ကမ္ဘာမှာ ကိုလိုနီပြုကျင့်ခြင်း၊ ကျွန်ပြုခဲ့ခြင်းတွေနဲ့ပတ်သက်ပြီး ဘယ်နိုင်ငံမှတာဝန်ယူခြင်း၊တာဝန်ခံခြင်းမျိုး မရှိသေးကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဝေဖန်

 2500

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ

အတိတ်တုန်းက ကမ္ဘာမှာကိုလိုနီပြုကျင့်ခြင်း၊ ကျွန်ပြုခဲ့ခြင်းတွေနဲ့ပတ်သက်ပြီး တာဝန်ယူခြင်း၊ တာဝန်ခံခြင်းရှိတဲ့ နိုင်ငံမျိုး မရှိသေးကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အာဖရိကတိုက်ရှိ မျိုးနွယ်များအပေါ် ကျွန်ပြုခြင်း၊ ကိုလိုနီပြုကျင့်ခြင်းတွေအတွက် ဘဏ္ဍာရေးအရ လျော်ကြေးပေးခြင်းအပါအဝင် အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်ပေးဖို့ အကြံပေးလိုကြောင်း ဂူတာရက်စ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကိုလိုနီပြုကျင့်ခံရတဲ့နိုင်ငံတွေ၊ ကျွန်အဖြစ် ခိုင်းစေခံရမှုတွေဟာ လက်ရှိအချိန်မှာ ကုန်ဆုံးသွားပေမယ့် ကျွန်အဖြစ် ပြုခံရသူတွေဟာ ၎င်းတို့ရင်ဆိုင်ရတဲ့အခက်အခဲများအတွက် အကြွေးများရစရာရှိနေဆဲဖြစ်ကြောင်း ဂူတာရက်စ်က ပြောပါတယ်။

ဂူတာရက်စ်က "အာဖရိတိုက်မှာ လူပေါင်း သန်း ၃၀ လောက် အကြမ်းဖက်ခံရတာတွေ၊ ကျွန်အဖြစ်ခိုင်းစေခံရတာတွေရှိခဲ့တယ်။ ဒါပေမယ့် အဲဒီလုပ်ရပ်တွေနဲ့ပတ်သက်ပြီး တာဝန်ယူတဲ့ နိုင်ငံမရှိသေးဘူး။ အဲဒီလိုမျိုးကျွန်ပြုခဲ့ခြင်းနဲ့ ပတ်သက်ပြီး ကျွန်ပြုခံရသူတွေအတွက် ဖြေရှင်းကူညီတာတွေ လုပ်ဆောင်ပေးသင့်တယ်"လို့ပြောပါတယ်။

အာဖရိက နဲ့ ကာရစ်ဘီယံဒေသအစိုးရတွေနဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ၎င်းတို့ရဲ့နိုင်ငံတွေ၊ ကိုလိုနီအဖြစ် သိမ်း ပိုက်ခံရခြင်းတွေ၊ ကျွန်ပြုခံရခြင်းတွေနဲ့ပတ်သက်ပြီး တာဝန်ယူခြင်း၊ တာဝန်ခံခြင်းရှိဖို့ ဆယ်စုနှစ်ချီတောင်းဆိုမှုတွေရှိခဲ့ကြောင်းသိရပါတယ်။

ဂျမေကာအစိုးရ တာဝန်ရှိသူတစ်ဦးက ၎င်းတို့ဟာ ကျွန်ပြုခံရခြင်းတွေနဲ့ပတ်သက်ပြီး ဗြိတိန်အစိုးရထံကနေ အမေရိကန်ဒေါ်လာ (၁၀ ဒသမ ၄)ဘီလျံလျော်ကြေးတောင်းခံထားကြောင်းဆိုပါတယ်။ ဗြိတိန် နဲ့ စပိန်နိုင်ငံတွေဟာ အာဖရိကတိုက်လူမျိုးတွေကို စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ လူချမ်းသာတွေရဲ့အိမ်မှာအစေခံအဖြစ် ခိုင်းစေမှုတွေရှိခဲ့ကြောင်းသိရပါတယ်။ ဘရာဇီးသမ္မတက ကိုလိုနီအဖြစ် သိမ်းပိုက်ခံရချိန်နဲ့ ကျွန်ပြုခံရချိန်ကာလအတွင်း အဲဒီနိုင်ငံသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုများစွာလျော့ကျခဲ့ပြီး အာဖရိကနိုင်ငံတွေကို စက်မှု၊ စိုက်ပျိုးရေး နဲ့ နည်းပညာပိုင်းဆိုင်ရာ လိုအပ်တာတွေ ကူညီပေးမယ်လို့ ဇူလိုင်လတုန်းက ပြောခဲ့ဖူးပါတယ်။

ဂူတာရက်စ်က ကမ္ဘာ့နိုင်ငံတွေဟာ လက်ရှိအချိန်မှာအတိတ်တုန်းက ကျွန်ပြုခံရတာတွေနဲ့ပတ်သက်ပြီး လျော်ကြေးနစ်ကြေးပေးဖို့ တောင်းဆိုနေတဲ့နိုင်ငံတွေအတွက် သီးခြားသတ်မှတ်မှုတွေရှိရတော့မှာဖြစ်ကြောင်း ပြောပါတယ်။

zawgyi version
ကမာၻမွာ ကိုလိုနီျပဳက်င့္ျခင္း၊ ကြၽန္ျပဳခဲ့ျခင္းေတြနဲ႔ပတ္သက္ၿပီး ဘယ္ႏိုင္ငံမွတာဝန္ယူျခင္း၊တာဝန္ခံျခင္းမ်ိဳး မရွိေသးေၾကာင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ေဝဖန္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂ဝ

အတိတ္တုန္းက ကမာၻမွာကိုလိုနီျပဳက်င့္ျခင္း၊ ကြၽန္ျပဳခဲ့ျခင္းေတြနဲ႔ပတ္သက္ၿပီး တာဝန္ယူျခင္း၊ တာဝန္ခံျခင္းရွိတဲ့ ႏိုင္ငံမ်ိဳး မရွိေသးေၾကာင္း ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ ဂူတာရက္စ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အာဖရိကတိုက္ရွိ မ်ိဳးႏြယ္မ်ားအေပၚ ကြၽန္ျပဳျခင္း၊ ကိုလိုနီျပဳက်င့္ျခင္းေတြအတြက္ ဘ႑ာေရးအရ ေလ်ာ္ေၾကးေပးျခင္းအပါအဝင္ အတိုင္းအတာတစ္ခုအထိ ေဆာင္႐ြက္ေပးဖို႔ အႀကံေပးလိုေၾကာင္း ဂူတာရက္စ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ကိုလိုနီျပဳက်င့္ခံရတဲ့ႏိုင္ငံေတြ၊ ကြၽန္အျဖစ္ ခိုင္းေစခံရမႈေတြဟာ လက္ရွိအခ်ိန္မွာ ကုန္ဆုံးသြားေပမယ့္ ကြၽန္အျဖစ္ ျပဳခံရသူေတြဟာ ၎တို႔ရင္ဆိုင္ရတဲ့အခက္အခဲမ်ားအတြက္ အေႂကြးမ်ားရစရာရွိေနဆဲျဖစ္ေၾကာင္း ဂူတာရက္စ္က ေျပာပါတယ္။

ဂူတာရက္စ္က "အာဖရိတိုက္မွာ လူေပါင္း သန္း ၃၀ ေလာက္ အၾကမ္းဖက္ခံရတာေတြ၊ ကြၽန္အျဖစ္ခိုင္းေစခံရတာေတြရွိခဲ့တယ္။ ဒါေပမယ့္ အဲဒီလုပ္ရပ္ေတြနဲ႔ပတ္သက္ၿပီး တာဝန္ယူတဲ့ ႏိုင္ငံမရွိေသးဘူး။ အဲဒီလိုမ်ိဳးကြၽန္ျပဳခဲ့ျခင္းနဲ႔ ပတ္သက္ၿပီး ကြၽန္ျပဳခံရသူေတြအတြက္ ေျဖရွင္းကူညီတာေတြ လုပ္ေဆာင္ေပးသင့္တယ္"လို႔ေျပာပါတယ္။

အာဖရိက နဲ႔ ကာရစ္ဘီယံေဒသအစိုးရေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြဟာ ၎တို႔ရဲ႕ႏိုင္ငံေတြ၊ ကိုလိုနီအျဖစ္ သိမ္း ပိုက္ခံရျခင္းေတြ၊ ကြၽန္ျပဳခံရျခင္းေတြနဲ႔ပတ္သက္ၿပီး တာဝန္ယူျခင္း၊ တာဝန္ခံျခင္းရွိဖို႔ ဆယ္စုႏွစ္ခ်ီေတာင္းဆိုမႈေတြရွိခဲ့ေၾကာင္းသိရပါတယ္။

ဂ်ေမကာအစိုးရ တာဝန္ရွိသူတစ္ဦးက ၎တို႔ဟာ ကြၽန္ျပဳခံရျခင္းေတြနဲ႔ပတ္သက္ၿပီး ၿဗိတိန္အစိုးရထံကေန အေမရိကန္ေဒၚလာ (၁၀ ဒသမ ၄)ဘီလ်ံေလ်ာ္ေၾကးေတာင္းခံထားေၾကာင္းဆိုပါတယ္။ ၿဗိတိန္ နဲ႔ စပိန္ႏိုင္ငံေတြဟာ အာဖရိကတိုက္လူမ်ိဳးေတြကို စိုက္ပ်ိဳးေရးလုပ္ငန္းေတြနဲ႔ လူခ်မ္းသာေတြရဲ႕အိမ္မွာအေစခံအျဖစ္ ခိုင္းေစမႈေတြရွိခဲ့ေၾကာင္းသိရပါတယ္။ ဘရာဇီးသမၼတက ကိုလိုနီအျဖစ္ သိမ္းပိုက္ခံရခ်ိန္နဲ႔ ကြၽန္ျပဳခံရခ်ိန္ကာလအတြင္း အဲဒီႏိုင္ငံသားေတြရဲ႕ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားစြာေလ်ာ့က်ခဲ့ၿပီး အာဖရိကႏိုင္ငံေတြကို စက္မႈ၊ စိုက္ပ်ိဳးေရး နဲ႔ နည္းပညာပိုင္းဆိုင္ရာ လိုအပ္တာေတြ ကူညီေပးမယ္လို႔ ဇူလိုင္လတုန္းက ေျပာခဲ့ဖူးပါတယ္။

ဂူတာရက္စ္က ကမာၻ႔ႏိုင္ငံေတြဟာ လက္ရွိအခ်ိန္မွာအတိတ္တုန္းက ကြၽန္ျပဳခံရတာေတြနဲ႔ပတ္သက္ၿပီး ေလ်ာ္ေၾကးနစ္ေၾကးေပးဖို႔ ေတာင္းဆိုေနတဲ့ႏိုင္ငံေတြအတြက္ သီးျခားသတ္မွတ္မႈေတြရွိရေတာ့မွာျဖစ္ေၾကာင္း ေျပာပါတယ္။

Related news

© 2021. All rights reserved.