ယူနက်စကိုက အာဂျင်တီးနားရဲ့ သမိုင်းဝင် ညှဉ်းပန်းနှိပ်စက်မှုအဆောက်အဦးကို ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြု

1010

ရောင်နီ (NP News) - စက်တင်ဘာ ၂၁
အာဂျင်တီးနားနိုင်ငံရဲ့ လျှို့ဝှက်ထိန်းသိမ်းရေးစခန်းလည်းဖြစ်တဲ့ ရေတပ်မက္ကင်းနစ်ကျောင်း (ESMA) ကို ကုလသမဂ္ဂ ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် ယူနက်စကိုက သတ်မှတ်ခဲ့ပါတယ်။
"ရေတပ်မက္ကင်းနစ်ကျောင်းမှာ နိုင်ငံတော်ရဲ့အဆိုးဆုံးအကြမ်းဖက်ဝါဒကဏ္ဍတွေ ပြုလုပ်ခဲ့တယ်” လို့ သမ္မတ အယ်လ်ဘက်တိုဖာနန်ဒက်ဇ် က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ဘယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) ကို အင်္ဂါနေ့ (စက်တင်ဘာ ၁၉ ရက်) က ဗီဒီယိုမက်ဆေ့ခ်ျနဲ့ ပြောကြားခဲ့ပါတယ်။
ESMA ကို အမွေအနှစ်နေရာအဖြစ် သတ်မှတ်ပေးတဲ့အတွက်လည်း ယူနက်စကို ကို ကျေးဇူးတင်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
၁၉၇၆ ခုနှစ်ကာလက စစ်အုပ်စုတစ်စုက သမ္မတ အစ်စဘယ်ပီရွန်ကို ဖြုတ်ချခဲ့ပြီး ၁၉၈၃ ခုနှစ်အထိ ရှည်လျားတဲ့ အာဏာရှင်ခေတ်ကို ဖန်တီးခဲ့ပါတယ်။ ၎င်းရဲ့ဦးဆောင်မှုအောက်မှာ စစ်တပ်ခေါင်းဆောင်တွေက ၎င်းတို့နဲ့သဘောထားကွဲလွဲသူတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ လက်ဝဲနိုင်ငံရေး အမြင်တွေကို ဖယ်ရှားဖို့ ကြိုးပမ်းခဲ့တာကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ပါတယ်။
လူပေါင်း ၃ဝဝဝဝ လောက် အဲဒီအဆောက်အဦးမှာ အသက်ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ ၎င်းဟာ မြို့တော် ဘရူနိုအေးရိစ်မှာ တည်ရှိပြီး အာဂျင်တီးနားရဲ့အကြီးဆုံးအဆောက်အအုံတွေထဲက တစ်ခုဖြစ်လာပါတယ်။
ESMA ဟာ ညှဉ်းပန်းနှိပ်စက်တဲ့နေရာအဖြစ်ပြောင်းလဲခဲ့ပြီး အဲဒီမှာ အကျဉ်းကျနေတဲ့ ကိုယ်ဝန်ဆောင် အကျဉ်းသားတွေဟာ ကလေးမွေးပြီးတာနဲ့ ၎င်းတို့ရဲ့ကလေးတွေကို ယူဆောင်သွားပြီး အာဏာရှင်စနစ်နဲ့ လိုက်လျောညီထွေရှိတဲ့မိသားစုတွေက မွေးစားလေ့ရှိတယ်လို့ သိရပါတယ်။
ဆယ်စုနှစ်များစွာကြာပြီးနောက်၊ ၂ဝဝ၇ ခုနှစ်မှာ ESMA ကို အောက်မေ့ဖွယ်နေရာတစ်ခုအဖြစ် ပြန်လည်ပုံဖော်ခဲ့ပြီး ၎င်းရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်း နောင်လနောက်သားတွေ သိရအောင် လူသိရှင်ကြားပြောပြသဖို့ ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။
အခု ESMA ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းမှာ ထည့်သွင်းခြင်းဟာ အာဂျင်တီးနားမှာ ရှိခဲ့တဲ့ အာဏာရှင်စနစ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ကမ္ဘာတစ်ဝန်းက နောင်လာနောက်သားတွေသိအောင် ဖော်ပြနေပါတယ်။

Zawgyi Version;
ယူနက္စကိုက အာဂ်င္တီးနားရဲ႕ သမိုင္းဝင္ ညႇဥ္းပန္းႏွိပ္စက္မႈအေဆာက္အဦးကို ကမာၻ႔အေမြအႏွစ္ေနရာအျဖစ္ အသိအမွတ္ျပဳ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၁
အာဂ်င္တီးနားႏိုင္ငံရဲ႕ လွ်ိဳ႕ဝွက္ထိန္းသိမ္းေရးစခန္းလည္းျဖစ္တဲ့ ေရတပ္မကၠင္းနစ္ေက်ာင္း (ESMA) ကို ကုလသမဂၢ ကမာၻ႔အေမြအႏွစ္ေနရာအျဖစ္ ယူနက္စကိုက သတ္မွတ္ခဲ့ပါတယ္။
"ေရတပ္မကၠင္းနစ္ေက်ာင္းမွာ ႏိုင္ငံေတာ္ရဲ႕အဆိုးဆုံးအၾကမ္းဖက္ဝါဒက႑ေတြ ျပဳလုပ္ခဲ့တယ္” လို႔ သမၼတ အယ္လ္ဘက္တိုဖာနန္ဒက္ဇ္ က ကုလသမဂၢ ပညာေရး၊ သိပၸံနဲ႔ဘယဥ္ေက်းမႈအဖြဲ႕ (ယူနက္စကို) ကို အဂၤါေန႔ (စက္တင္ဘာ ၁၉ ရက္) က ဗီဒီယိုမက္ေဆ့ခ္်နဲ႔ ေျပာၾကားခဲ့ပါတယ္။
ESMA ကို အေမြအႏွစ္ေနရာအျဖစ္ သတ္မွတ္ေပးတဲ့အတြက္လည္း ယူနက္စကို ကို ေက်းဇူးတင္ရွိေၾကာင္း ၎က ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။
၁၉၇၆ ခုႏွစ္ကာလက စစ္အုပ္စုတစ္စုက သမၼတ အစ္စဘယ္ပီ႐ြန္ကို ျဖဳတ္ခ်ခဲ့ၿပီး ၁၉၈၃ ခုႏွစ္အထိ ရွည္လ်ားတဲ့ အာဏာရွင္ေခတ္ကို ဖန္တီးခဲ့ပါတယ္။ ၎ရဲ႕ဦးေဆာင္မႈေအာက္မွာ စစ္တပ္ေခါင္းေဆာင္ေတြက ၎တို႔နဲ႔သေဘာထားကြဲလြဲသူေတြ၊ တက္ႂကြလႈပ္ရွားသူေတြနဲ႔ လက္ဝဲႏိုင္ငံေရး အျမင္ေတြကို ဖယ္ရွားဖို႔ ႀကိဳးပမ္းခဲ့တာေၾကာင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ပြားခဲ့ပါတယ္။
လူေပါင္း ၃ဝဝဝဝ ေလာက္ အဲဒီအေဆာက္အဦးမွာ အသက္ဆုံးရႈံးခဲ့တယ္လို႔ ခန္႔မွန္းရပါတယ္။ ၎ဟာ ၿမိဳ႕ေတာ္ ဘ႐ူႏိုေအးရိစ္မွာ တည္ရွိၿပီး အာဂ်င္တီးနားရဲ႕အႀကီးဆုံးအေဆာက္အအုံေတြထဲက တစ္ခုျဖစ္လာပါတယ္။
ESMA ဟာ ညႇဥ္းပန္းႏွိပ္စက္တဲ့ေနရာအျဖစ္ေျပာင္းလဲခဲ့ၿပီး အဲဒီမွာ အက်ဥ္းက်ေနတဲ့ ကိုယ္ဝန္ေဆာင္ အက်ဥ္းသားေတြဟာ ကေလးေမြးၿပီးတာနဲ႔ ၎တို႔ရဲ႕ကေလးေတြကို ယူေဆာင္သြားၿပီး အာဏာရွင္စနစ္နဲ႔ လိုက္ေလ်ာညီေထြရွိတဲ့မိသားစုေတြက ေမြးစားေလ့ရွိတယ္လို႔ သိရပါတယ္။
ဆယ္စုႏွစ္မ်ားစြာၾကာၿပီးေနာက္၊ ၂ဝဝ၇ ခုႏွစ္မွာ ESMA ကို ေအာက္ေမ့ဖြယ္ေနရာတစ္ခုအျဖစ္ ျပန္လည္ပုံေဖာ္ခဲ့ၿပီး ၎ရဲ႕လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြအေၾကာင္း ေနာင္လေနာက္သားေတြ သိရေအာင္ လူသိရွင္ၾကားေျပာျပသဖို႔ ျပန္လည္ဖြင့္လွစ္ခဲ့ပါတယ္။
အခု ESMA ရဲ႕ ကမာၻ႔အေမြအႏွစ္စာရင္းမွာ ထည့္သြင္းျခင္းဟာ အာဂ်င္တီးနားမွာ ရွိခဲ့တဲ့ အာဏာရွင္စနစ္ရဲ႕ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ကမာၻတစ္ဝန္းက ေနာင္လာေနာက္သားေတြသိေအာင္ ေဖာ္ျပေနပါတယ္။