္အရာရွိမ်ားထံ ကေလးေမြးစားခြင့္ အယူခံအတြက္ ၿမိဳ႕ ငယ္တရား႐ုံးတကာကို လွည့္လည္ရာမွာ သမီးငယ္ေလးကို မိုင္ေပါင္း ၇၀၀၀ ခန႔္အေဝးမွာ ျပဳစုပ်ိဳးေထာင္ေပးခဲ့သူ အာဖဂန္နစၥတန္ဇနီးေမာင္ႏွံတို႔အတြက္ မ်က္စိသူငယ္ နားသူငယ္ျဖစ္ကုန္ရပါတယ္။

မတ္စ္ကလည္း သူနဲ႔ သူ႔ဇနီးတို႔ဟာ သမီးငယ္ေလးရဲ႕ တရား၀င္မိဘမ်ား ျဖစ္ေၾကာင္း အခိုင္မာေျပာဆိုထားၿပီး သူတို႔အေပၚ တရားစြဲဆိုမႈကို ပယ္ခ်ေပးရန္ ျပည္နယ္တရားသူႀကီးထံ ေတာင္းဆိုထားပါတယ္။ အဲ့ဒီအခ်ိန္ ၃ ႏွစ္ခြဲအ႐ြယ္ သမီးငယ္ေလးဟာ တရား႐ုံး အမႈေပါင္း ေလးခုထက္မနည္းရဲ႕ ေလာင္းေၾကး အရႈပ္အေထြးမွာ ဗဟိုခ်က္ျဖစ္ေနပါတယ္။ အမႈမ်ားဟာ အေဝးတစ္ေနရာမွ ေရာက္ရွိလာသူ လူငယ္အာဖဂန္ဇနီး ေမာင္ႏွံက အေမရိကန္ မရိန္းတပ္ဥပေဒအရာရွိငယ္တစ္ဦးအေပၚ ထိုးႏွက္ခ်က္ျဖစ္ေနၿပီး ေနာက္ကြယ္မွာ အိမ္ျဖဴေတာ္နဲ႔ ကဘူးလ္မွာ လက္ရွိအာဏာရ တာလီဘန္အစိုးရတို႔ရဲ႕ ပုံရိပ္မ်ားနဲ႔ လႊမ္းမိုးေနပါတယ္။

မရိန္းတပ္အေနနဲ႔ တမင္ရည္႐ြယ္ခ်က္ရွိရွိ လြဲမွားေဖာ္ျပေၾကာင္းနဲ႔ အေမရိကန္ႏိုင္ငံသို႔ ေခၚေဆာင္ခံရတဲ့ ကေလးငယ္မ်ားအေပၚ ကာကြယ္ရန္အတြက္ အေရးႀကီးအတားအဆီးမ်ားကို လွည့္ဖ်ားေက်ာ္ျဖတ္သြားခဲ့တယ္လို႔ တရားေရးဌာနက သုံးသပ္ပါတယ္။

သမီးငယ္ေလး၊ သူ႔မိသားစုနဲ႔ အေမရိကန္ျပည္ေထာင္စုတို႔အေပၚ ႀကီးမားတဲ့ ထိခိုက္နစ္နာမႈေတြ ဆက္တိုက္ ျဖစ္ေပၚေနေၾကာင္း ျပည္နယ္နဲ႔ ကာကြယ္ေရးဌာနတာဝန္ရွိသူမ်ားက လက္မွတ္ေရးထိုးထားတဲ့ ေၾကညာခ်က္မ်ားကို တရား႐ုံးစာ႐ြက္စာတမ္းမ်ားတြင္ ေတြ႕ျမင္ေနရပါတယ္။ စိတ္အေႏွာက္အယွက္ျဖစ္စရာအေကာင္း ဆုံးကေတာ့ သမီးငယ္ေလးဟာ မတ္စ္တို႔နဲ႔အတူ ယေန႔တိုင္ေန႔ ရွိေနျခင္းပဲ ျဖစ္တယ္လို႔ ဆိုပါတယ္။

စာ႐ြက္စာတမ္းေတြဟာ ၂၀၁၉ ခုႏွစ္ အေမရိကန္တပ္မ်ား ၀င္ေရာက္စီးနင္းတိုက္ခိုက္ခံရစဥ္ ေသဆုံးသူမ်ားအနက္မွ အသက္ရွင္လွ်က္ဆြဲထုတ္ခံခဲ့ရသူ ကေလးငယ္တစ္ဦးအေပၚ ခါးသီးစြာခ်ဳပ္ေႏွာင္မႈအျဖစ္ တံဆိပ္ကပ္ထားၾကပါတယ္။ သတင္းမီဒီယာမ်ားအေနနဲ႔ကေတာ့ အဲ့ဒီစီးနင္းတိုက္ခိုက္မႈမွာ ေဂ်ာ့ခ္်ရႉးဝါးမတ္စ္ ကိုယ္တိုင္ ပါ၀င္ျခင္း ရွိ-မရွိ အသတ္ခံရသူေတြဟာ ဘယ္သူ ဘယ္ဝါျဖစ္ေၾကာင္း အနံခံေရးသားၾကပါတယ္။

၂၀၁၉ ခုႏွစ္ စက္တင္ဘာလ ၅ရက္ ေအးျမလွတဲ့ ညတစ္ညမွာ ေဝးလံေခါင္ဖ်ား အာဖဂန္ေက်း႐ြာေလးတစ္႐ြာကို အေမရိကန္စစ္သားမ်ား ေရာက္ရွိလာၾကပါတယ္။ စိုး႐ြံံံစြာ အိပ္ယာ၀င္ေနၾကသူတို႔ဟာ ပထမဆုံး ရဟတ္ယာဥ္အသံမ်ားကို ၾကားရခဲ့ပါတယ္။ အဲ့ဒီေနာက္ ေသနတ္သံမ်ားနဲ႔အတူ ႐ြံေစးနဲ႔ လိမ္းက်ံထားတဲ့ တဲအိမ္ကေလး တစ္အိမ္ဟာ ေပါက္ကြဲသြားၿပီး အတြင္းရွိေနသူမ်ားရဲ႕ ခႏၶာကိုယ္အစိတ္အပိုင္းမ်ားဟာ လြင့္စင္ထြက္လာၾကပါတယ္။ ၿပိဳလဲသြားတဲ့ တဲအိမ္အပ်က္အစီးမ်ားေအာက္မွာ လသားအ႐ြယ္ သမီးငယ္ေလးကို အသက္ရွင္လ်က္ေတြ႕ရွိခဲ့ရပါတယ္။

ေသဆုံးသူေတြဟာ လယ္သမားမိသားစုျဖစ္ၿပီး စစ္ေသြးႂကြမ်ားနဲ႔ ပတ္သက္ဆက္ႏြယ္ျခင္း မရွိေၾကာင္း အနီးအနားေနထိုင္သူ မိတ္ေဆြမ်ားက ေျပာၾကပါတယ္။ ကေလးငယ္ကို ေက်း႐ြာက ပိုင္ဆိုင္တယ္လို႔ အဲ့ဒီအခ်ိန္ အာဖဂန္ အစိုးရကနဲ႔ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီအဖြဲ႕တို႔က ကနဦး ဆုံးျဖတ္ခဲ့ၿပီး ေနာက္ပိုင္းမွာ ေဆြမ်ိဳးသားခ်င္း ေတာ္စပ္သူမ်ား လက္၀ယ္ အပ္ႏွံခဲ့ပါတယ္။

အာဖဂန္နစၥတန္မွာ ေရွ႕ေနအျဖစ္ အခ်ိန္ပိုင္းတာဝန္ထမ္းေဆာင္ေနသူ မတ္စ္ဟာ ကေလးငယ္ကို အေမရိကန္ စစ္ေဆး႐ုံတစ္ခုမွာ ေတြ႕ဆုံခဲ့ၿပီး အိမ္ျပန္တဲ့အခါ ေခၚယူသြားဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ ေျပာပါတယ္။ ႏိုင္ငံျခားသား အယ္လ္ကိုင္ဒါတို႔ကို စီးနင္းတိုက္ခိုက္စဥ္ အသက္ရွင္လွ်က္ က်န္ရစ္သူ ကေလးငယ္ဟာ ႏိုင္ငံမဲ့၊ မိဘမဲ့ျဖစ္ၿပီး သူ႔အေနနဲ႔ တရား၀င္ ေမြးစားခြင့္ ရွိတယ္လို႔ ထုေခ်ခဲ့ပါတယ္။ ဒါေပမဲ့ ကေလးငယ္ဟာ အာဖဂန္ဇာတိဖြား ျဖစ္ေၾကာင္း တရား႐ုံးက ဆုံးျဖတ္ၿပီး ဗိုလ္မႉးေဂ်ာ့ခ္်ရႉးဝါးရဲ႕ ေလွ်ာက္လဲခ်က္ကို ပယ္ခ်ခဲ့ပါတယ္။

ယခုအခ်ိန္ထိ AP သတင္းဌာန ၾကည့္ရႈခြင့္ရရွိခဲ့တဲ့ စာ႐ြက္စာတမ္းမ်ားဟာ အေပၚယံမွ်သာျဖစ္ၿပီး အမ်ားစုကို လွ်ိဳ႕ဝွက္အဆင့္ သတ္မွတ္ထားပါတယ္။ အေမရိကန္အစိုးရရဲ႕ ပါ၀င္ပတ္သက္မႈဟာ အမ်ားအျမင္မွာ ပေဟဠိ ျဖစ္ေနၿပီး အမႈနဲ႔ ပတ္သက္လို႔ လူသိရွင္ၾကား ေျပာဆိုျခင္း မျပဳရန္ တားဆီးထားေၾကာင္း သတင္းမွာ ဆက္လက္ ေဖာ္ျပပါတယ္။

(AP News.,15 September 2023,” Secret records: Government says Marine’s adoption of Afghan orphan seen as abduction, must be undone ကို ‌ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုသည္။)

Picture

L Mone

17/09/2023 11:53

လူကုန်ကူးမှူ့အများဆုံးနိုင်ငံကအမေရိကန်ပါပဲ

Related news

© 2021. All rights reserved.