ချမ်းအေးသာဇံမြို့နယ်ရှိ မြဝတီဘဏ်အား အကြမ်းဖက်သမား(၂)ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်

2506
Pearl (NP News) - စက်တင်ဘာ ၁၇
မန္တလေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ်ရှိ မြဝတီဘဏ်အား အကြမ်းဖက်သမား(၂)ဦးက လက် ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက NP News ကို ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်)၊ နေ့လည်ပိုင်းတွင် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၈၁ လမ်း၊ ၂၆ လမ်း နှင့် ၂၇လမ်းကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ၈၁ လမ်း၊ ၂၆ လမ်းနှင့် ၂၇လမ်းကြားရှိ မြဝတီဘဏ်အနီးသို့ အမျိုးသား(၂)ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး အဆိုပါဘဏ်အား လက်ပစ်ဗုံး (၁)လုံးဖြင့် ပစ်ပေါက် ၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
လက်ပစ်ဗုံးသည် ဘဏ်ရှေ့ လူသွားပလက်ဖောင်းအနီးရှိ လျှပ်စစ်ဓာတ်တိုင်အနီး၌ ကျရောက်ပေါက်ကွဲခဲ့သော်လည်း လူနှင့်အဆောက်အဦး ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
အဆိုပါ မြဝတီဘဏ်အား No More Dictatorship People Defense Force အဖွဲ့က ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ (စက်တင်ဘာလ ၁၇ရက်)၊ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လ(၂၁)ရက်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၂)ရပ်ကွက်၊ ၆၈ လမ်း၊ ၁၀၁(A)လမ်း နှင့် ၁၀၁(B)လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီးရသုံးမှန်းခြေငွေ စာရင်းဦးစီးဌာနရုံကို အကြမ်းဖက်အဖွဲ့မှ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားဖူးသည်။

zawgyi version
ခ်မ္းေအးသာဇံၿမိဳ႕နယ္ရွိ ျမဝတီဘဏ္အား အၾကမ္းဖက္သမား(၂)ဦးက လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္တိုက္ခိုက္
Pearl (NP News) - စက္တင္ဘာ ၁၇
မႏၲေလးတိုင္း၊ ခ်မ္းေအးသာဇံၿမိဳ႕နယ္ရွိ ျမဝတီဘဏ္အား အၾကမ္းဖက္သမား(၂)ဦးက လက္ ပစ္ဗုံးျဖင့္ ပစ္ေပါက္တိုက္ခိုက္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူတစ္ဦးက NP News ကို ေျပာသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (စက္တင္ဘာလ ၁၆ ရက္)၊ ေန႔လည္ပိုင္းတြင္ မႏၲေလးၿမိဳ႕၊ ခ်မ္းေအးသာဇံၿမိဳ႕နယ္၊ ၈၁ လမ္း၊ ၂၆ လမ္း ႏွင့္ ၂၇လမ္းၾကားတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါ ၈၁ လမ္း၊ ၂၆ လမ္းႏွင့္ ၂၇လမ္းၾကားရွိ ျမဝတီဘဏ္အနီးသို႔ အမ်ိဳးသား(၂)ဦးသည္ ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္ရွိလာၿပီး အဆိုပါဘဏ္အား လက္ပစ္ဗုံး (၁)လုံးျဖင့္ ပစ္ေပါက္ ၍ ေမာင္းႏွင္ထြက္ေျပးသြားခဲ့ေၾကာင္း သိရသည္။
လက္ပစ္ဗုံးသည္ ဘဏ္ေရွ႕ လူသြားပလက္ေဖာင္းအနီးရွိ လွ်ပ္စစ္ဓာတ္တိုင္အနီး၌ က်ေရာက္ေပါက္ကြဲခဲ့ေသာ္လည္း လူႏွင့္အေဆာက္အဦး ထိခိုက္ပ်က္စီးမႈမရွိေၾကာင္း သိရသည္။
အဆိုပါ ျမဝတီဘဏ္အား No More Dictatorship People Defense Force အဖြဲ႕က ပစ္ ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ယေန႔ (စက္တင္ဘာလ ၁၇ရက္)၊ နံနက္ပိုင္းတြင္ ထုတ္ျပန္ထားသည္ကို ေတြ႕ရသည္။
အလားတူ ၿပီးခဲ့သည့္ ဩဂုတ္လ(၂၁)ရက္တြင္ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္(၂)ရပ္ကြက္၊ ၆၈ လမ္း၊ ၁၀၁(A)လမ္း ႏွင့္ ၁၀၁(B)လမ္းၾကားရွိ မႏၲေလးတိုင္းေဒသႀကီးရသုံးမွန္းေျခေငြ စာရင္းဦးစီးဌာန႐ုံကို အၾကမ္းဖက္အဖြဲ႕မွ လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္တိုက္ခိုက္ခဲ့သည့္ ျဖစ္စဥ္ ျဖစ္ပြားဖူးသည္။